ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ပရိသတ်နဲ့ ပေါ်ပြူလာ မေတ္တာကြိုး ခိုင်မြဲစေကြောင်း

0
189

NgweThawDarကာလရှည်ကြာခြင်း ဟာ အောင်မြင်ခြင်း လို့ယူဆ ကြရင်တော့ အနှစ်၂ဝ လုံးတောက်လျှောက် ထုတ်ဝေလာတဲ့ ပေါ်ပြူလာ ဂျာနယ် ဟာလည်း   အောင် မြင်နေတယ် လို့ ယူဆချင် ယူဆလို့ရ တယ်ပေါ့လေ။ တကယ့် အောင်မြင်မှု သော့ချက်ကတော့ စေတနာပါတဲ့ ကြိုးစားမှု   အရည်အသွေးပါပဲ။  ဆယ်စုနှစ် ၂ခု၊ ၃ခု ရောက်လာ တဲ့ အိမ်ထောင်ရေးတွေမှာ အတွင်း ကြိတ်ပြဿနာတွေ၊ စိတ်မချမ်း သာရ တာတွေ ရှိနေပေမယ့် ကွဲလို့မဖြစ်တဲ့   ယဉ်ကျေးမှုတွေကြားမှာ မပျော်ရွှင်ဘဲ ခရီးနှင်နေကြသူတွေလည်း ရှိတတ် ပါတယ်။ ကျွန်မတို့ ဂျာနယ်နဲ့ ပရိ သတ်ကြားက  relationship   ကတော့ ဟန်ဆောင်စရာ မလိုဘဲ အတူလက် တွဲနိုင်ခဲ့တာ ဆယ်စုနှစ်၂ခု ရှိ လာတာ ကို CEO တစ်ယောက် အနေနဲ့ အကျေနပ်ဆုံးပါပဲ။

လောကရဲ့ သဘောအရ ပြောင်း လဲနေတဲ့ သဘောတွေကြားမှာ ကျွန်မ တို့ ပုံနှိပ် မီဒီယာရဲ့ အခန်းကဏ္ဍကို လည်း မမှေးမှိန် ရအောင်   ခေတ်ကို မောင်းနှင်ချင်တဲ့ လူတိုင်းရဲ့ ဆန္ဒကို လည်း အင်တာနက် စာမျက်နှာတွေ ကနေ ပံ့ပိုးနိုင်အောင် ကြိုးစားရ တာဟာ   သိပ်လွယ်တယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ပရိသတ် အတွက်ဆို မောတယ်လို့ အတွေး တောင် မရောက်ဘဲ တစ်ခုပြီး တစ်ခု   ကြိုးစား ချင်နေကြတဲ့ Asian Fame မီဒီယာဝန်ထမ်း အားလုံးရဲ့ မေတ္တာကို တော့ စိတ်ကူးနဲ့ ခံစားကြည့်ပါလို့။   မီဒီယာတွေရဲ့ ဆင့်ကဲပြောင်းလဲ လာမှုဟာ “နီးကပ်မှုနဲ့ ကိုယ်ဆန္ဒရှိ သလို ထိန်းချုပ်နိုင်မှု” တွေအပေါ် အဓိက ထားလာပါပြီ။ ရုပ်ရှင် ဆိုရင်   မီတာ ၃ဝ လောက်ကနေ လူ ၁ဝဝ လောက် ဝိုင်းကြည့်တယ်။ စက်ခန်း ကပဲ ထိန်းချုပ်သွားတော့ ကျော်ကြည့် လို့လည်းမရဘူး။  TV   ပေါ်လာတဲ့ အခါကျတော့ ၃မီတာလောက် မှာ လူနည်းနည်းနဲ့ ရွေးချယ်ကြည့်လာ နိုင်တယ်။ ဟောခုလို စမတ်ဖုန်းတွေ ပေါ်လာတဲ့အခါ   တစ်ပေလောက်က နေ ကိုယ် နဲ့ နောက်တစ်ယောက်  ယောက်နဲ့အတူ ကြိုက်သလို ကျော် ကြည့် ထပ်ခါထပ်ခါ ကြည့်စိတ်တိုင်း ကျ လုပ်ပိုင်ခွင့်   ရှိလာပြီ။ သူ့ထက်ဆိုး တဲ့ Virtual Reality  VR ဆိုတဲ့ ဟာလည်းပေါ်နေပြီ။ မျက်လုံးနား ကပ်ပြီး (၃ စင်တီမီတာ အကွာ)၊ 3D ကြည့်သလို   ခံစားကြည့် လို့ ရနေပြီ။ ဖုန်းထဲမှာ App လေးထည့်ထားပြီး VR မျက်မှန်ထဲ ဖုန်းထည့်လိုက်တာနဲ့ နိုင်ငံခြားမှာ ကိုယ်တက်ချင် တဲ့ ကျောင်း၊   သွားချင်တဲ့ နေရာကို ကိုယ် ကိုယ်တိုင် ရောက်နေသလိုမျိုး ဘေး၊ ဘယ်ညာ၊ အပေါ်အောက် ကြည့်ချင် သလိုကြည့်လို့ ရပြီ။ ရေအောက် ထဲမှာ   လည်း ကူးခတ်ပြီး လိုက်ကြည့်နေရ သလိုတွေ၊ ရေခဲတောင်ပေါ်၊ တော တောင်၊ ရေတံခွန်တွေပေါ် နိမ့်ဆင်း လိုက်၊ မြင့်တက်လိုက် နဲ့   ရင်ဖိုရတဲ့ မီဒီယာ အစွမ်းတွေ၊ ယုတ်စွအဆုံး သားအိမ်ထဲမှာ ပေါလောမျောနေတဲ့ ကလေး နဲ့အတူ သားအိမ် ပတ်လည် လိုက်ကြည့်နိုင်တဲ့   အထိ ခေတ်က တိုးတက်လာနေပြီ။   ပုံနှိပ် မီဒီယာ ဆိုရင်လည်း အရင် ကနှုတ်တွေနဲ့ အာဂုံဆောင် မှတ်တမ်း တင်ခဲ့တဲ့ အချက်အလက် တွေဟာ၊ ကျောက်စာ၊ ပေစာ၊ ပုံနှိပ်စာကနေ   အီလက်ထရောနစ် ဆီသို့ပြောင်းလဲ ရွှေ့လျားလာပြီ။ ဒီမီဒီယာတွေကို စီးနင်းလို့ ကြော်ငြာတဲ့ သူတွေက လည်း သူတို့လိုရာ ရောက်အောင်  အသုံးပြုခဲ့ကြတာ ခေတ်တွေမှ အစုံ ပါပဲ။ ကျွန်မတို့ ဂျာနယ် စထွက်တော့ ယိုမျိုးစုံကြော်ငြာခေတ်၊ ပုဆိုး အပြိုင်အဆိုင် ကြော်ငြာတဲ့ခေတ်၊   ကော်ဖီမစ်ခေတ်၊ ဆပ်ပြာမှုန့် ခေတ် ကနေ ခုချိန် မှာတော့ ဖုန်းနဲ့ဆက် သွယ်ရေး အော်ပရေတာတွေ ကြော် ငြာတဲ့ခေတ်ပေါ့။ ကြော်ငြာဝင်ငွေကို အားပြုပြီး ထုတ်လုပ်မှု စရိတ်ကို ကာနေရတဲ့ ပုံနှိပ် မီဒီယာ အတွက် စိန်ခေါ်ခံရမှု အကြီးမားဆုံးနှစ်ပါပဲ။ ကြော်ငြာရှင်ကလည်း   စောင်ရေ၊ ဖတ် ရှုသူလူဦး ရေဆိုတာ ကိုပဲ စိတ်ဝင်စား တော့ number game လို့ခေါ်ရမယ့် ကိန်းဂဏန်းတွေ နဲ့ပဲ ကစားတဲ့ခေတ် ဖြစ်လာပြီ။

ဒါကြောင့် ဆိုရှယ် မီဒီယာတွေ မှာ ပရိသတ်ဘယ်နှစ်သန်း ဆိုတာ တွေကို အဓိက ထားလာကြတယ်။ ပိုက်ဆံတွေ အကုန်ခံပြီး လူမြင် များ   အောင် boost  လုပ်လာကြရတယ်။ ကျွန်မတို့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာ တွေကတော့ ပရိသတ်မြတ်နိုးမှု စစ်စစ် နဲ့ပဲ ချီတက်နေ ဆဲမို့   ပကတိအမာခံ ပရိသတ် Organic Like တွေနဲ့ တကယ် အသက်ဝင်နေတဲ့ စာမျက်နှာ တွေပါ။ ဥရောပမှာတော့ စာအုပ် ထုတ်ဝေရေးတွေ   ပြန်ဦးမော့လာနေ ပြီကြားရတယ်။ ဆိုရှယ် မီဒီယာကို သိပ်အချိန် မပေးကြပြန်ဘူး။   ဒီလိုအချိန်မှာ ကျွန်မအံ့သြမိတဲ့ ပရိသတ် ရဲ့ စိတ်ပိုင်းဆိုင်ရာ တစ်ခုကို ပြဇာတ်မှာ သတိထားမိပါတယ်။ ဟိုးခေတ်မြေဝိုင်း ဇာတ်တို့ကနေ ဆင်းသက်လာတဲ့ ဇာတ် သဘင်၊ ၁၆ဝဝ ခုနှစ်လောက်က သိမ်းစ်မြစ်ကမ်းပါး ပေါ်က ဂလုပ်ပြဇာတ်ကွင်း ကနေ ဆင်းသက်လာတဲ့ နိုင်ငံခြားက ဈေး   ကြီးတဲ့ ရှိတ်စပီးယား ဇာတ်ရုံတွေ လည်း ဆက်ရှင်နေသေးတာပဲ။ လူ့စိတ်ဆိုတာ သတ်မှတ်လို့ ရနိုင်တာ မဟုတ်သလို၊ တစ်ခုခုကိုပဲ အကြာ   ကြီး စွဲလမ်းနေတတ် တာလည်း မဟုတ်ဘူးလေ။ ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း အဟောင်းတွေ အပေါ်မှာ လည်း သောင်းသောင်း   ဖြဖြ ရှိနိုင်သေးတာပါ။   ဒါကြောင့် ကျွန်မတို့နဲ့ ပရိ သတ်ကြားက မေတ္တာကြိုးကို ပုံနှိပ် မီဒီယာ အနေနဲ့ကော၊ အီလက် ထရောနစ် မီဒီယာ အနေနဲ့ပါ ခိုင်မြဲအောင်   ကြိုးပမ်းနေမယ် ဆိုတဲ့ အကြောင်း ပြောလိုပါတယ်။  ပုံနှိပ်ဂျာနယ်ကို ယုံ ကြည်စွာ သံယောဇဉ် ရှိစွာ အားပေး နေဆဲ စာဖတ်ပရိသတ်ကိုလည်း  ကျေးဇူးအထူးတင်ပါတယ်။ အားလုံး သော နိုင်ငံသားအပေါင်းလည်း အစ စအရာရာ အဆင်ပြေအေးမြပျော် ရွှင်ပါစေကြောင်း ပေါ်ပြူလာဂျာနယ်နှစ်၂ဝ ကနေ ဆုတောင်းလိုက်ပါ တယ်။

ငွေသော်တာ

CEO

Asian Fame Media Group


LEAVE A REPLY

Please enter your comment!
Please enter your name here