၃နှစ်မြောက် မိုးရာသီ အထူးဖျော်ဖြေပွဲ အတွက် တင်မောင်ဆန်းမင်းဝင်း ဘာတွေပြင်ဆင် ထားသလဲ

0
182

Thin-Mg-San-Min-Winတင်မောင်ဆန်းမင်းဝင်း ရဲ့ မိုးရာသီ အထူးဖျော်ဖြေပွဲကို တော့ ဇွန်လ ၃ဝရက်နေ့က စတင်ပြီး မျှော်စင်ကျွန်းက ရွှေ ဇာတ်ရုံကြီးမှာ ကပြဖျော်ဖြေနေပြီ ဖြစ်ပါတယ်။ အပတ်စဉ် သောကြာနဲ့ စနေနေ့တွေမှာ ဖျော်ဖြေ တင်ဆက်သွားမှာ ဖြစ်ပြီး အခုနှစ်မှာတော့ အရင်နှစ်တွေနဲ့ မတူတဲ့ တင်ဆက်မှု အသစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တင် မောင်ဆန်းမင်းဝင်းက အဘိုးဖြစ် သူ ရွှေမန်း ဦးတင်မောင်နဲ့ အဖေဖြစ်သူ ဦးဆန်းဝင်းတို့ကပြခဲ့တဲ့ နောက်ပိုင်း ဇာတ်တော် ကြီး တွေကို ပြန်လည် ကပြသွားမှာဖြစ်ပြီး ဆက်တင် အခမ်းအနား တွေကိုလည်း ပရိသတ်တွေ ရင်သပ်ရှုမောဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီနှစ်မှာတော့ နောက်ပိုင်း ကဏ္ဍကိုတတ်နိုင်သမျှ ကြိုး စားထားပါတယ်။ ပရိသတ်တွေ အနေနဲ့ အကောင်းဆုံး တင်ဆက် မှု တွေ ကို မြင်တွေ့ရမှာပါ။ အဘိုးတို့ အဖေတို့ကပြခဲ့တာတွေက အနှစ် တွေချည်းပါပဲ။ ကျွန်တော့် အနေနဲ့ အဲဒါတွေကို ပြန်ပြောင်းပြီး လုပ် ချင်တာ လုပ်တာ မဟုတ်ပါဘူး။ အချိန်က တစ်ပွဲလုံးကို ၃နာရီစာ လေးပဲဖျော်ဖြေ ရတာပါ။ ပုံမှန်ဆိုရင် နောက်ပိုင်း ကဏ္ဍကို ၁နာရီ ခွဲ၂နာရီ ကြာအောင် ကပြရပါတယ်။ အခုက ကျတော့ ၄၅မိနစ် လောက်နဲ့အပြီး လုပ်ရတာဖြစ်ပါတယ်။ အဲဒီ့အတွက် အခန်း စဉ်လေး တွေကို လိုတာပိုတာတွေ လျှော့ရပါတယ်။ ဒါကြောင့် တတ်နိုင်သ လောက်တော့ ပြန်ပြောင်းပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ထား ပါ တယ်”လို့ နောက်ပိုင်း ဇာတ်တော်ကြီး နဲ့ပတ်သက်ပြီး သူကြိုး စားထားမှု အပိုင်းကို တင်မောင်ဆန်းမင်းဝင်း က ပြောပြ ပါတယ်။ ဒီနှစ်မှာလည်း တင်မောင်ဆန်းမင်းဝင်းရဲ့သားဖြစ်သူ မင်းရွှေရောင် တင်က ကပြသွားမှာဖြစ်ပြီး အော်ပရာတွေမှာ အနည်းငယ် ပါဝင် ကပြသွားနိုင်ဖို့အထိ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

“ဇာတ်လမ်း အနေနဲ့ ကပြနိုင်အောင်လည်း ကျွန်တော်ကြိုး စားထားပါတယ်။ နည်းနည်းပါးပါးပေါ့နော်။ ကလေး ဆိုတော့လည်း ကလေးအသိဖြစ်တဲ့ အတွက် သူ့အနေနဲ့က တကယ့် အနုပညာရှင် ကြီးတွေလို အလုပ်လုပ် လို့မရပါဘူး။ အဲဒါက ကျွန်တော့်အတွက် နည်းနည်းလေး ခေါင်းစားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန် တော်တို့ ကပြချိန်က ၇နာရီကနေ ၁ဝနာရီလေ။ အဲဒါကြောင့် သူ့ အတွက် ကျွန်တော့်မှာ တွေးရပါတယ်။ ဇာတ်လမ်း ဇာတ်ထုပ်မှာပါ နိုင်သလောက်လေးကို ရွေးထည့်ဖို့ ကျွန်တော်လုပ်ထားပါတယ်။ ပြီး တော့သူ့ရဲ့တစ်ကိုယ်တော်နှစ်ပါးသွားတင်ဆက်မယ်။ နှစ်ပါးမှာ လည်း သူတစ်ယောက်တည်း ထွက်နိုင်တဲ့ နှစ်ပါးမျိုးပေါ့။ သူတတ်နိုင်သလောက် ကြိုးစားပြမှာပါ။ ကလေးဆိုတော့ ကလေးအမြင်နဲ့ပဲ ကြည့်ပေးပါ” လို့ မင်းရွှေရောင်တင် ပါဝင်တင်ဆက်မယ့် ကဏ္ဍနဲ့ ပတ်သက်ပြီး တင်မောင်ဆန်းမင်းဝင်း ကပြောပါတယ်။ မိုးရာသီ အထူး ဖျော်ဖြေပွဲရဲ့ တင်ဆက်မှု ကိုတော့ အပတ်စဉ် ရဲ့၂ရက် တာည စဉ်တိုင်းမှာ မတူတဲ့ တင်ဆက်မှုတွေနဲ့ ကပြတင်ဆက် သွားမှာဖြစ် ပြီး တစ်ရက် မှာ အော်ပရာကပြမှာ ဖြစ်သလို တစ်ရက်မှာတော့ နောက်ပိုင်း ဇာတ်တော်ကြီး ကပြသွား မှာဖြစ်တယ်လို့သိရပါတယ်။
 
လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here