စက်တင်ဘာလမှာ တစ်ကိုယ်တော်အခွေ ထွက်ရှိမယ့် ဆန်းသစ်လ

0
171

san thit la

အဆိုတော် ဆန်းသစ်လရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေက စက် တင်ဘာလ ၃ ရက်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီတစ်ကိုယ် တော်အခွေလေးမှာ သီချင်းပုဒ် ရေ ၁ဝ ပုဒ် ပါဝင်မှာဖြစ်ပြီး Pop သီချင်း အများစု ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
မကြာခင် ထွက်ရှိလာတော့ မယ့် တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး ဆန်းသစ်လက ”ဒီအခွေ လေးကို ကြိုးစားနေတာ ၂ နှစ် လောက်ရှိသွားပြီ။ သီချင်းပိုင်းမှာ အကောင်းဆုံးဖြစ်အောင် တော်တော် များများ စုပြီးသွားပြီ။ ထွက်ခါနီးကျမှ ညီမ မကြိုက်လို့ပြန်ပယ်ပြီး အသစ်က ပြန်စလုပ်တယ်ဆိုတော့ ညီမအတွက် တော်တော် လေးခက်ခဲပါတယ်။
သားအမိနှစ်ယောက် တက်အားသရွေ့ တစ်ပိုင်တစ်နိုင် လေး လုပ်ထားရတာဆိုတော့ တအားလည်း ပင်ပန်းပါ တယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာ ဖြစ်တဲ့ အတွက်လည်း သေချာလေး လုပ်ထားပါတယ်။ အခုဒီ အခွေလေးကို သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ ထွက်ဖို့ အတွက် အတတ်နိုင်ဆုံး မြန်မြန်လေး လုပ်နေတယ်။ အပြီးသတ် လုပ်နေတယ်ပေါ့” လို့ ပြောပြပါတယ်။
ဒီတစ်ကိုယ်တော်အခွေထဲမှာ မိခင်မေရွက်ဝါရဲ့ သီချင်း ၂ ပုဒ် လောက်ကို ထည့်သွင်းသီဆိုသွားဖို့ လျာ ထားကြောင်းလည်း ဆန်းသစ်လက ထပ်မံပြောပြပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here