ကဗျာစာအုပ် ထွက်ရှိဖို့ မသေချာတော့ပေမယ့် တစ်ကိုယ်တော် စီးရီးခွေကို မကြာခင် ထွက်ရှိမယ့် ပိုပို

0
298

Po-Poကဗျာတွေကို ချစ်မြတ်နိုးသူ၊ ကဗျာဆရာတွေ အပေါ် လေး စား ချစ်ခင်စိတ်ရှိသူ အဆိုတော် ပိုပိုတစ်ယောက် အခုလတ် တလော   ရက် သတ္တပတ် အတွင်းမှာ ကဗျာနဲ့ ပတ်သက်လို့ ပြဿနာ လေးတွေ အနည်းငယ်ရှိခဲ့ပါတယ်။ ပိုပိုကဗျာ စာအုပ် ထုတ်မယ်ဆို ကတည်းက   သူမ ပရိသတ်တွေက စိတ်ဝင်စားသလို မီဒီယာတွေက လည်း မေးမြန်း သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ သူမရဲ့ ရည် ရွယ်ချက် ကလည်း   သူမကိုယ်တိုင် ကဗျာတွေကို ချစ်မြတ်နိုးသလို ကဗျာစာအုပ်ထုတ်လိုက်ခြင်းအားဖြင့် ရရှိလာတဲ့ ငွေကြေးတွေ ကို ကဗျာလောက မှာ ပြန်လည်   လှူဒါန်းဖို့ပါပဲ။ ဒီလိုနဲ့ ကဗျာ စာအုပ် ရိုက်နှိပ်ပြီးတဲ့အခါမှာ “ကောင်းကင်များ”လို့ အမည်ပေး ထားပြီး အဆိုပါ ကဗျာစာအုပ် အပေါ် ပိုပိုက   ကဗျာ စာအုပ် ခေါင်းစဉ်၊ မျက်နှာဖုံး၊ စာရွက်အသားနဲ့ စာမျက်နှာတိုင်း မှာ ထုတ်ဝေသူနဲ့ စီစဉ်သူ အမည် ထည့်သွင်းထားခြင်း အပေါ်   မကြိုက်တဲ့ အတွက် ငွေကြေးအကုန်အကျ ခံပြီး “ကိုယ်တိုင်လုပ်နိုင်ငံတော်” အမည်နဲ့ ထပ်မံ ရိုက်နှိပ် ခဲ့ပါ တယ်။ ဒီအကြောင်းနဲ့ ပတ်သက် လို့   ပိုပိုက သူမရဲ့လူမှုကွန် ရက် စာမျက်နှာ facebook မှာ Live လွှင့်တင်ခဲ့ ရာမှာ ကဗျာဆရာများက ကျေနပ်နှစ်သက်ခြင်း မရှိခဲ့ဘဲ အပြင်းအထန်   ကန့်ကွက်ခဲ့ကြပါတယ်။

အပြင်းအထန် ကွန့် ကွက်ခဲ့ကြတဲ့ အကြောင်း ကတော့ “ကိုယ်တိုင်လုပ် နိုင်ငံ တော်”ကဗျာစာအုပ်မှာ ပါရှိတဲ့   အနုပညာရှင် ဦးဗေလုဝ ရဲ့ အမှာစာ ကို ကျေနပ်ခြင်း မရှိကြသလို “ကောင်းကင် များ” ကဗျာစာအုပ်အတွက် ကိုသာ ကဗျာဆရာများက သူ   တို့ရဲ့ကဗျာ များကို ပေး ခဲ့ခြင်းဖြစ်ကြောင်း စတဲ့အကြောင်း တွေကို ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာ ဆရာများ သမဂ္ဂမှာ သဘောထား   ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။   ပိုပိုအနေ နဲ့ကတော့ ကဗျာစာအုပ် စီစဉ်ရာမှာ ပါ ဝင်တဲ့ ကဗျာဆရာတွေ အတွက် ငွေကျပ် တစ်သောင်းစီ ဥာဏ်ပူဇော်ခ ပေးခဲ့သလို   တစ်ဖက်မှာလည်း ဂီတ၊ ရုပ်ရှင်ဖန်တီးသူတို့ရဲ့ ကဗျာ ခံစားမှုများ (သူမ ကိုယ်တိုင်ရေး ကဗျာအပါအဝင်) ဆိုပြီး အနုပညာရှင် တွေဆီကနေ   မေတ္တာနဲ့ စာမူ တောင်းယူခဲ့တာ ဖြစ်ပါ တယ်။ နောက်ဆုံးမှာတော့ ပိုပိုကသူမရဲ့ လူမှုကွန်ရက် စာမျက်နှာ Facebook Page ကနေ   ကဗျာစာအုပ် ဒီဇိုင်းဆွဲတဲ့ ပညာရှင်နဲ့ ကဗျာဆရာတွေကို အနူး အညွတ် တောင်းပန်ခဲ့ပါတယ်။  “စိတ်မကောင်းဖြစ်ရပါတယ်။ ပိုပို အကျိုးအမြတ် လိုချင်လို့၊ ပေါ်ပင် ဖြစ်ချင်လို့ ကဗျာ စာအုပ်ထုတ်ခဲ့တာ မဟုတ်ပါဘူး”လို့ သူမက မှတ်ချက်ပြု   ခဲ့ပါတယ်။ ပိုပိုထုတ်ဝေမယ့် ကဗျာစာအုပ်က ထွက်ရှိဖို့ မသေချာ တော့ပေမယ့် သူမရဲ့ တတိယတစ်ကိုယ် တော်စီးရီးခွေ “Masterpiece”   ကတော့ သိပ်မကြာခင် အချိန် အတွင်းမှာပဲ ပရိသတ် လက်ထဲ ရောက်ရှိလာတော့မှာ ပါ။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here