ဖေ့စ်ဘုတ်မှာ ပရိသတ်တွေရဲ့ ကွန်မန့်တိုင်းကို စွမ်း ဘယ်လို တုံ့ပြန်သလဲ

0
226

swamဖေ့စ်ဘုတ်မှာ အနုပညာ လှုပ် ရှားမှုတွေကို အမြဲမပြတ် တင်လေ့ ရှိပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် လုပ်ဆောင်နေ လေ့ရှိသူက ဇာတ်မင်းသားလေး စွမ်း ပါ။ စွမ်းကသူ ဖေ့စ်ဘုတ် အသုံးပြုရ ခြင်းကလည်း သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ နဲ့ တွေ့ဆုံ ရဖို့ရယ်၊ အလုပ် နဲ့ပတ်သက်ပြီး ဘာတွေလုပ် နေလဲ ဆိုတာ ပရိသတ်တွေ သိစေ ချင်တဲ့ အတွက်ကြောင့် ပဲ ဖြစ်ကြောင်း ပြောပါတယ်။

“ပရိသတ်တွေ ကလည်း ကွန်မန့် တွေရေးကြတယ်။ ကျွန်တော့် အနေ နဲ့လည်း လူတိုင်းကိုတော့ မပြန်နိုင် ဘူး။ တစ်ယောက်ကို ကွန်မန့်ပြန် မလို့လုပ်တုန်းပဲ ရှိသေး နောက်ထပ် အများကြီး ထပ်တက်လာတော့ မရေး နိုင်တော့ပြန်ဘူး။ ဒါကြောင့်အားလုံး ပဲ ကျေးဇူးတင် ပါတယ် ဆိုပြီး ပြောရ တယ်။ Message  ပို့လည်း အားလုံး ကိုမပြန်နိုင်ဘူး ဖြစ်တယ်။ ဒါပေမဲ့ အားတဲ့ အချိန် အား သလို ပြန်ဖြစ် ပါတယ်။ အဓိကတော့ ကျွန်တော် ကလုပ်ငန်း အတွက်သုံးတာလည်း ပါ ပါတယ်။ ကျွန်တော်ဒီနေရာမှာက နေတယ် ဆိုရင် အရင်တုန်းကလို ကြော်ငြာစရာ သိပ်မလိုတော့ဘူး။ ဖေ့စ်ဘုတ်မှာ ကြိုပြီး တင်လိုက်ရင် ကျွန်တော့်ပရိ သတ်တွေ အားလုံးသိ သွားတာ ဖြစ်လို့မို့ အလုပ်အတွက် လည်း အထောက်အကူဖြစ်ပါတယ်” လို့ ဖေ့စ်ဘုတ် သုံးရခြင်းနဲ့ ပတ်သက် လို့ စွမ်းကပြောပါတယ်။

လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်က လူပေါင်းစုံ အသုံးပြုကြတာဖြစ်တဲ့ အတွက် ကွန်မန့်တွေ ကလည်း ပေါင်းစုံဖြစ်နိုင်ပါတယ်။ ဒါကြောင့် တချို့ ကွန်မန့်တွေ  အပေါ်မှာ စွမ်းဘယ်လို စိတ်ထားပြီး တုံ့ပြန်ဖြစ်သလဲလို့ ဆက်မေးတော့

“ကျွန်တော့်ကိုချစ်လို့သာ ပရိသတ်တွေက ကွန်မန့်တွေပေး ကြတာလေ။ အဲဒီအခါ ကျွန်တော် လည်း ကြည့်နိုင်သလောက်တော့ ကြည့်တယ်။ ကျွန်တော့်ကို ဆဲဆဲ ကျွန်တော့်ကို ချစ်တယ်ပြောပြော၊  ကျွန်တော့်ကို မုန်းတယ်ပြောပြောပါ။ ကျွန်တော် ဆိုရင် တော်တော်အပြော ခံရပါတယ်။ ကျွန်တော်ဆိုရင် အခြောက်လို့လည်း ပြောခံရတယ်။ ဒီကောင် မိန်းမတကာနဲ့ မကင်းဘူးလို့ လည်း အပြောခံရတယ်။ မိုက်ရိုင်း တယ်လို့လည်း ပြောခံရတယ်။ ချစ် စရာကောင်းတယ် လို့လည်း အပြော ခံရတယ်။ စုံနေအောင် ပြောကြတာ ပါပဲ။ သူတို့ရဲ့ ကွန်မန့်တိုင်းမှာ ကျွန်တော်ပြန်ဖြေတာက ကျေးဇူးတင် ပါတယ် လို့ပဲပြန်ဖြေတယ်။ ကျွန်တော့် ကိုဆဲလည်း ကျွန်တော် ဘာတစ်ခုမှ ပြန်မပြောပါဘူး” လို့ စွမ်းကပြန် လည် ပြောပြပါတယ်။ စွမ်းက ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ “မြို့ပြမုဆိုး များ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ထားပြီး လက်ရှိ မှာတော့ ဇာတ်ပွဲတွေ တောက်လျှောက် ကပြနေပြီဖြစ်ပါတယ်။

လင်းအက္ခရာ 


LEAVE A REPLY

Please enter your comment!
Please enter your name here