တိုင်းပြည်ကို ဒဂါင်္င်္းနဲ့ လဲသူ

0
136

KoNyeinစာတစ်ပုဒ်ထဲမှာ ဒီလိုဖတ်ဖူးတယ်
တိုင်းပြည် တိုးတက်လိုသော သူသည် ပျားဖွပ်သမားကဲ့သို့ စိတ်ထားရာ ပျားဖွပ် သမားသည် ပျားရည်ရမှုကိုသာ စိတ်စော၍ ပျားစွဲသော သစ်ပင်၏ ကောင်းသော၊ ဆိုး သော၊ ချိုသော၊ ခါးသော၊ မွှေးသော၊ နံ သော “သောတစ်ရာ့ ခြောက်ဆယ်” အခြင်း အရာများ ကို ဂရုမပြု။ စွဲသောပျား၏ အရသာကိုသာ အာရုံပြု၍ ဖွပ်ယူသုံးစွဲ သည်။

သင့်လျော်သည့် လမ်းစဉ်တစ်ခုခုဖြင့် လူ့ဘောင်သစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းလို သူများသည် လက်ဝဲဂိုဏ်းသော၊ လက်ယာဂိုဏ်းသော၊ ရုပ်ဝါဒီသော၊ နာမ် ဝါဒီသော၊ ဘာသာမဲ့သော၊ ဘာသာရှိသော နှင့် ဘာသာကွဲသော “သောတစ်ရာ့ခြောက် ဆယ်” သောက်သောက်လည်အောင် ဇီဇာ မကြောင်ကြမူ၍၊ မိမိတို့လမ်းစဉ်အတွက် အသုံးကျ (အသုံးကျ)ပါက မည်သည့်ဂိုဏ်း၊ မည်သူ့ထံမှဖြစ်စေ၊ မိမိလမ်းစဉ်နှင့် အဆင် ပြေ၊ အနေတော်သော လုပ်ထုံးလုပ်နည်း များကို ယူကြရာသည်။
အဲဒီစာက ဒီလို ဆက်ဆိုသေးသဗျ

လုပ်ထုံး လုပ်နည်းများကို လက်တွေ့ အသုံးချသော အခါမှသာ “ပျားရည်တစ်ခွက်၊ ရှားစောင်းတစ်စက်” အစား “ပျားရည် တစ်စက်၊ ရှားစောင်းတစ်ခွက်” ဆိုပြီး ပြောင်းပြန် မလုပ်မိဖို့ အထူးသတိထားသင့်သည်။

လုပ်ထုံးလုပ်နည်းကို ယူရာ၌ ပုံစံတူကူး မချဘဲ၊ “မူ”လောက်ကိုသာယူ၍ အချိုးအစား၊ အကျဉ်းအကျယ် သင့်သလို ချဲ့ခြင်း၊ ချုံ့ခြင်း၊ ဖြည့် စွက်ခြင်းတို့ကို ပြုရာသည်။ သဘော မှာ ရှပ်အင်္ကျီ ချုပ်လျှင် ရှပ်အင်္ကျီပုံကို ယူ ရမည်ဖြစ်သော်လည်း အကျဉ်းအကျယ် ကိုယ်ထည် အချိုးကျအောင်ကား ဝတ်မည့် သူနှင့်သာ တိုင်းချုပ်ရာသည်။ သူများအင်္ကျီ အိတ် တစ်ဖက် တပ်သော်လည်း ကိုယ့်အတွက် နှစ်ဖက်တပ်ဖို့ နှစ်ဖက်တပ်ရာ သည်။ သူများ ကော်လာ တပ်သော်လည်း ကိုယ့်အတွက် ကော်လာမလိုလျှင် ကော်လာ မတပ်ဘဲ ထားရာသည်။
ထိုစာထဲ၌ အင်္ကျီမှာ အိပ်ထောင် အများ ကြီးတပ်ထားသော ဘုရင် တစ်ပါးအကြောင်း ကလည်း ဤသို့

လူသည် “လေ” ကဲ့သို့ ကျင့်ရာ၏။ လေ သည် ပန်းရုံပန်းချုံ တစ်ခုခုသို့ သွား၍လည်း ဇိမ်ခံမနေ။ ညစ်ပတ် နံစော်သော နေရာသို့ ရောက်လျှင်လည်း အလူးလဲ မပေကျံ။ ချမ်း သာ၊ ဆင်းရဲတွေ့တိုင်းလည်း “လူ” သည် လေကဲ့သို့ ကျင့်ရာ၏။ သို့မှသာ တိုးတက်မှု အရှိန်မပျက် ဆက်လက် တိုးတက်နိုင်သည်။

ဇိမ်ခံမည်ကြံလျှင် ရှင်ဘုရင်ဘဝမှ သူတောင်းစား ဘဝ ရောက်သွားတတ်သည်။ စပိန်အပါအဝင် ဂရန္နဒါပြည့်ရှင် “အက်ဗ် ဒလ္လာအက်စ်ဇဂါလ်” အမည်ရှိသော လူ မည်းဘုရင် ကြီး (၁၄၈၅-၁၄၉၁)သည် မိမိ၏ တိုင်းပြည်ကို “မရဗေဒီ” ခေါ်သော စပိန်ရွှေဒင်္ဂါး ငါးသန်း (ဒေါ်လာ 17,000,000) နှင့်ရောင်း၍ ဇိမ်ခံခဲ့ ဖူး၏။

တစ်ခါသ၌ သူသည်သက်သက် သာသာ ဇိမ်ခံရမည့်နေရာကို ရှာရင်း အာဖရိကဘက် သို့ကူးလာရာ သူမျှော် မှန်းသည့် အတိုင်း ဖြစ် မလာဘဲ “ဖက်ဇ် ဘုရင်- ဗီနီမာရင်” က သူ့အားဖမ်း၊ ပစ္စည်း တွေ အကုန်ယူပြီးတော့ မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပစ်လိုက်သည်။

မိမိထိုစာကို ဆက်မဖတ်ဖြစ်တော့

ဘာဆက်ဖြစ်ဦးမည်လဲကို မိမိမသိ ချင်တော့။ လူတိုင်းတွေး ကြည့်လို့ ရပါသည်။ မိမိသည် ထိုစာ  ထဲမှ ဘုရင်ကြီးကိုခေါင်းထဲက ဖယ်ထုတ်ပစ်လိုက်သည်။ ခေါင်းညစ်ညမ်း တာမခံနိုင်။ ခေါင်းကိုလည်း ညှဉ်းဆဲမနေ ချင်တော့။

ဒါပေမဲ့ နှလုံးသားထဲမှာတော့ ဒင်္ဂါးသံ က တချွင်ချွင်…လွင်။

ကိုငြိမ်း(မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here