ချစ်သူက မင်းသား တစ်ယောက်ပါလို့ ဝန်ခံလိုက်တဲ့ မိတ်ကပ် ခင်စန်းဝင်း

0
263

Khin-San-Winနိုင်ငံကျော် မိတ်ကပ်ပညာရှင် ခင်စန်းဝင်းက အခုလတ်တလောမှာ မင်း သားတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ မင်းသားတစ် ယောက်ကို ချစ်သူအဖြစ် ရွေးချယ်ဖြစ်ခဲ့ခြင်း အကြောင်းကို ခင်စန်းဝင်းက

“အဓိကကတော့ သူမင်းသားဖြစ်လို့ ကိုယ်နဲ့ ပတ်သက်တာ မဟုတ်ဘူး။ သာမန် ပတ်သက်တာမျိုးပဲ။ ကိုယ်လည်းသူ့ကို သာမန်လူ တစ်ယောက်လို ပတ်သက်သလို၊ သူလည်း ကိုယ့်ကို သာမန်လူ တစ်ယောက်လိုပဲ ပတ်သက်တာပါ။ သူ့ရဲ့ Professional Life ကို မစွက် ဖက်ဘူး။ အဓိကကတော့ တစ်ဦးပေါ်တစ်ဦး မေတ္တာရှိနေ တယ်။ ကိုယ့်အပေါ်မှာ ညှာတာ သနားတတ်တဲ့ စိတ် ရှိရင်တော့ ဖြစ် လာမယ့် ပြဿနာတွေကို ကြောက် စရာမလိုပါဘူး” လို့ ပြောပါတယ်။

သူ့ဘက် ကလည်း အဆင်ပြေတယ်။ ကိုယ့်ဘက် ကလည်း အဆင်ပြေတဲ့ အတွက် လက်တွဲဖြစ်ခဲ့တဲ့ ခင်စန်းဝင်း က အရင်က ကြုံတွေ့ခဲ့ဖူးတဲ့ အချစ်က ကံမကောင်း ခဲ့ကြောင်း ပြောပါတယ်။

“အရင်တုန်းက ကြုံတွေ့ခဲ့ရ တဲ့အချစ်က ကံကောင်းတာ ဘယ် လိုလုပ်ရှိနိုင်မလဲ။ သဘာဝမကျ တော့ အေးချမ်း တည်ငြိမ်တာ မျိုး တော့ မရှိဘူး။ အခုလက်တွဲဖြစ် တာကလည်း သူ့ဘက်ကလည်း OK တယ်။ ကိုယ့်ဘက်ကလည်း OK တယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် နဲ့တွေ့တဲ့ အခါမှာ ကိုယ်တွေက အနုပညာသမားတွေ ဆိုတော့ လူ တွေရဲ့အာရုံ စူးစိုက်မှုကို ခံရတယ်။ ဂရုစိုက်ပြီး ပြော ဆိုခြင်း ခံရတယ်။ ဝေဖန် ရှုတ်ချတိုက်ခိုက်တာမျိုး ခံရတဲ့အခါကျတော့ ဘယ်လောက် ကောင်းတဲ့လူပဲဖြစ်ဖြစ် ပြောင်းလဲ သွားတတ် တယ်””လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here