ရုပ်သံလိုင်းတစ်ခုမှာ အပတ်စဉ် ထုတ်လွှင့်ပြသလျက်ရှိတဲ့ ‘တစ်ခါက ရေဒီယိုကက်ဆက်ဇာတ်လမ်းများ’ အစီအစဉ်မှာ တက်သစ်စ သရုပ်ဆောင်ဧငြိမ်းဖြူက အမြဲလိုလို ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။ ဒီအစီအစဉ်မှာ ဧငြိမ်းဖြူက သရုပ်ဆောင်တာဆိုရင် ၃ နှစ်ခန့်ရှိပြီလို့သိရပါတယ်။ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ကက်ဆက်ဇာတ်လမ်းတွေကို သရုပ်ဆောင်ရတာမို့ ပိုပြီးတော့ တာဝန်ကြီးတယ်လို့ ဧငြိမ်းဖြူဆိုပါတယ်။ ဒီလို ကက်ဆက် ဇာတ်လမ်းမှာ သရုပ်ဆောင်ဖို့အတွက် ပြင်ဆင်မှုတွေကို အမြဲသတိထားနေတယ်ဆိုတဲ့ ဧငြိမ်းဖြူက ”ညီမက ဒီဇာတ်လမ်းမှာ သရုပ်ဆောင်တာကြာပါပြီ။ ညီမအမေ ဒေါ်သီတာလင်း ကိုယ်တိုင်ကလည်း ဒီဇာတ်လမ်းတွေကို ဒါရိုက်တာလုပ်ပြီးရိုက်ကူးတယ်။ ညီမရော၊ ညီမအစ်မ စောယုနန္ဒာရော သရုပ်ဆောင် ကြတယ်။ တစ်ခါတလေ ညီအစ်မနှစ်ယောက် အတူတူတွဲပြီး သရုပ်ဆောင်တယ်။ အမေကတော့ ရိုက်ကွင်းမှာ ဒါရိုက်တာ တစ်ယောက် အနေနဲ့ပဲနေတယ်။ ညီမကို သမီးဖြစ်လို့ဆိုပြီး အလျှော့ပေးတာတွေ၊ အလိုလိုက်တာ တွေမရှိဘူး။ လိုအပ်တာတွေ အမြဲသင်ပေးပါတယ်။ ဒီဇာတ်လမ်းတွေက အရင်ကတည်းက အသံနဲ့လွှင့်ချိန်မှာ တအားနာမည်ကြီး ခဲ့တဲ့အတွက် ပြန်သရုပ်ဆောင်ရတာ တာဝန်ကြီးတယ်။ အခုညီမတို့ ပြန်သရုပ်ဆောင်တော့ လူကြီးရော၊ လူငယ်ရောကြိုက်ကြတယ်။ ညီမက ဒီဇာတ်လမ်းတွဲမှာသရုပ်ဆောင်ဖို့ အဝတ်အစား၊ ဆံပင်၊ ခြေသည်း လက်သည်းကအစ သေသေချာချာ ဂရုစိုက်တယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ကိုယ့်အသံနဲ့မဟုတ်တဲ့ အတွက် လည်း ဒိုင်ယာလော့တွေ၊ စာသားတွေ အများကြီး ကျက်ရပါတယ်”လို့ ပြောပြပါတယ်။
တက်သစ်စ သရုပ်ဆောင် ဧငြိမ်းဖြူ အနေနဲ့လည်း မီဒီယာနဲ့ ဆက်သွယ်မှု၊ မီဒီယာမှတစ်ဆင့် သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေ ပရိသတ်သိရှိအောင် ပြုလုပ်မှုတွေအကြောင်းကိုတော့ …
”ညီမတို့ဇာတ်လမ်းတွေထွက်ရင်၊ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသရင် မီဒီယာတွေကတစ်ဆင့် ပရိသတ်တွေ ဆီကို အမြဲသိရှိအောင် လုပ်ကြပါ တယ်။ မီဒီယာနဲ့လည်း အဆက်အ သွယ်ရှိတယ်။ ဘယ်လောက်ပဲ အနုပညာ အလုပ်တွေ လုပ်နေလုပ်နေ၊ ဇာတ်ကားတွေ ရိုက်နေရိုက်နေ မီဒီယာက တစ်ဆင့်မပြရင် ပရိသတ်တွေ မသိကြပါဘူး။ ဒါကြောင့် မီဒီယာက ပရိသတ် တွေနဲ့ ညီမတို့ကို ဆက်သွယ်ပေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မရှိမဖြစ်ပါပဲ။ ပရိသတ်တွေသိအောင် လုပ်နိုင်တဲ့နည်းလမ်းတစ်ခုပါပဲ”လို့ ဧငြိမ်းဖြူက ပြောပြပါတယ်။
ဧငြိမ်းဖြူက အကကိုလည်း ဝါသနာပါတာကြောင့် ဒါရိုက်တာ ဝိုင်းနဲ့အတူ အကကို အခြေခံတဲ့ ဇာတ်ကားရိုက်ကူးဦးမယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီဇာတ် ကားမှာ ပါဝင်မယ့် ကကွက်တွေအတွက် ဘန်ကောက်မှာ အကသင်တန်း သွား တက်မယ်လို့ ဧငြိမ်းဖြူက ဆိုပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း