facebook မှာ တင်ဆက်ကြတဲ့ ဇာတ်လမ်းတို တွေရဲ့ အားသာချက် အကြောင်း

0
177

DSC_0161အဖေများနေ့ အတွက် ရည်ရွယ်ပြီး ရိုက်ကူးခဲ့တဲ့ “နောက်ဆုံး တစ်ကြိမ်” ဆိုတဲ့ ဇာတ်လမ်းတိုမှာ လူမင်းကအဖေ တစ်ယောက် အနေနဲ့ ပါဝင်   သရုပ်ဆောင်ထား သလို ရည်ရွယ်ချက် ထိမိတဲ့ ဇာတ်လမ်းတို တစ်ပုဒ်ဖြစ်ကြောင်း သူကဆိုပါတယ်။  ဒီဇာတ် လမ်းတို ကိုတော့ Marlarmyaing Group ဆိုတဲ့ Facebook Page မှာ တင်ထားခြင်း ဖြစ်ပါတယ်။ ဒါနဲ့လူမင်းကို အခုခေတ်  Facebook Page တွေမှာ လွှင့်တင်နေတဲ့ ဇာတ်လမ်းတွေကို ရိုက်ကူးနေကြတာ နဲ့ပတ်သက်ပြီး သရုပ် ဆောင် တစ်ယောက်ရဲ့အမြင်ကို မေးကြည့်တဲ့အခါ…

“အခုဖေ့စ်ဘုတ်မှာ ဇာတ်လမ်းတိုတွေ Live လွှင့်တယ် ဆိုတာက အဓိကက အသိပညာပေး ဇာတ်လမ်းလေးတွေ ရိုက်ကူးရတာ ဆိုတော့ ပါဝင်   သရုပ်ဆောင်တဲ့ အနုပညာရှင် တွေလည်း အကျိုးရှိတာပေါ့နော်။ နောက်တစ်ခုက ဖေ့စ် ဘုတ်ကနေ ဒီလိုလွတ် လွတ် လပ်လပ် ရိုက်ကူးပြီး   Live လွှင့်ရတာ ဆိုတော့ ဆင်ဆာလည်း မရှိဘူး ပေါ့။ ဖန်တီးသူတွေ ကလည်း စိတ်ကြိုက် ဖန်တီးခွင့်ရှိတယ်။ အဲဒီလို အား သာချက်တွေ   ရှိပါတယ်” လို့ လူမင်းက ပြောပါတယ်။ ကိုလူမင်း တစ်ယောက် သူ့န ဂိုထားထားတဲ့ ဆံပင်ပုံစံနဲ့ မတူတဲ့ ဆံပင်ပုံစံ သစ်နဲ့ ဖြစ်နေတာကြောင့်   သူ့အကြိုက်လား၊ ဒါမှ မဟုတ် ဇာတ်လမ်း ကာရိုက်တာ အရ လားဆိုတဲ့ အမေး ကို မေးဖြစ် တဲ့အခါ       “ကာရိုက်တာအတွက်ပါ။ အခု လက်ရှိရိုက်နေတဲ့ “တစ်ခါက ရန်ကုန်မြို့ပြ” ဆိုတဲ့ဇာတ်ကား အတွက် လိုအပ်ချက်အရ အပြင် အဆင် နည်း   နည်းပြောင်း ထားပါတယ်။ ဒီဇာတ် ကားပြီးရင် ပြန်ပြောင်းမှာပါ” လို့ လူမင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here