ပြိုင်ပွဲဝင်အလှမယ်များကို ပြိုင်ပွဲအတွက် လိုအပ်ချက်များပြောပြတဲ့ Miss Myanmar International ၂ဝ၁၆ အလှမယ် အင်ကြင်းထူး

2
327

miss Miss Myanmar International ၂ဝ၁၆ အလှမယ် အင်ကြင်းထူးက ယခုနှစ် Miss Myanmar International ၂ဝ၁၇ အလှမယ် ရွေးချယ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ဆန်ခါတင် အလှမယ်များ ပြိုင်ပွဲအပေါ် အကောင်းဆုံး စိတ်နှစ်ပြီး ကြိုးစားစေချင်ကြောင်း ပြောလာပါတယ်။
” အဓိက ပြောချင်တာကတော့ ဆုံးဖြတ်ချက်ကို အခိုင်အမာချပြီးတော့ ကြိုးစားစေချင်တယ်။ ဒီပြိုင်ပွဲ အပေါ်မှာ ကိုယ့်ရဲ့စိတ်ကို တအား ပြင်းပြစေချင်တယ်။ ပြီးတော့ ဒီ Crown ကိုရမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ရောပေါ့နော်။ အခက် အခဲ အများကြီးလည်း ကြုံတွေ့ရမှာပါ။ ဒါကြောင့် ကိုယ့်စိတ်ကို အကောင်း ဆုံးထားပြီး ကြိုးစားစေ ချင်ပါတယ်”လို့ အလှမယ်များအနေနဲ့ ပြိုင်ပွဲမှာအကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကြဖို့ အလှမယ် အင်ကြင်းထူးက ပြောလာခြင်း ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် အလှမယ်များ အနေနဲ့ Body, Beauty, Brain ပိုင်းတို့မှာ လိုအပ်ချက်မရှိအေင် လေ့ကျင့်ထားကြဖို့နဲ့ Camp ဝင် လေ့ကျင့်နေတဲ့ ကာလအတွင်းမှာ ပြုလုပ်မယ့် Activity တိုင်းမှာလည်း လစ်ဟာမှု မရှိအောင် ကြိုးစားသွားကြဖို့ လိုအပ်ကြောင်းကို အလှမယ် အင်ကြင်းထူးက ” Body, Beauty, Brain ပိုင်း တွေမှာ ကိုယ့်ဘက်က လိုအပ်ချက် မရှိအောင် လေ့ကျင့်ထားရမယ်။ Brain ပိုင်းမှာဆိုရင် Yutube, Internet, facebook တို့ကနေ Miss ပွဲနဲ့ ပတ်သက်တဲ့ အမေး အဖြေတွေကို လေ့လာစေချင်တယ်။ ပြီးတော့ Beauty ပိုင်းမှာဆိုရင် ကိုယ့်အလှ Beauty ပဲ မဟုတ်ဘူး။ Mind Beauty ပိုင်းကိုလည်း ဂရုစိုက် စေချင်တယ်။ ဘာလို့ လဲဆိုတော့ Japan Organization က လူတွေက စိတ်ကိုကြည့်ပြီး ပေါင်းကြတယ်။ Miss တစ်ယောက် ရဲ့ စိတ်ဓါတ်ကို ကြည့်ပြီးတော့ သူတို့က ဆုံးဖြတ်ကြတယ်။ ဝေဖန်ကြတယ်။ အမှတ် ပေးကြတယ်။ ဟိုမှာလည်း Camp ဝင်ချိန်အတွင်းမှာ အမှတ် ပေးသလို၊ ဒီမှာကလည်း Camp ဝင်ကတည်းက အမှတ်ပေးနေတာ ဖြစ်တဲ့အတွက် Camp မှာကတည်းက ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာ ဖြစ်ပြီး Activity တိုင်းကိုလည်း တစ်ရက်ချင်းစီမှာ ကိုယ်ကလစ်ဟာမှုမရှိအောင် ကြိုးစားစေချင်ပါတယ်” လို့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ထပ်မံပြောပြခဲ့ပါတယ်။
Miss Myanmar International ၂ဝ၁၆ အလှမယ် အင်ကြင်းထူးဟာဆိုရင် အခုနှစ် Miss Myanmar International ၂ဝ၁၇ ဆုရရှိမယ့် အလှမယ်ကို Crown လွှဲအပ်ပေးရမှာဖြစ်ပြီး ၂ဝ၁၇ ခုနှစ်အတွက် ထွက်ပေါ်လာမယ့် အလှမယ်အတွက်ကိုလည်း ကြိုတင်ရင်ခုန်နေရကြောင်းပြောပြပါတယ်။

ဇင်မာနွယ်


2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here