ဆူးလေနောက်ဖေး လမ်းကြားမှာ ပန်းချီရေးဆွဲနေတဲ့ ကလေးငယ်များဆီ အလည် သွားခဲ့ကြတဲ့ ညီထွဋ်ခေါင်နဲ့ အေးမြတ်သူ

0
79

AyeMyatThuသရုပ်ဆောင် ညီထွဋ်ခေါင် နဲ့ အေးမြတ်သူ တို့က ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရှိ ၃၁လမ်းနှင့် ၃၂လမ်းကြားက နောက်ဖေး လမ်းကြားမှာ   ပန်းချီ ရေးဆွဲနေကြတဲ့ ကလေးငယ်များဆီ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၁နာရီက သွား ရောက် လည်ပတ်ခဲ့ကြပါတယ်။ ဒီနောက်ဖေး   လမ်းကြားလေးကို ရောက်တဲ့အခါ စိတ်ကြည်လင်မှု ရှိလာတယ် လို့ဆိုတဲ့ အေးမြတ်သူက

“အဓိကကတော့ သူတို့ပေးချင်တဲ့ မက်ဆေ့ခ်ျက ရပ်ကွက် ထဲက ပြည်သူတွေ အမှိုက်မပစ်ဖို့ပေါ့။ အမှိုက်မပစ်ခြင်း အားဖြင့် သန့်ရှင်း   သွားတဲ့အခါ လေကောင်းလေ သန့်ရတယ်။ ကျန်း မာရေးနဲ့ တအား ညီညွှတ်သွားတယ်။ ကလေးတွေ အတွက်ကော၊ သက်ကြီး ရွယ်အိုတွေ   အတွက်ကော အဆင် ပြေသွားတယ်။  အဲဒီလို ကောင်းလာမှာကို ပြုပြင်ထိန်း သိမ်းရင်းနဲ့ အမှိုက်မချဘဲ တစ်လမ်းစ တစ်လမ်း၊ တစ်ရပ် ကွက်၊   တစ်မြို့နယ်၊ တိုင်းပြည် တစ်ပြည်လုံးဆို ဘယ် လောက်တောင် ကောင်းသွားမလဲ။ လူတွေရဲ့ နေထိုင်မှု ပုံစံ လည်း ပြောင်းလဲ သွားမယ်” လို့   ပြောပါတယ်။

ဆက် လက်ပြီး အေးမြတ်သူနဲ့အတူ လိုက်ပါခဲ့တဲ့ ညီထွဋ်ခေါင် ကလည်း “ကျွန်တော်လည်း အရင်ကမြို့ထဲမှာ နေထိုင်ခဲ့ တာပါ။   တိုက်ခန်းတွေ ကြားက နောက်ဖေးလမ်းကြားတွေ ညစ်ပတ် တဲ့ဒဏ်ကို ကျွန်တော်လည်း တော်တော်ခံစားခဲ့ ရဖူးပါတယ်။ ညစ်ပတ် တာကို   မကြိုက်တဲ့လူ ရှိသလို၊ ပြီး စလွယ်နေထိုင်ပြီး အမှိုက်တွေ ပစ်ချတဲ့ လူတွေလည်း ရှိကြ ပါတယ်။ အခုလို နောက်ဖေး လမ်း ကြားတွေ   လှပသန့်ရှင်း အောင် လုပ်တာလေးတွေကို အကျည်းတန်အောင်ထပ်ပြီး မဖျက်ဆီးကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။ ကလေး တွေ   အတွက်လည်း နောက်ဖေး လမ်းကြားမှာ ဆော့ကစား လို့ ရပြီ။ မြေညီထပ်မှာ နေထိုင်ကြတဲ့လူတွေ အတွက်လည်း သန့် ရှင်း   သပ်ရပ်သွားပါပြီ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ မြတ်မိုးပွင့်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here