သရုပ်ဆောင်ဘက်မှာ ပိုမြင်တွေ့ရမယ် ဆိုတဲ့ Miss Now How 2017 ဆုရှင် ယွန်းဝင့်လွှာအောင်

0
190

Yoon-Wunt-Hwar-1Miss Now How 2017  ဆုရှင် ယွန်းဝင့်လွှာအောင်ရဲ့ အသက် ၁၉ နှစ်ပြည့် မွေးနေ့နှင့် စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကို ဇွန်လ ၂၄ ရက်နေ့ က Parami Hotel မှာရှိတဲ့ Piano Bar မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မွေးနေ့ပွဲ ကျင်းပပြုလုပ်ဖြစ်ခဲ့တာနဲ့ ပတ် သက်ပြီးMiss Now How 2017 ဆုရှင် ယွန်းဝင့်လွှာအောင်က

“မွေးနေ့မတိုင်ခင်ည ၁၂ နာရီထိုးမှာ MRTV-4က သင်တန်းသူတွေ အကုန်လုံးက Birthday Surprise လာလုပ် ပေးကြတယ်။ ယွန်းက နှစ်တိုင်း မွေးနေ့ကို ဒီလိုပွဲသိပ် မလုပ် ဖြစ်ဘူး။ လုပ်မယ် ဆိုလည်း မိသားစု အသိုင်းအဝိုင်း နဲ့ပဲ လုပ်ဖြစ်တာများတယ်။ တစ်ခါတလေကျရင် ဖေဖေရှိတဲ့ ကလောမြို့မှာ အလှူ သွားလုပ်ဖြစ်တယ်။ အခုလို သူငယ်ချင်းတွေနဲ့ ဒီလိုပွဲကြီးတော့ ဘဝမှာ တစ်ခါမှ မလုပ်ဖူးဘူး။ ဒီနှစ်မွေးနေ့က ယွန်းရဲ့ဘဝမှာ အမှတ်တရ ဖြစ်မယ့် မွေးနေ့ပါ”လို့ ပြောပါတယ်။

တခြား Miss ပြိုင်ပွဲတွေတော့ ဝင်ရောက်ယှဉ် ပြိုင်ဖို့မရှိသေး ကြောင်းပြောတဲ့ Miss Now How 2017  ဆုရှင် ယွန်းဝင့်လွှာအောင် က နောက်ပိုင်းမှာတော့ မော်ဒယ် ထက် သရုပ်ဆောင် ဘက်ကို ပိုမြင်တွေ့ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

“ယွန်းအခု မော်ဒယ်ဘက်ထက် သရုပ်ဆောင်ဘက်လိုင်း ကို သွားနေပါတယ်။ MRTV- 4 မှာ သရုပ်ဆောင် သင်တန်း တက်ရောက်နေပါတယ်။ ၂ လပြည့် သွားပါပြီ။ သင်တန်းက ၃လ တက်ရပါမယ်။ သရုပ်ဆောင်ပိုင်းကို ပိုပြီး သွားနေပါတယ်။ အဓိကက ယွန်းငယ်ငယ် ကလေးတည်းက သရုပ်ဆောင်ပိုင်းကို ပိုပြီး ဝါသနာပါ တယ်။ ဒီ Miss Now How ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာက ဘဝမှာ တစ်ခါ အတွေ့အကြုံ အနေနဲ့ ဝင်ပြိုင်ရင်းကနေ ဒီဆုကို မထင်မှတ်ဘဲ ကံကောင်းစွာနဲ့ ရခဲ့တယ်။ အခုသရုပ် ဆောင်သင်တန်း မှာလည်း ဆရာတွေက Train ပေးတယ်။ မော်ဒယ် တစ်ယောက်ထက် သရုပ် ဆောင် တစ်ယောက်က ပိုခက်ခဲမယ် လို့မြင်တယ်။ စိတ်ရော လူရော အရမ်း ပင်ပန်းရပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here