ချစ်သူ နှစ်ယောက်ကြားမှာ အရင်ထက် စာရင် ပြဿနာ ဖြစ်တာတွေ အများကြီး လျော့သွားပါတယ် ကောင်းပြည့်

0
167

Kg-Pyaeသရုပ်ဆောင် ကောင်းပြည့်နဲ့ သန္တာဗိုတို့က ချစ်သူသက်တမ်း ၅နှစ်ကျော်ပြီဖြစ်ပြီး သူတို့ နှစ် ယောက်ရဲ့ အချစ်ရေးက အေးဆေး ပါပဲလို့   ပြောပါတယ်။ ချစ်သူသက် တမ်းကြာလာတဲ့အခါမှာ အရင်က ထက် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိလာသလို သည်းခံ မှု လည်း   ရှိလာတယ်လို့ ဆိုတဲ့ ကောင်းပြည့်က      “အရင်ထက် စာရင် ပြသာနာဖြစ်တာတွေ အများ ကြီးလျော့ သွားပါတယ်။ သူဘက် ကလည်း သဝန်တို တယ်။ သဝန်တိုတယ် ဆိုတာကလည်း   တစ်ခါတလေကျရင် အချိန်မရတဲ့ ကြားထဲမှာမှ သဝန်တိုတာ မျိုးတွေရော၊ ရန်ဖြစ်၊ ပြဿနာ တက်တာမျိုးတွေက စိတ်ညစ်စရာ ဆိုတာ မျိုးပဲ   ထပ်ကြုံရတယ်။ ဘာမှမထူးဘူး။ အဲဒီအတွက် အဲဒါ ကို ကိုယ့်ဘာသာ ကို ဦးနှောက်နဲ့ စဉ်းစားပါ။ ပြီးတော့ ယုံကြည်မှုဆိုတာပဲ   ထားလိုက်ကြတယ်။ အဲဒီလိုမျိုးနဲ့ပဲ စိတ်ကို ဖြေဖျောက်ရတယ်။ အဲဒီလို ဆိုတော့ အဆင်ပြေ တာပေါ့။ အခုတော့ ချစ်သူသက်တမ်း ၅နှစ်ကျော်   သွား ပါပြီ။ ရင့်ကျက်လာတယ် ဆိုတာ ထက် တစ်ယောက် နဲ့တစ် ယောက် ပိုပြီး သည်းခံမှုတွေ ရှိလာတယ်။ တော်ရုံတန်ရုံ ဆိုရင်   ထားလိုက်ပါတော့။ ဘာမှဟုတ်တာ မဟုတ်ဘူး။ အရင်တုန်းက ဆိုရင်တော့ ပြဿနာကို ချက်ချင်းရှင်းကြ တယ်။ နောက်ပိုင်း ကျတော့   တစ်ယောက်နဲ့တစ် ယောက် နားလည် လာပါတယ်။ ကျွန်တော် တို့ နှစ်ယောက် အတွက် အနာဂတ် စိတ်ကူးကတော့ ရှိပါတယ်။ သူ့ကိုလည်း   ကျွန်တော် မပြောပြ ထားသေးပါဘူး” လို့ ပြောပါတယ်။

ကောင်းပြည့်က ဇူလိုင်လအတွင်း ရုံတင်ပြသတော့ မယ့် “ကပ္ပိယ” ရုပ်ရှင် ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ် ဆောင်ထားပါတယ်။   ဒီဇာတ်ကား ကို ပြန်ကြည့်တဲ့အ ခါမှာ ရင်ထဲမှာခံစားရတယ်လို့ ဆိုတဲ့ ကောင်းပြည့်က.. “ဒီဇာတ်ကားလေးကို ကျွန်တော်တို့ ရိုက်ကူးထား တာ ၂နှစ်ကျော် လောက်တော့ ရှိပါပြီ။  ကျွန်တော် ဒီဇာတ်ကား ကိုပြန် ကြည့်တဲ့   အချိန်မှာတော့ ရင်ထဲမှာ တော်တော် ခံစားလိုက် ရတယ်။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကြောင့်လည်း ပါတယ်။ မပြည့်စုံတဲ့ လူတွေရဲ့ ရင်ထဲမှာ   ခံစားချက်ပေါ့။ လူတွေက မပြည့်စုံတဲ့လူတွေ အပေါ် မှာ ဆက်ဆံကြတဲ့ ပုံစံတွေက ကျွန်တော်လည်း အများကြီး တွေ့ကြုံဖူးပါတယ်။ အဲဒါကို   ပေါ်လွင်အောင် ကိုပြေတီဦးက သရုပ်ဆောင် သွားနိုင်ခဲ့တယ်။ တကယ်ကို ရင်ထဲကို ထိခဲ့ပါတယ်” လို့ ပြော ပါတယ်။ လတ်တလောမှာ   ကောင်းပြည့်က ဗီဒီယို ဇာတ် ကားတွေ ရိုက်ကူးနေပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here