မိဘတွေ ဖြစ်စေချင်တဲ့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်အောင် ကြိုးစားသွားမယ့် အဆိုတော် ယွန်းသီရိကျော်

0
216

Yon-Thiri-Kyaw“ပိုင်းလုံး”၊ “Second Diamond” စတဲ့ တစ်ကိုယ်တော် စီးရီးခွေ ၂ခွေ ထွက်ရှိထားတဲ့ အဆိုတော် ယွန်းသီရိကျော်က မကြာမီ လပိုင်း အတွင်း   ကျရောက်မယ့် သူမရဲ့အသက် ၂၁နှစ်ပြည့်မွေးနေ့ အတွက် အစီအစဉ်လေး တွေ ရေးဆွဲနေပါပြီ။ မွေးနေ့မှာ ပရိသတ်တွေ နဲ့အတူ   အလှူ လုပ်ဖို့ ရှိသလို သီချင်းသစ် တစ်ပုဒ်ကို ထွက်ရှိဖို့လည်း စီစဉ်နေပါတယ် တဲ့။ ဒီအကြောင်း နဲ့ ပတ်သက်လို့ ယွန်းသီရိကျော် က.. “၁ဝလပိုင်း ၉ရက်နေ့ ညီမမွေးနေ့မှာ Solo Song လေး ထွက်ရှိဖို့ လုပ်နေပါတယ်။ အဲဒါကို ကိုထက်ယံရေး နေပါတယ်။ Version ၂မျိုး နဲ့   ထွက်ရှိလာမှာပေါ့ နော်။ နောက်ထပ် ညီမ Mini Album  တစ်ခုလည်း ထပ် ထုတ်ဖို့ စီစဉ်နေပါတယ်။ အဲဒီ အတွက်လည်း သီချင်းတွေ   စုနေပါတယ်” လို့ ပြောပါတယ်။ ယွန်းသီရိကျော် အနေနဲ့ လက်ရှိအချိန်မှာ နည်းပညာ တက္ကသိုလ် (သန်လျင်)၊ စတုတ္ထနှစ်ကျောင်းသူ တစ်ယောက် အဖြစ်ပညာ သင်ကြားနေကြောင်း သိရပါတယ်။ သူမ ရဲ့ ပညာရေး ရည်မှန်းချက် က…

“မိဘတွေ ဖြစ်စေချင်တာ ကတော့ Electronic Engineer တစ်ယောက် ပေါ့နော်။ ဒီနှစ်က B.Tech ဘွဲ့ရ မှာပေါ့နော်။ နောက်ထပ် ၂နှစ်   ထပ်တက်ပါမယ်။ မိဘတွေ လိုချင်တဲ့ M.E ဘွဲ့ရတဲ့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်အောင် ကြိုးစားသွားမှာပါ။ တစ်ဖက် ကလည်း ကိုယ့်ရဲ့   ဝါသနာဖြစ်တဲ့ အဆိုတော်ဘက် ကိုရပ်မနေဘဲ နဲ့ ဆက်ပြီး လုပ်ကိုင် သွားနေဦးမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်          


LEAVE A REPLY

Please enter your comment!
Please enter your name here