ရည်ရွယ်ချက် ၃ ရပ်နဲ့ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဂီတပွဲတော်

0
109

peaceပြန်ကြားရေး ဝန်ကြီးဌာနက ကြီးမှူးပြီး ငြိမ်းချမ်းရေး ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ကျင်းပပြုလုပ် တော့မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ကို ပြည်သူများ ပိုမိုသိရှိနားလည်နိုင် ဖို့နဲ့ ပြည်သူများ ပိုမိုပူးပေါင်း ပါဝင်လာရေးကို ရည်ရွယ်တဲ့ အဆို ပါ ငြိမ်းချမ်းရေးဂီတပွဲတော် အဆို ပြိုင်ပွဲကိုတော့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား စတဲ့ မြို့ကြီးများ အပါအဝင် မြို့ကြီး ၁ဝ မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်း ဆိုပြိုင်ပွဲ ပြုလုပ်ရခြင်း အကြောင်း အရင်းကိုတော့ မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေးက . . .
”ဒီငြိမ်းချမ်းရေး ဂီတပွဲတော်ကို ကျွန်တော်တို့ စပြီးတော့ ဆောင်ရွက် ဖို့ စတင်စီစဉ် ကတည်းကပေါ့၊ ကျွန်တော်တို့မှာရည်ရွယ်ချက် သုံးရပ်ရှိပါတယ်။ အဲဒါကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စည်းလုံးညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ် ပြည်တောင်စု တည်ဆောက်ရေးဆိုတဲ့ ဒီအချက် သုံးချက်ပေါ်မှာ အခြေခံပြီး စဉ်းစားပါတယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေ ဘာတွေကြိုးပမ်း ဆောင်ရွက်နေ သလဲဆိုတာ လူငယ်ထုအတွင်း သိစေဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီလို သိဖို့ဆိုရင် လူငယ်တွေ စိတ်ဝင်စားတဲ့ ဂီတပွဲတော်လို ဟာမျိုးတွေ လုပ်မယ်။ ဒါဆိုရင် လူငယ်တွေ အများကြီး ပါဝင်လာ မယ်။ ဒီလိုလုပ်သွားခြင်း အားဖြင့် လူငယ်တွေရဲ့ ရင်ထဲမှာ ငြိမ်းချမ်း ရေးဆိုတဲ့ စကားလုံး ၃ လုံးဝင်သွားရင် ကျေနပ်ပြီဆိုတဲ့ စိတ်ဆန္ဒနဲ့ ကျွန်တော်တို့ ဒီပွဲကို စတင်ခဲ့တာ ဖြစ်ပါတယ်” လို့ပြောပါတယ်။
အဆိုပါ ငြိမ်းချမ်းရေး ဂီတ ပွဲတော်ကိုတော့ တောင်ကြီး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ စစ်တွေ၊ ကလေး၊ နေပြည် တော်နဲ့ ရန်ကုန် စတဲ့မြို့ကြီး ၁ဝ မြို့ မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့က စတင်ပြီး တောင်ကြီးမြို့မှာ စတင်ကျင်းပ သွားမှာဖြစ်ပြီး MRTV ရုပ်သံမှာ လည်း တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးဖိုင်နယ် ကိုတော့ ရန်ကုန်မှာ ကျင်းပသွားမှာ ဖြစ်ပြီး နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင် ဘာလဆန်းပိုင်းမှာ ကျင်းပသွားမယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ပထမဆု ကျပ်သိန်း ၃ဝဝ၊ ဒုတိယဆု ကျပ်သိန်း ၂ဝဝ၊ တတိယဆုသိန်းကျပ်၁ဝဝနဲ့ နှစ်သိမ့်ဆု အတွက် ကျပ်သိန်း ၃ဝ စီ ဆုချီးမြင့် သွားမှာဖြစ်ပါတယ်။
အကဲဖြတ်ဒိုင်များအဖြစ် ဦးတင်ဦးလေး၊ နွဲ့ယဉ်ဝင်း၊ မြင့်မိုး အောင်၊ မင်းချစ်သူ၊ ဓီရာမိုရ် စတဲ့ အနုပညာရှင်များက အကဲဖြတ် ဒိုင်အဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here