ပေါ်ပြူလာရဲ့ ဖွားဖက်တော် ခိုင်သင်းကြည် ပြောတဲ့ အောင်မြင်မှု ဆိုတာ

0
276

KTKအနုပညာလောကမှာ ဆယ်စုနှစ် နှစ်ခုတိုင် အောင်မြင်မှု များစွာ ရရှိနေသလို ပရိသတ်တွေရဲ့  ချစ်ခင် အားပေးမှု အပြည့် အဝရရှိ   ထားသူကတော့ အကယ်ဒမီ ခိုင်သင်းကြည်ပဲ ဖြစ်ပါ တယ်။ ခိုင်သင်းကြည်က အနုပညာ အပေါ်မှာ ငယ်ငယ်ကတည်း က ရူးသွပ်ခဲ့သူ   တစ်ဦးလည်း ဖြစ်ပါတယ်။ အခုချိန်ထိ ပရိသတ် တွေ ချစ်ခင်မှုတွေ ရရှိနေတာက အကယ်ဒမီဆု ရရှိတာထက်ကို ပိုပြီးတော့ ကျေ နပ်ပျော်ရွှင်   ရတယ်လို့ ခိုင်သင်းကြည်က ပြောပါ တယ်။

“မခိုင်က အနုပညာကို ငယ်ငယ်လေးကတည်းက တအား ဝါသနာပါတယ်။ လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်လည်း အားမလျော့ သွားဘူး။ နံပါတ် ၁   အချက်က ဝါသနာ အရင်းခံ တာပါတယ်။ နံပါတ် ၂ အချက်က ကိုယ့်အလုပ် အပေါ်မှာ တအားလေးစားတယ်။ ကိုယ့်အိမ်မှာ ကိုယ်နေ ရင်   ကိုယ် နေမကောင်းရင် ထလုပ်ချင်မှ လုပ်မယ်။ ဇာတ်ကား ရိုက်ကူးနေတဲ့ အချိန်မှာ ကိုယ်နေမကောင်းလို့ အဖျား ၁ဝ၂ ဆိုလည်း   လူတွေ အများကြီးနဲ့ လုပ် ရတဲ့ အလုပ်ဆိုတော့ ထလုပ်ရမယ်။ အလုပ်အပေါ်မှာ တန်ဖိုးထား တယ်။ မနက်ဆိုရင် ရှုတင်သွား ဖို့လောက်ပဲ   စဉ်းစားနေတယ်။ ရုံးတက်မယ့် လူတစ်ယောက် လိုပဲ။ နံပါတ် ၃ ကတော့ ကံ၊ ဥာဏ်၊ ဝီရိယ၊ စန်း ဆိုတဲ့ အတိုင်း ပရိ သတ်က ကိုယ့်ကို ချစ်နေ   တာပေါ့။ ကိုယ့်ကိုယ် ကိုယ်လည်း တအား အံ့သြ ပါတယ်။ ပြန်တွေးကြည့်တိုင်း အကယ်ဒမီဆု ရရှိတာ ဆိုရင် နှစ်ပေါင်း၂ဝ ကျော်မှရတာ။   အကယ် ဒမီဆုရပြီး၂ရက် ၃ရက် လောက်က အိပ်လို့ လည်း မရဘူး။ အိပ်ခါ နီးတိုင်း ပျော်နေတယ်။ အကယ်ဒမီ ဆု ရပြီး နောက်ရက်မှာ ငိုတဲ့   အခန်းရိုက်တာ ငို လို့လုံးဝမရဘူး။ မျက်ရည်တုတွေ ထည့်တာတောင် မျက်ရည်က မကျဘူး။ ဒါပေမဲ့ ပြန် စဉ်းစားကြည့်ရင် အကယ်ဒမီဆု ရတာထက်တောင် ကြည်နူးဖို့ကောင်းတာက ပရိသတ် တွေက အစ်မကို ချစ်ကြ တယ်။ ဖေ့စ်ဘုတ် ရွာလို ဇာတ်ရုပ်မျိုး ဆိုလည်း   ရိုက်လိုက်တယ်။ မုန်းစရာကြီး ဖြစ်သွားမလား ဆိုပြီး တွေးပေမယ့် ပရိသတ်က ချစ်တယ် ဆိုတော့ သူတို့ ကိုယ့်ကို ချစ်ပါလားပေါ့။   ဖေ့စ်ဘုတ်လည်းသုံးတယ်။ သူတို့စိတ်ထဲမှာ ငယ်ငယ်တုန်းက ကြည့်ရတဲ့ မန္တလေး ဘီယာကြော်ငြာတဲ့ ကလေးမလေးလို့ ထင်နေ   လားမသိဘူး။ အခုထိ လက်ခံပြီး ချစ်နေတုန်းပဲ။ အဲဒါလေးကို ပြန်တွေးတိုင်း အကယ်ဒမီ ဆု ရတာထက်တောင် ကျေနပ်ပါတယ်”   လို့ပြောပါတယ်။

ဒီနှစ် ဇွန်လ ၃ဝ ရက်နေ့ ဆိုရင် ပေါ်ပြူလာဂျာနယ်က နှစ် ၂ဝ ပြည့်ပြီ ဖြစ်ပါတယ်။ ပေါ်ပြူလာနဲ့ ဖွားဖက်တော် အနု   ပညာရှင် တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်က      “ပေါ်ပြူလာ ဆိုတာ အစ်မရဲ့ ဖွားဖက်တော်ပါပဲ။ ပေါ်ပြူလာရဲ့  သက်တမ်း က နှစ်၂ဝ ဆိုရင် မခိုင် လည်း ဒီလောက် ပါ ပဲ။ မခိုင်စပြီး   မန္တလေးဘီယာ ကြော်ငြာတို့ ရိုက်ပြီး RC2 မှာ တအား နာမည် ကြီးတဲ့ အချိန်လေ။ နာမည်ကြီး တာ ကောင်းလို့ မဟုတ်ဘူး။ ထဘီကျွတ်   ကျတယ်ဆိုပြီး နာမည်ကြီးတဲ့ အချိန်တွေ ကတည်းက ဒီပေါ်ပြူလာက တွဲလျက်ပေါ့နော်။ အဲဒီ တုန်းက ကိုယ်က ကလေး ဆိုတော့ ရှက် တော့   ပေါ်ပြူလာက သတင်းတွေ ရှင်း ပေးတာပေါ့နော်။ အဲဒီလိုလက်တွဲ ခဲ့တဲ့ အနုပညာ လက်တွဲ ဖော်တွေ ပါပဲ။ သက်တမ်းရှည်တာကို ချီး   ကျူးသလို သက်တမ်းရှည်ရှည် အတွင်းမှာလည်း နာမည်ကောင်း နဲ့ အောင်မြင်တဲ့ ဂျာနယ်ဖြစ်တာ ကိုလည်း ဂုဏ်ယူပါတယ်”   လို့ပြောပါတယ်။    ခိုင်သင်းကြည်ရဲ့  အနု ပညာအမွေကို ဆက်ခံမယ့်သူ ကတော့ သမီးဖြစ် သူ စံထိပ် ထားဦးပါ။ စံထိပ်ထားဦးက ကြော်ငြာတွေလည်း ရိုက်ကူး   ထားပါတယ်။ သရုပ်ဆောင် တာထက် ဂီတဘက်ကို ပို ဝါသနာကြီး သူ ဖြစ်ပြီး ကျောင်း ပွဲတော်တွေမှာလည်း ပါဝင် သီဆိုဖျော်ဖြေနေပြီ ဖြစ်   ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here