ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ အများဆုံး သရုပ်ဆောင် ဖြစ်နေတဲ့ နွယ်ဒါလီထွန်း

0
217

ZAW_8791နွယ်ဒါလီထွန်း က ဒါရိုက်တာ သြရသ ရိုက်ကူးမယ့် မင်္ဂလာရှိ သော အရပ် ရုပ်သံ ဇာတ်လမ်းတွဲမှာ မြင့်မြတ်၊ အေးဝတ်ရည်သောင်း တို့နဲ့ အတူ   ပါဝင် သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

မြင့်မြတ်ရဲ့ သူငယ်ချင်း မြို့တက် ပညာသင်တဲ့ ကျေးတောသူလေး နေရာက သရုပ် ဆောင်မှာ   ဖြစ်ပြီး နွယ်ဒါလီထွန်း အတွက်တော့ ဒုတိယမြောက် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ကိုယ်တိုင်က ဇာတ်လမ်း တွဲတွေ ကြည့်ရှုရ တာ ဝါသနာပါသူ   တစ်ယောက်ဖြစ်တဲ့ အတွက် ဇာတ်လမ်းတွဲ ကိုကိုယ် တိုင်ရိုက်ကူးခွင့် ရတဲ့အချိန် နွယ်ဒါလီထွန်း ရဲ့ ခံစားချက် ကိုမေးမြန်း တော့…”ဒါလီက  ပရိသတ် တစ်ယောက် အနေ နဲ့ ဆိုရင် Vampire Diary  တို့လို ဇာတ်လမ်းတွဲတွေ တအားကြည့်တယ်။ ဇာတ်လမ်း တွေက တအား   ဆွဲဆောင်နိုင်တယ်။ စွဲတယ်ပေါ့။ စိတ်ဝင်စားမှု လည်းများတယ်။ ကိုရီးယား ကားလည်း ကြည့်တယ်။ ကြည့်နေ ရင်းနဲ့မှ တဖြည်းဖြည်း   အရှိန်တက်လာတယ်။ ဒါလီ ကိုယ်တိုင် ဇာတ်လမ်းတွဲ မှာပါဖို့ ကမ်းလှမ်းတော့ လက်ခံဖြစ်တယ်။ ဇာတ် လမ်းတွဲ ရိုက်ရတာ ကိုလည်း ဒါလီ   သဘောကျ ပါတယ်။ ပရိသတ်တွေ ရင်တထိတ်ထိတ် နဲ့ ဇာတ်ကားလေး ဘယ်တော့ လောက်၊ ဘယ်နေ့လောက် လာမလဲ ဆိုပြီး   စောင့်ကြည့်ကြရ တဲ့ ဖီလင်လေးကိုပါ ဒါလီ ကြိုက်တယ်။ ပရိသတ်တွေဘယ် လောက်ထိ အားပေးမလဲ ဆိုပြီးလည်း ရင်ခုန်ပါတယ်” လို့   ပြောပါတယ် ။

နွယ်ဒါလီထွန်း က လက်ရှိမှာ ဗီဒီယိုကား ၁ဝ ကားလောက် ရိုက်ကူးထားတဲ့ အပြင် လက်ရှိ ရုပ်သံလိုင်း မှာ ထုတ်လွှင့်ပြသနေတဲ့   “တစ္ဆေပျောက်ကြော်ငြာ” ဇာတ်လမ်းတွဲမှာ လည်း ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဓာတ်ပုံမော်ဒယ် တစ်ဦး အနေနဲ့ အချိန် အတော် ကြာ   ရပ်တည်ခဲ့တဲ့ နွယ်ဒါလီထွန်း အတွက် ခန္ဓာကိုယ် အလှအပပိုင်း ထိန်းသိမ်းမှု ကလည်း အလွန် အရေးကြီးပါ တယ်။ ဒါကြောင့်   နွယ်ဒါလီထွန်းရဲ့ ခန္ဓာကိုယ် ကျန်းမာရေး ထိန်း သိမ်းမှု အကြောင်းကို ဆက်လက် မေးမြန်းတော့ “ဒါလီက အစား သောက် စားရင်လည်း   တစ်ခါတည်း နဲ့အဝမစားတတ်ဘူး။ ပမာဏ နည်းနည်းနဲ့ အကြိမ်ရေ များများစားတယ်။ ညစာ လုံးဝမစားဘဲလည်း မနေ ဘူး။ ပုံမှန်   အနေအထားမှာ ကိုယ့်ခန္ဓာကိုယ် ကပြည့်လာပြီလို့ ခံစားရရင်ပြန် ထိန်းတယ်။ Gym က လည်း တစ်ပတ် ကို လေး ရက်တော့ ဆော့ဖြစ်တယ်။   တခြား အားကစားလည်း လုပ်တယ်။ အသားအရေ ပိုင်းလည်း ဆိုင်မှာ သိပ်မလုပ်ဖြစ်တော့ အိမ်မှာပဲ Home Made  ပုံစံမျိုးလုပ်ဖြစ်တယ်။   မျက်နှာ အသားအရေကို သေသေချာချာလေး သတိထား တယ်။ အရည်ရွှမ်းတဲ့ အသီးစား ၊ ရေများ များ သောက်ရင်းနဲ့ ပဲ ကျန်းမာရေးပိုင်း၊   အလှအပပိုင်းကို ထိန်းသိမ်းဖြစ်တာပါ” လို့ နွယ်ဒါလီထွန်းက ပြောပါတယ်။

နွယ်ဒါလီထွန်း ပါဝင်မယ့် “မင်္ဂလာရှိသော   အရပ်” ဇာတ်လမ်းတွဲ ကတော့ ဇူလိုင်လမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါ တယ်။

 မြတ်မိုးပွင့်၊

ဓာတ်ပုံ-အောင်ဇော်မင်း 


LEAVE A REPLY

Please enter your comment!
Please enter your name here