ကြုံတွေခဲ့ ရဖူးတဲ့ အချစ်တွေက ကံကောင်းတာတွေ ရှိသလို၊ ကံမကောင်းတာတွေ ရှိတယ် နန်းဆုဦး

0
324

Nan-Su-Oo-1လတ်တလောမှာ နန်းဆုဦးက သူအရမ်း ရင်ခုန် စိတ်လှုပ်ရှားနေတဲ့ ဇာတ်ကား တစ်ကားမှာ ဇေရဲထက်နဲ့အတူ ပါဝင်သရုပ်ဆောင်   ရိုက်ကူး နေပါတယ်။ အဲဒီဇာတ်ကားလေး ကတော့ ဒါရိုက်တာ ကျော်နှင်းဆီ ရိုက်ကူးတဲ့ “သံစဉ်မဲ့ ဂီတ” ဗီဒီယိုဇာတ်ကားလေး ပဲ ဖြစ်ပါတယ်။ ဒီ   ဇာတ်ကားလေးမှာ တစ်ခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာကို သရုပ်ဆောင်ရတဲ့ အတွက် ဇာတ်ကား မရိုက်ကူးခင် ကတည်းက   ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ခဲ့ကြောင်းကို နန်းဆုဦးက

“ဒီဇာတ်ကားမှာ နန်းဆုက လက်ဟန်ခြေဟန် နဲ့ပြောရတဲ့ ကာရိုက်တာ ဆိုတော့ ဒါရိုက်တာ ကျော်နှင်းဆီ လိုချင်တဲ့ တချို့ဇာတ်ဝင်ခန်း အရ   ပြင်ဆင်ရတဲ့ ပြင်ဆင်မှုလေးတချို့က တစ်ခါမှ မလုပ်ဖူးတဲ့ အရာဖြစ်နေတဲ့ အတွက်ကြောင့်မိုလို့ နန်းဆု လုပ်တဲ့ ဟာတွေသည် ပထမဦးဆုံး   အကြိမ် လုပ် ရတဲ့အတွက်ကြောင့် ပရိသတ်တွေ အမြင်မှာ တစ်မျိုးဖြစ်ရင် ဖြစ်နေမှာ။ ဒီကာရိုက်တာ အတွက်က နန်းဆုတို့ အချိန်ပေး ပြီး   လေ့ကျင့်ခဲ့ရတယ်။ အချိန် က သိပ်မရတော့ ဒီဇာတ်ဝင်ခန်းတွေ အကုန်လုံးကို ၃ ရက်လောက်နဲ့ လေ့ကျင့်ရ တယ်” လို့ ပြောပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်ဝင် ခန်း တချို့မှာ သူ့ရဲ့ ကာရိုက်တာကို သရုပ်ဆောင် ရတဲ့ အခါမှာ ခက် ခက်ခဲခဲ ပြင်ဆင်မှုနဲ့ သရုပ် ဆောင် ခဲ့ရတာနဲ့   ပတ်သက်ပြီး နန်းဆုဦးက   “ခက်ခဲမှုရှိတယ်။ အဓိကက ရာသီဥတု အခြေအနေပါ။ မိုး တစ်နေကုန် ရွာနေတော့ scene တစ်ခု တစ်ခု ကို ရိုက်ရဖို့ က ပြေးပြီး   ရိုက်နေရတယ်။ ဒီကားမှာ ကရတဲ့ အခန်းတွေလည်း ပါတယ်။ ဒေါက် ဖိနပ်နဲ့ဆိုတော့ ကိုယ်က အမြဲတမ်း ကနေရတဲ့သူ မဟုတ်တော့   ကိုယ့်ကိုယ်လုံးကို အဲဒီလောက်ထိ ကျွမ်းကျွမ်းကျင်ကျင် မထိန်း နိုင်ဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ နန်းဆု ကြိုးစား ပြီး လုပ်ထားတယ်။   အရုပ်မ ပုံစံလည်း လုပ်ရတယ်။ အပီပြင်ဆုံး အကောင်းဆုံးတော့ သရုပ်ဆောင်ထား တယ်။ နန်းဆု ဟာကွက်လေးတွေ ရှိမယ်။ အဲဒီလိုမျိုးရှိရင်   နန်းဆုကို နားလည် ခွင့်လွှတ်ပြီးတော့ ကြည့်ပေးစေချင် တယ်” လို့ ပြောပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး ထွေ ထွေထူးထူး ပြောစရာ မရှိဘူးလို့ ပြော လာတဲ့ နန်းဆုဦးက ကိုယ်တိုင် ကြုံတွေ့ဖူးတဲ့ အချစ်တွေက ကံ   ကောင်းတာတွေ ရှိသလို ကံ မကောင်းတာတွေလည်း ရှိခဲ့ ကြောင်း ဖွင့်ဟလာပါတယ်။

တွယ်တာ ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here