ဝေဠုကျော် ရဲ့ ပရဟိတဆောင်ပုဒ်

0
197

Wai-Lu-Kyaw“ကျွန်တော့်ရဲ့ ဆောင်ပုဒ်ကတော့ အနီးဆုံး ရန်သူကို ရှာတိုက်ဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့က အနီးဆုံးပရ ဟိတကို ရှာလုပ်ဖို့ပါ” လို့   ဝေဠုကျော် ပရဟိတဖောင်ဒေး ရှင်းဦးဆောင်သူဖြစ်တဲ့ ရုပ်ရှင် သရုပ်ဆောင်မင်းသား ဝေဠုကျော်မှ ဇွန်၂၄ရက်နေ့က ကျင်းပတဲ့ သဘင်၊ ရုပ်   ရှင်အနုပညာ ရန်ပုံငွေပွဲတော်နဲ့ ပတ်သက်တဲ့ စာနယ် ဇင်း ရှင်းလင်းပွဲမှာ ပြောကြား ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့တွေက ကိုယ်နေတဲ့ရပ် ကွက်၊ ပြည်နယ်၊ တိုင်းကိုကျော်ပြီး တခြားပြည် နယ်တိုင်းတွေမှာ ကူညီ ကယ်ဆယ်ရေးတွေ သွားရောက် လုပ်နိုင်တာခဲ့တာကို အားကျတယ် လို့ပြောတဲ့လူတွေ အများကြီးရှိပါတယ်။ ကျွန် တော် တို့ရဲ့အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်   ချုပ်အောင်ဆန်းက စစ်ထွက် မိန့်ခွန်းမှာ ပြော ခဲ့ပါတယ်။ အနီးဆုံး ရန်သူကို ရှာတိုက်ပါ။ ကျွန် တော့် ရဲ့ ဆောင်ပုဒ် ကတော့ အနီး ဆုံး ရန်သူကို   ရှာတိုက်ဖို့မဟုတ်ပါဘူး။ ကျွန်တော် တို့က အနီးဆုံး ပရဟိတကို ရှာလုပ်ဖို့ပါ။ အဝေးကြီးကို သွားပြီး မလုပ်နိုင်ကြလို့ အား မငယ်ကြပါနဲ့။   ကျွန်တော်တို့ အိမ်မှာရှိတဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း၊ သူတို့ရဲ့ဝေယျာဝစ္စတွေ လုပ်ကျွေး ပြုစုနိုင်ခြင်းသည်လည်း ပရဟိတ   မည်ပါတယ်။ အကောင်းဆုံး ပရဟိတပါ။ အဲဒါတွေကို ကျော်လွန်ပြီး လုပ်ပေးနိုင်လာရင် မိသားစုနဲ့ ပတ်သက် တဲ့ ဝေယျာဝစ္စ၊ ကောင်း   မွန်တဲ့ ကိစ္စတွေ ကိုအားလုံးကို လုပ်ကိုင်ပေး နိုင်သလို ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမ၊ သူငယ် ချင်းအပေါင်းအသင်း၊ လုပ်ဖော် ကိုင် ဖက်တွေ ရဲ့   လိုအပ်ချက်တွေကို ပါဝင် ကူညီလုပ်ကိုင် ပေးခြင်းကလည်း ပရဟိတ မည်ပါတယ်။ ဒီထက် ပိုပြီး အချိန်ရသေးလို့ အချိန်လေးတွေ ပိုနေ   မယ်ဆိုရင် ကိုယ့်အိမ်ရှေ့မှာ ရှိနေတဲ့ အမှိုက် ကလေးတွေ ထွက်ကောက်တာတို့၊ မြက်ကလေး တွေ ထွက်ရှင်းတာ တို့၊ ပိတ်နေ တဲ့ မြောင်းကို   ရှင်းလင်းပေးတာ တို့ကလည်း ပရဟိတပါပဲ။ အဲဒါကြောင့် ပရဟိတက အဝေးကြီး သွားလုပ်ဖို့ မလိုပါဘူး။ လုပ်ဖြစ်ဖို့ပဲ လိုပါတယ်။   ကျွန်တော်တို့ ကတော့ မိဘကို ဗဟိုပြုပြီး အနီးဆုံး ပရဟိတကို ရှာလုပ်ဖို့ပါပဲ။ အဲ့ဒါကြောင့် ကျွန်တော်တို့ အဝေး ကြီး သွားလုပ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ အနီး ဆုံးပရဟိတကို ရှာလုပ်ခြင်းဖြင့် ကျွန်တော်တို့ နိုင်ငံ အတွက် လိုအပ်နေ တဲ့နေရာနဲ့ ပြည် သူတွေ အကျိုးပြုနိုင်ကြ ပါစေလို့   ဆု တောင်းပါတယ်” လို့ ဝေဠုကျော်က ပရဟိတနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အမြင် ကို ပြောကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here