သားသမီးရတနာ ဆိုတာကတော့ ဘုရား ပေးသရွေ့ပါပဲ မင်းဦး

0
149

Min-Ooသရုပ်ဆောင် မင်းဦးနဲ့ မခိုင်ဝေသူ တို့ရဲ့ အိမ်ထောင်သက်က ၈ လရှိ ပြီဖြစ် ပါတယ်။ အိမ်ထောင်ပြုပြီး ချိန်မှာလည်း အနုပညာ အလုပ်တွေ   ဆက်လက်လုပ် ကိုင်ရင်း သာယာတဲ့ မိသားစု ဘဝကို တည်ထောင်နေတဲ့ မင်းဦးကို ပရိသတ်တွေ သိချင်နေကြတဲ့ မိသားစု ဝင်   အသစ်အကြောင်း မေးမြန်းတော့…      “အစ်ကိုက အသက်အရွယ်ရ လာပြီ ဆိုတော့ ဘုရားပေးသရွေ့ပါပဲ။ ကလေး ရရင်တော့ ယူမှာ ပါ။ တကယ်လို့ သားသမီး မရဘူးဆိုလည်း   မတတ် နိုင်ဘူးပေါ့။ အစ်ကိုက ကိုယ်တိုင် တည်ထောင်ထားတဲ့ မိသားစုလေးကို အကောင်းဆုံးဖြစ်အောင်၊ စိတ် အချမ်းသာဆုံးဖြစ်အောင်   ကြိုးစား စောင့် ရှောက်သွားမှာပါ။ ဒီလိုပဲ အစ်ကို ခံယူထားပါတယ်”လို့ မင်းဦးက ပြောပြပါတယ်။

အနုပညာပိုင်းမှာတော့ မင်းဦးက မကြာမီ ရုံတင်ပြသတော့မယ့် “သူငယ်” ရုပ်ရှင် ဇာတ်ကားမှာလည်း စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗိုလ်၊   ခိုင်သင်းကြည်၊ ရန်အောင်၊ ရဲအောင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ် ကားမှာ မင်းဦးက စိုး မြတ်သူဇာရဲ့ ချစ်သူ လူပျိုကြီး   ဆရာဝန်ငွေလရောင် အဖြစ် မြင်တွေ့ရမှာပါ။ ဝါရင့် သရုပ်ဆောင် တစ်ဦး အနေနဲ့ နောက်ပိုင်းမှာ ဇာတ် ကား ကောင်းလေးတွေ ကိုပဲ   ရိုက်ကူးချင်မိတယ် လို့ မင်းဦးက ပြောပြပါတယ်။

“သူငယ် ဇာတ်ကားမှာတော့ အစ်ကိုတို့က အခန်းသိပ်မပါ ဘူး။ မင်းသား သစ်လေး ကျော်ထက်အောင်ကို ပံ့ပိုးပေးတာပေါ့။ ဒီဇာတ်ကား မှာ   အစ်ကိုက အမေ စကားကို တအား နားထောင်တဲ့ ဆရာဝန်နေရာကပါ။ အစ်ကိုတို့လည်း သရုပ်ဆောင် လုပ်လာတာ အနုပညာ   သက်တမ်း လည်း ၂၅ နှစ်ကျော် ပါပြီ။ ကိုယ့်အသက်အရွယ် နဲ့လိုက်ဖက်တဲ့ ကားလေးတွေ၊ ဇာတ်လမ်းကောင်းလေး တွေကိုပဲ   ရိုက်ကူးချင် တယ်။ တကယ်ဆို အစ်ကို တို့က အရွေးချယ်ခံရတာပါ။ ဒါပေမဲ့လည်း ဒီလို အရွေးချယ် ခံရတာလေးပေါ်မှာ ကျရာနေရာ ကနေ   အကောင်းဆုံး ကြိုးစားတယ်။ ဒါရိုက်တာ တွေလည်း အစ်ကိုတို့အပေါ်မှာ  နားလည် လာပြီး ကိုယ်နဲ့ လိုက်ဖက်တာလေးတွေပဲ   လာ ကမ်းလှမ်းပါတယ်။ အခု နောက်ပိုင်း ဇာတ်ကောင်းကောင်းလေးတွေ များလာပါပြီ” လို့ မင်းဦးက ပြောပါတယ်။  မင်းဦးက လက်ရှိ ရုပ်သံလိုင်း တစ်ခုမှာ ထုတ်လွှင့်ပြသနေတဲ့ “ဆုံစည်းခြင်း မိုးတိမ်” ဇာတ်လမ်းတွဲ မှာလည်း   ပါဝင်သရုပ်ဆောင် ထားပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here