မြန်မာပြည်သူပြည်သားတွေ စည်းစည်းလုံးလုံးနဲ့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ် အောင်လအန်ဆန်း

0
195

Aung-la-3ဇွန်လ ၃ဝ ရက်နေ့ ညကတော့ မြန်မာပြည်သူပြည်သားတွေ အားလုံး အတွက် ပျော်ရွှင် ဂုဏ်ယူစရာနေ့ ရက်ကလေး တစ်ရက်အဖြစ် မှတ်   တမ်းတင် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဖြစ် ပါတယ်။ ဒီလိုမျိုး ဝမ်းသာ ပျော်ရွှင် ဂုဏ်ယူစရာတွေ ကို ပေးစွမ်းခဲ့သူ က တော့ မြန်မာပြည် ဖွား MMA က   စားသမား အောင်လအန်ဆန်းပဲဖြစ် ပါတယ်။ MMA မစ်ဒယ် ဝိတ်တန်းရဲ့ ကမ္ဘာ့ချန်ပီယံ ဘစ်တာလီဘစ်ဒက် (ရုရှား) ကို ပရိသတ်ရှေ့မှောက် မှာ အနိုင်ယူပြီး ချန်ပီယံ ရွှေခါးပတ်ကို   သူ့ပရိသတ်ရှေ့မှောက်မှာ ကိုင် မြှောက် ကာ အောင်လ အန်ဆန်း က  မြန်မာ ပရိသတ် ကို ဝမ်းသာဂုဏ်ယူ စေခဲ့ပြီဖြစ်ပါတယ်။

“ကျွန်တော် အားလုံးကို ကျေးဇူး တင်ပါတယ်။ မြန်မာပရိသတ်တွေ အားပေးတဲ့အတွက် ဒီလိုမျိုးကမ္ဘာ့ ချန်ပီယံဖြစ်ခွင့် ရတာပါ။ ကျွန်တော်   အိပ်မက်ကတော့ မြန်မာပြည်မှာ တစ်နေ့နေ့ ကမ္ဘာ့ချန်ပီယံ တစ် ယောက်ဖြစ်အောင် ဆိုပြီး ကြိုးစား ခဲ့တာပါ။ မြန်မာပြည်မှာ စုပေါင်းပြီး   စုစုစည်းစည်းနဲ့ ကြိုးစားရင် ဘာ မဆိုဖြစ်နိုင်ပါတယ်” လို့ အောင်လ အန်ဆန်းက ပွဲအပြီးမှာ မြန်မာ ပရိသတ်များ အပေါ် ကျေးဇူးတင်   ဂုဏ်ယူစကား ပြောခဲ့ပါတယ်။   အမိမြေကို အမြဲလွမ်း၊ သံယော ဇဉ်ရှိတဲ့ အောင်လအန်ဆန်းက လေ့ ကျင့်မှု အပိုင်း မှာ ပိုမိုပြည့်စုံမှုရှိအောင် အမေရိကမှာ နေနေရပေမယ့် သူ့   စိတ်ကူးကတော့ မိသားစုနဲ့အတူ မြန်မာပြည်မှာ လာရောက် အခြေချ ပြန် လည်နေထိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ ချန်ပီယံဖြစ်ရင် မြန်မာပြည်   ကိုပြန်လာပြီး မြန်မာ လူငယ်တွေ ကမ္ဘာ့အလယ် ဝင့်ထည်စွာ ရပ်တည် နိုင် ဖို့ ပညာအမွေ လက်ဆင့်ကမ်း ပေးချင်စိတ်လည်း သူ့မှာ အပြည့်ရှိ   နေခဲ့ပါတယ်။ အမိမြေကို ချစ်သလို ၊ မြန်မာပြည် ကို ပြန်လာချင်တဲ့ အောင်လအန်ဆန်း အနေနဲ့ ကမ္ဘာ့ ချန်ပီယံ ဖြစ်လာပြီမို့ ဘယ်တော့ပြန်   လာမလဲ ဆိုတာကိုတော့ စောင့်မျှော် ကြိုဆိုကြ ရတော့မှာ ဖြစ်ပါတယ်။

ဒါအပြင် ငြိမ်းချမ်းရေးကို လိုလားတဲ့ အောင်လအန်ဆန်းက “ငြိမ်းချမ်းရေး အတွက် အားလုံး ကို ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ကျွန်တော် တို့ မြန်မာပြည်သူ ပြည် သားတွေ အားလုံး စုစုစည်းစည်းနဲ့   ကိုယ့်မြန်မာလူမျိုးချင်း အားပေးကြ မယ်။ တစ်ယောက် နဲ့ တစ်ယောက် စုစည်းမှု အားယူပြီး စည်းလုံးမယ်ဆို ရင် ဘာမဆို ဖြစ်နိုင်ပါတယ်” လို့   လည်း စကားလက်ဆောင်ပါးခဲ့ပါ တယ်။

မျိုးကျော် (ကနောင်သွေး)

ဓာတ်ပုံ – မင်းမင်းထွန်း၊ ကောင်းစွမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here