ရုပ်ဖျက်ပြီး မွေးနေ့အလှူ လုပ်ခဲ့တဲ့ မင်းသွေး

0
263

MinThwayသရုပ်ဆောင် မင်းသွေးက သူ့ရဲ့ ၃၁နှစ်ပြည့် မွေးနေ့ အလှူအဖြစ် ဇွန် လ၂၁ ရက်နေ့က သန်လျင်မှာရှိတဲ့ သဘာဝတရား ရိပ်သာက ဘိုးဘွား   တွေ အတွက် ဆန်(၁၅)အိတ်၊ လူ (၃ဝဝ)စာ ဆေးဝါးနဲ့ မုန့်တွေကို ပရိသတ် တွေနဲ့ အတူသွားရောက် လှူဒါန်းခဲ့ပါတယ်။ ဒါ့ အပြင် အလှူ က   အပြန်လမ်း မှာလည်း ရေလယ်ဘုရားမှာ ဘုရားဖူး လာရောက်သူများနဲ့ ကလေးငယ်များကို အအေး နဲ့မုန့်များလည်း လှူဒါန်းခဲ့ ပါတယ်။

ဘုရားဖူး လာရောက်သူများနဲ့ ပရိသတ်များ သတိမထားမိ စေချင်တာကြောင့် ရုပ်ဖျက်တဲ့ အနေနဲ့ မျက်နှာကို နှာခေါင်းစည်း mask တပ်ပြီး   လှူဒါန်းခဲ့ပါတယ်။ mask  တပ်ထားရခြင်း အကြောင်းကတော့…”ဒီနှစ်တော့ သန်လျင်က သဘာဝတရား ရိပ်သာမှာ သွား လှူဖြစ်တယ်။ ကျွန်တော်နဲ့ “မင်းသွေးနဲ့ ဆွေမျိုး တစ်သိုက်” ဆိုတဲ့ group လေး နဲ့   သွားလှူခဲ့ တာပါ။ လှူဖို့လုပ်တုန်း က ရေ လယ်ကျောက် တန်း အစီအစဉ်မပါဘူး။ ကျွန် တော်တို့ လှူပြီး ပိုက်ဆံလေးလည်း ပိုတော့   ရေလယ်ကျောက်တန်းမှာ လှူခဲ့ တာပါ။ ဘုရား လာဖူးတဲ့ သူတွေကို မုန့်လေး၊ အအေးလေးတွေ လှူခဲ့တယ်။ လှူ တုန်းက mask   တပ်ထားတယ် ဆိုတာက ပရိသတ်တွေ ကျွန်တော့်ကို သိပြီး ပရိသတ်တွေ၊ လူတွေအုံလာမှာ စိုးလို့အုပ်ထားတာပါ။ နောက်တော့လည်း   သိသွားတာပါပဲ။ အဲဒီ တော့ mask ချွတ်ပြီး ဓာတ်ပုံတွေရိုက်ကြတယ်။ အမှန်အတိုင်းပြောရရင် တော့ ကျွန်တော်ဒီအတိုင်း   လေးပဲလှူချင်တာပါ။ ထူးထူး ခြားခြားဘာမှ မရှိဘဲ လူတွေအုံလာရင် ပတ်ဝန်းကျင်က အနှောင့် အယှက်ဖြစ်မှာစိုးလို့ပါ” လို့ မင်းသွေးက   ပြောပါတယ်။ မင်းသွေးက မွေးနေ့တွေ တစ်နှစ်ပြီး တစ်နှစ် ဖြတ်သန်းခဲ့ပေမယ့် မွေးနေ့ ပါတီတော့ တစ်နှစ်မှ မလုပ်ခဲ့ဘူးလို့လည်း သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here