သဘင်ရုပ်ရှင် အနုပညာ ရန်ပုံငွေပွဲတော်မှာ ဇာတ်မင်းသား အဖြစ် ကပြတင်ဆက်မည့် ဝေဠုကျော်

0
420

WaiLuKyaw-2မန္တလေးတိုင်းဒေသကြီး၊ သဘင် လူမှု ကူညီစောင့်ရှောက်ရေးက ကြီးမှူး ကျင်းပတဲ့ သဘင်ရုပ်ရှင် အနုပညာ ရန်ပုံငွေပွဲတော်ကို ဇူလိုင်လ ၁   ရက်မှ ၂ရက်နေ့အထိ နှစ်ရက်တိုင်တိုင် မန္တလေးမြို့၊ အမျိုးသား ဇာတ်ရုံကြီးမှာ ည ၇ နာရီကနေ စတင်ပြီး ဖျော်ဖြေတင်ဆက် မယ်လို့   သိရပါတယ်။

ဒီဖျော်ဖြေပွဲကိုတော့ ပရိသတ်တွေ အားလုံးက စိတ်ဝင်စားနေကြပါတယ်။ ဒီလို စိတ်ဝင်စားနေရတာ ကလည်း ရုပ်ရှင် သရုပ်ဆောင်   တစ်ဦးဖြစ်တဲ့ ဝေဠုကျော်က ဇာတ်မင်းသား အဖြစ် ကပြတင်ဆက်သွား မှာဖြစ်ပြီး ဇာတ်မင်းသားတွေ ဖြစ်တဲ့ ဖိုးချစ်၊စွမ်းနဲ့ ရုပ်ရှင် မင်းသားတွေ   ဖြစ်တဲ့ သူထူးစံ၊ မင်းရာဇာတို့က လူရွှင်တော်များ အဖြစ် ကပြဖျော်ဖြေ သွားမှာဖြစ်တာ ကြောင့်ဖြစ်ပါတယ်။  လက်ရှိ မှာတော့ ဇာတ်မင်းသား တစ်ဦးရဲ့ ကပြတင်ဆက်မှု ပုံစံကို မင်းသား ဝင်းနောင်က ဝေဠုကျော်ကို သင်ကြား ပေးလျက်ရှိပြီး   ဒီလို သင်ကြားပေးနေ ပုံကိုလည်း အွန်လိုင်းပေါ်ကို တင်လိုက် ချိန်မှာတော့ ပရိသတ်တွေ အားလုံး နှစ်သက် သဘောကျကာ ကြည့်ရှုချင်နေ   ကြပြီ လည်းဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ တော့ ဇာတ်သဘင်ရဲ့ သမားစဉ်တွေ အားလုံးကို ဖျော်ဖြေ တင်ဆက်သွား ကြမှာဖြစ်ပြီး မန္တလေး   သဘင်လူမှု ကူညီ စောင့်ရှောက်ရေး အဖွဲ့၊ ပရဟိတရွှေလက် များ၊  ဂီတကွန်ရက် ပရဟိတ အသင်း၊ မြန်မာ့သဘင် အလှဆင် သူများ၊ လူရွှင်   တော်အသင်း တို့ကလည်း ပါဝင်တင် ဆက်ဖျော်ဖြေ သွားကြမှာဖြစ်ပြီး၊ ရွှေ မင်းသမီးလေး နန်းခင်မွှေး၊ မြတ်နုသွေး (ယဉ်ကျေးမှုတက္ကသိုလ်)   တို့ရဲ့ မြိုင် ဆိုင်လှတဲ့ အက၊ အလှ များကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲ အတွက်လည်း အခုအချိန်မှာ ပါဝင် ဖျော်ဖြေကြမယ့်   အနုပညာရှင်များ အားလုံးက ဇာတ်တိုက်ကာ လေ့ကျင့်  ပြင်ဆင်နေကြပြီလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here