ပေါ်ပြူလာ နှစ်(၂ဝ)ပြည့် ဂမ္ဘီရ အမြင်

0
217

SoeMoeNaingဘာလိုလိုနှင့် နှစ်(၂ဝ)ဆို သည့် ခရီးက မကြာ လိုက်ပါ။ ယနေ့ခေတ် မှာ ပုံနှိပ် မီဒီယာလောက၊ ဈေးကွက် ကြောင့် တစ်စောင်ပြီး တစ်စောင်  ဂျာနယ်တွေ ပြုတ်လိုက်၊ မဂ္ဂဇင်းတွေ ပြုတ်လိုက်ဖြစ်နေချိန်ပေါ့။ ဒီလို အချိန် ဒီလိုအခါမှာ ပေါ်ပြူလာက နှစ် (၂ဝ) တိုင်  လျှောက်လှမ်းလာနိုင်ခဲ့ တယ်ဆိုတာ ကံ၊ ဥာဏ်၊ ဝီရိယအရေး ကိစ္စသုံးပါး ညီညွတ်လို့ပါပဲ။ လုပ်ငန်း ရှင်နှင့် ဝန်ထမ်း မျှတလို့ပါ ပဲ။ နှစ် (၂ဝ)  ဆိုသည့် ခရီးဟာ ဆယ်စုနှစ် နှစ်စုစာ ဖြစ်တာမို့ လွယ်လွယ်ကူကူ တော့ ဖြတ်သန်းခဲ့ရတာ မဟုတ်ပါ ဘူး။ ဒီအချိန် ဒီအခါမှာ ပိုဆိုး တာပါ။  ပုံနှိပ်မီဒီယာလောက၊ အဆင်းပိုင်းကို ရောက်နေချိန် ဖြစ်တာကြောင့် ထုတ် လုပ်မှုစရိတ်၊ ဝန်ထမ်း စရိတ်တွေ အပြင် ၆၆(ဃ) လေးစား၊  အရေးထား ရတဲ့ အချိန်ဖြစ်နေပြန်ပါတယ်။ ဘက်စုံသုံးသပ်ရမယ် ဆိုရင် ခက်ခဲတဲ့ အချိန်ကာလ တစ်ခုပါပဲ။  နှစ် (၂ဝ) အတွင်း ဂျာနယ်ရဲ့ ထိပ်ပိုင်း ဦးစီးခေါင်းဆောင်တွေဟာ သဘာဝ သဘောတရား အရ အ ပြောင်းအလဲ များ စွာ ဖြစ်ခဲ့ပြီး ပါပြီ။  အပြောင်းအလဲ ဆိုတာ လောကရဲ့ အစဉ်အလာမို့ ရှိစမြဲပါ။ ဒီလို အ ပြောင်းအလဲတွေ ပြောင်းလဲသွားပေ မယ့် ပေါ်ပြူလာ က မယိမ်းယိုင်ခဲ့ပါ  ဘူး။ ယနေ့တိုင် ခိုင်မြဲစွာ ရှိနေခဲ့ပါတယ်။  နှစ်(၂ဝ) ဆိုတာ တားရော့ဂမ္ဘီရ သဘောတရားအရ…  Judgement (ပြန်လည်ရှင် သန် ထမြောက်ခြင်း)ရဲ့ သဘော တရားကို တားရော့ စာအုပ်တွေမှာ တံပိုးခရာ မှုတ်နေတဲ့ နတ်သားတစ် ပါးက  ကောင်းကင်ယံ တိမ်တိုက်တွေ ကြားက ထွက်ပြူလာပြီး တံပိုးခရာ မှုတ်တော့တာပဲ။ ဒီတံပိုးခရာသံက လူသားတွေရဲ့ လွတ်မြောက်မှု ဖြစ်စဉ်  လို့ ဆိုပြန်တယ်။ ဒီသဘောတရားဟာ ကျရှုံးနေသော ကိစ္စရပ်များ၊ နစ်နာ ဆုံးရှုံးနေသော ကိစ္စရပ်များ ဗုန်းဗုန်း ကျပြိုလဲ သွားသော  ကိစ္စရပ်များ ပြန် လည် နိုးကြားရှင်သန်ခွင့် ရမယ်ဆိုတဲ့ သင်္ကေတကို ဖွင့်ဆိုပါတယ်။  ပေါ်ပြုလာတိုက် က မူလပေါ်ပြူ လာ အနုပညာ ဂျာနယ်ကြီးနှင့်အတူ မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ ဂျာနယ် တွေ များစွာထွက်ရာက တချို့တွေကို  ယနေ့ခေတ် ပုံနှိပ်မီဒီယာ လောက သဘာဝအတိုင်း ရပ်နားခဲ့ပါတယ်။ ပေါ်ပြူလာအနုပညာ ဂျာနယ်သာ နှစ် (၂ဝ) တိုင်ရှင်သန် နေဆဲဖြစ်ပါ  တယ်။ ဒီနိမိတ် ကတ်အရ ဆက်ဝေ ဖန်ရရင် ပြီးဆုံးသွားသော အရာများ မှ ပေါက်ဖွားမှု အသစ် ပေါ်ပေါက်လာ ကိန်းရှိတယ် လို့ပဲ  ဟောကိန်း ထုတ် ရ ပါမယ်။  ပေါ်ပြူလာ ဂျာနယ်နှင့် အတူ နောက်ထပ် အသစ်တစ်ခုကို မထင် မှတ်ဘဲ မွေးဖွားခွင့်ရမယ် ဆိုတဲ့ နိမိတ်ကို တွေ့ရှိရပါတယ်။  မူလပေါ်ပြူလာရဲ့ Popular ကို Numerology ဆိုတဲ့ ဂဏန်း ဗေ ဒင်ပညာအရ ပေါ်ပြူလာ ဆိုတာ

P=8

O=7

P=8

U=6     35=8 (စနေဂြိုဟ်)

L=3

A=1

R=2

ပေါ်ပြူလာမူလ  Numerology  လွှမ်းမိုးမှုက (၈) ဂဏန်း စနေဂြိုဟ် ဖြစ်သည်။ ပေါ်ပြူလာနှစ် (၂ဝ) မြောက် လွှမ်းမိုး ဂဏန်း(၂) ဂဏန်း နှင့် ပိရမစ် သင်္ချာဗေဒနည်းနှင့် တွက်လိုက်တဲ့ အခါ သောကြာဂြိုဟ်ဗီး နပ်စ်နှင့် သွားကြုံသည်။ ဒါကြောင့် ပုံ နှိပ်မီဒီယာလောက ကျရှုံးချိန်တွင် ပေါ်ပြူလာက ဆက်လက်၍ ခိုင်ခိုင် မာမာ ရပ်တည်နိုင်သည်ကို ပြဆို သည့် တားရော့ Numerology နိ မိတ်ပြဆိုမှု ပင် ဖြစ်သည်။

တက္ကသိုလ် စိုးမိုးနိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here