ရုပ်ရှင်ဖလင်ခေတ်က ဖြတ်သန်းမှုတွေ အကြောင်း ပြန်လည်ပြောပြတဲ့ ဦးအောင်လွင်

0
144

U-Aung-Lwinရုပ်ရှင်လောကထဲကို အသက် ၂၃ နှစ်အရွယ် ၁၉၅၈ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့တဲ့ ဝါရင့်အနု ပညာရှင်ကြီး ဘကြီးအောင် (ခေါ်) ဦးအောင်လွင် ရဲ့ ဖြတ်သန်းမှု အနုပညာ လမ်းကြောင်းက စိတ်ဝင် စားဖို့ကောင်းပါတယ်။ ဖလင်ဇာတ်ကား တည်း ဖြတ်သူ တစ်ယောက်အနေနဲ့ အနုပညာ ဘဝစတင် ခဲ့တဲ့ ဦးအောင်လွင်က..

“အဓိကကတော့ ဦးဝင်းဦး ရဲ့ဇာတ်ကားတွေ၊ ဒါရိုက်တာ မောင်တင်ယုရဲ့ဇာတ်ကားတွေ၊ ဆရာ ရွှေဒုံးဘီအောင်ရဲ့ ဇာတ်ကား တွေကို ဖလင်တည်း ဖြတ်သူ လုပ်ခဲ့ပါတယ်။ ဆရာဦးတင်ယုနဲ့ ဆိုလို့ရှိ ရင် “မောင်တို့ချယ်ရီမြေ” လို ဇာတ်ကားတွေပေါ့။ ဦးဝင်းဦးနဲ့ ဆိုလို့ရှိရင် “မှုန်ရွှေရည်”ပေါ့။ အဲဒီလိုနဲ့ ဦးဝင်းဦးက ကျွန်တော့်ကို ၁၉၆၈ ခုနှစ်မှာ ဒါရိုက် တာလုပ်ပါတော့လို့ ပြောတဲ့အတွက် “တိမ်လွှာ မို့မို့လွင်” ကို သူက ဇာတ်ညွှန်း ရေးပြီး ကျွန်တော်က ရိုက်ရပါတယ်။ အဲဒီလို ရိုက်လာရင်း ကနေ ကျွန် တော့်ဘာသာ ကျွန်တော်ရိုက်တဲ့ အခါ ကျတော့ “မာယာထောင်ချောက်” ဆိုတဲ့ဇာတ်ကားကို ဖလင် အယ်ဒီတာ စံရွှေမောင် ဆိုတဲ့ နာမည်နဲ့ပဲ ဒါရိုက် တာ စံရွှေမောင်အဖြစ်နဲ့ ကျွန်တော်ရိုက်ကူးခဲ့ပါ တယ်။ ကျွန်တော် ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကို ရန်ကုန်မှာ ရိုက်တာ ရှားပါတယ်။ နယ်တွေကိုပဲ ကျွန်တော်က အထူးသဖြင့် ပရိသတ်ကို ပြချင်တဲ့ ဝါသနာ ရှိပါတယ်။ ဖြစ်ချင်တော့ ပထမဦးဆုံး ကျွန်တော် ဒါရိုက်တာ အဖြစ်နဲ့ ရိုက်ခွင့်ရတဲ့ “တိမ်လွှာမို့မို့လွင်”က ရခိုင်၊ စစ်တွေကို အခြေပြု ပါတယ်။ ကျွန်တော်နောက်ဆုံး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ဇာတ်ကား “မိုးကုပ် စက်ဝိုင်းကိုကျော်၍” ကလည်း ၂ဝဝ၅ ခုနှစ်မှာပဲ ရိုက်ခဲ့တာ ရခိုင်ပြည်နယ်မှာပါပဲ။ ဖလင်နဲ့ ရိုက်ရတဲ့ ကျွန်တော့် ရဲ့ ဒါရိုက်တာ စံရွှေမောင်ဘဝ အဲဒီမှာတင် ကုန်ဆုံးသွားခဲ့ပါတယ်” လို့ သူကပြော ပြပါတယ်။ ဘကြီးအောင်တို့ ဖလင်ခေတ်နဲ့ အခု ခေတ် ဒစ်ဂျစ်တယ် ခေတ်ရဲ့ ကွာခြားမှု အကြောင်း တွေကိုလည်း မေးမြန်းဖြစ်ပြန်ရာ..

“ဖလင်ခေတ်မှာ ဆိုလို့ရှိရင် ကားဆက်တဲ့ အခန်းကို သီးသန့်လာရတယ်။ ဖလင်တွေဆေးပြီးမှ ဆက်လို့ရတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ ဆိုလို့ရှိ ရင်တော့ ရိုက်ကွင်းဘေးမှာတင် ဖလင်တွေဆက် လို့ရနေပြီ။ အဲဒီအခါကျတော့ ကျွန်တော်တို့က ကားဆက်တဲ့ ပညာရှင်ကို ရိုက်ကွင်းကို တစ်ခါ တည်း ခေါ်သွားပြီးတော့ နေ့ခင်းရိုက်၊ ညဆက် လို့ရတဲ့ ခေတ်ဖြစ်သွားပြီပေါ့နော်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here