ရှေ့နေနဲ့ သရုပ်ဆောင်ဘဝ ဘယ်လမ်းကြောင်းပေါ် ဆက်လျှောက်မလဲ ပိုးအိအိခန့်

0
217

Poe-Ei-Khantသရုပ်ဆောင် ပိုးအိအိခန့်က လတ်တလောမှာ တော့ “ပရမ်းပတာ” ရုပ်ရှင် ဇာတ်ကားကြီးကို ကျော်ကျော်ဗိုလ်၊ မြင့်မြတ်၊ သင်ဇာဝင့်ကျော်   တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားက ဟာသဇာတ် လမ်းဖြစ်တဲ့ အတွက် ဟာသ ကာရိုက် တာနဲ့   ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။

“အခုနောက်ပိုင်းမှာ ပိုးအိဟာသ ဇာတ်ကားတွေ တော်တော်များများ ရိုက်လာ ရတယ်။ ဟာသနဲ့ ဒရာမာက သရုပ်ဆောင်ရ တာ မတူဘူး။   ဟာသ ကာရိုက်တာက ပိုခက်တယ်လို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတစ်ပါး ရယ်အောင် လုပ်ရတာ မလွယ်ဘူး။ ကိုယ် ရယ်ချင်တဲ့   စိတ်ကိုလည်း မနည်းထိန်းပြီး သရုပ်ဆောင်ရတယ်” လို့ ပိုးအိအိခန့်က ဆိုပါတယ်။ ပိုးအိအိခန့်က Law နဲ့ ကျောင်းပြီး ထား တာဖြစ်ပြီး အခု   အချိန်မှာလည်း Master  ထပ်တက် နေတယ်လို့ သိရပါတယ်။ ရှေ့နေလည်း လုပ်ချင်ပေ မယ့် ကံကဘာဖြစ်မလဲ မသိသေးဘူး ဆိုတဲ့ ပိုးအိအိ   ခန့်က  “ညီမက ရှေ့နေနဲ့ ကျောင်းပြီး ထားတာပါ။ အခု Master  ထပ်တက်နေတယ်။ ညီမက ကိုယ် ဝါသနာပါတဲ့ အလုပ်ရော   ကိုယ်လျှောက်လှမ်း နေတဲ့အလုပ် နှစ်ခုစလုံးကို အတတ်နိုင်ဆုံး လုပ်ဖို့ စဉ်းစားထားပါတယ်။ ရှေ့နေလည်း လုပ်ချင် တယ်။ ဒါပေမဲ့ဘာဖြစ်ဖြစ်   ကိုယ့် ဘက်က အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတဲ့ သဘောပါပဲ။ ရှေ့နေ ဘဝနဲ့ မင်းသမီးဘဝ ဘယ်လမ်း ကြောင်း   ပေါ်လျှောက်မလဲမပြော တတ်သေးဘူး။ ကံကဘာဖြစ်မလဲ မပြောတတ်သေးဘူး”လို့ ပြောပါ တယ်။ ပိုးအိအိခန့်က သရုပ်ဆောင်   နေဒွေးနဲ့အတူ ဒါရိုက်တာမောင်မောင် မြင့်လွင် (ဓာတ် ပုံ)ရိုက်ကူးတဲ့ “တောသားကြီး ချစ်တဲ့ခလိန်း” ဗီဒီယိုဇာတ်ကားကို ရန် ကုန်မှာ   ရိုက်ကူးနေကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here