ဆန့်ကျင်ဘက် ကျောင်းဆရာ နှစ်ဦး FIST FIGHT

0
349

maxresdefaultဇာတ်ကားက ၂ဝ၁၇ ခုနှစ် မတ်လထဲမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၉၁ မိနစ်ကြာမြင့်ပြီး အမေရိကန် ဒေါ်လာ ၂၅သန်း ကုန် ကျပြီးတော့ ဒေါ်လာသန်း ၅ဝ ကျော် ပြန်ရရှိနေပြီ ဖြစ်ပါတယ်။

ရိုက်ကူးတဲ့ ဒါရိုက်တာက Richie Keen ဆိုတဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ အထူးဇာတ် ကောင်တွေ အဖြစ် သရုပ် ဆောင်ပေးသူတွေ ကတော့ လူ မည်းမင်းသား Ice Cube နဲ့ ဟောလိဝုဒ် မင်းသား  Charlie Day တို့ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်က အသွင် မတူ အယူအဆ မတူတဲ့ ကျောင်းဆရာနှစ်ဦး အဖြစ် သရုပ် ဆောင်ကြတာပါ။

အရွယ်ရောက်နေ ကြပြီး ဖြစ်တဲ့ အထက်တန်း ကျောင်းသား၊ ကျောင်း သူတွေရဲ့ အကျင့်စာရိတ္တ ပျက်စီး ယိုယွင်းနေ မှုတွေ ခေါက် ကျိုးနေမှ ကျောင်းဆရာ အသစ်အဖြစ်နဲ့ ရောက် လာကြရသူတွေမှာ ကြုံကြရတဲ့ ဒုက္ခ ဟာ ပြောမပြနိုင်လောက်အောင်ပါပဲ ဆိုတာရယ်၊ တိုးတက်နေပါတယ် ဆို တဲ့ ခေတ်ကြီးတစ်ခေတ်ရဲ့ နှိပ်စက်မှု ဒဏ်ရယ်၊ အိမ်က မိဘတွေရဲ့ သွန်သင် ဆုံးမမှု၊ ကိုယ်ကျင့်တရား လိုအပ် ချက် တွေရယ်၊ ကုလားထိုင် ပေါ်ကဖင်မကြွ ဘဲ စာအုပ်ထဲက ဥပဒေနဲ့သာ အလုပ် လုပ်နေကြတဲ့ အထက်လူကြီး ဆိုတဲ့ ပညာရေးဆိုင်ရာ အရာရှိ ပုဂ္ဂိုလ်ကြီး တွေရယ် အဲဒီ လိုအပ်ချက်တွေကို ရိုက်ကူး တင်ပြထားတဲ့ ဇာတ်ကား တစ်ကားဖြစ်တာကို တွေ့ရပါတယ်။ လက်ရှိအချိန် ဒီရာသီဟာလည်း ဒီ နိုင်ငံမှာ ကျောင်းတွေပြန်ဖွင့် စာသင် ခန်းတွေ ပြန်ဝင်နေကြတဲ့ အခါနဲ့ တိုက်ဆိုင်နေတာ မို့ ရေးပြချင် စိတ် လေးလည်း ပေါ်လာခဲ့တာဖြစ်ပါ တယ်။

ကျောင်းမှာ လေ့ကျင့်ခန်းအ တွက် အသုံးပြုဖို့ ထားတဲ့ တီဗီနဲ့ မဖွယ်မရာ လိင်ကား တွေကို ကျောင်းသား တွေရော ၊ ကျောင်းသူ တွေ ပါ ဗြောင်ကြည့် ကြတယ်။ ဆရာစာ သင်နေတဲ့ သင်ခန်း စာကို တစ်ယောက်မှ ဂရုမစိုက်တဲ့ အပြင် သင်နေတဲ့ ဆရာကို အရုပ်တစ်ခုလို၊ ငပေါကြီး တစ်ယောက်လိုဖြစ်အောင် သင် ခန်းစာတွေကို ကမောက်ကမဖြစ် အောင်လုပ်ကြတယ်။

လူမည်းဆရာက သူ့ရဲ့မှန်ကန် တဲ့ စေတနာနဲ့ အမှန်တကယ် တတ် ကျွမ်းတဲ့ သူ့ရဲ့ဂုဏ်ရည်ကို အားကိုး ပြီး ဒေါသကြီး လွန်း တယ်။ နောက် လူဖြူဆရာ တစ်ယောက်က တော့ ကျောင်းသားတွေရဲ့ ဓလေ့ စရိုက်နဲ့ အထာကို သိအောင်ကြိုးစား နေတယ်။ အဲဒီ ကာလမှာပဲ သူတို့ နှစ်ယောက် အယူအဆက တစ်မျိုး စီ ဖြစ်နေတယ်။

အဲဒီတော့ ဆရာကို ဆရာလို့ မထင်ဘဲ အကျင့်စာရိတ္တ ပျက်စီးနေတဲ့ ကျောင်းသားတွေ ဘာဖြစ်သွားမလဲ။ တစ်ယောက် တစ်မျိုး စီ ဖြစ်နေတဲ့ ဆရာတွေကော ဘာဖြစ်လာမလဲ။ ကျောင်းတစ်ကျောင်းလုံးကရော နောက်ဆုံးမှာ ပြောင်းလဲသွားမလား။ အရမ်း စိတ်လှုပ် ရှား စရာ ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တယ် ဆိုတာကို ပြောချင်ပါတယ်။ ကြည့် လည်း ကြည့်စေပါတယ်။

ဝင်းကိုမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here