ရှေ့ကိုတစ်လှမ်း တိုးဖို့ဆိုတာ ပရိသတ်တွေရဲ့ လက်ခံမှု အပေါ်မှာ မူတည်ပါတယ် နန်းဆုဦး

0
194

Nan-Su-Ooအနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားပြီး ဇာတ်လမ်း ကာရိုက်တာ မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင် တတ်တဲ့   အနုပညာရှင် ကတော့ သရုပ်ဆောင် နန်းဆုဦး ပဲဖြစ်ပါတယ်။ အနု ပညာသက်တမ်း ရလာတာ နဲ့အမျှလည်း အတွေ့အကြုံတွေ ပိုရ လာပြီး   ပရိသတ်တွေ အတွက် အများကြီး ကြိုးစားရဦးမှာ ဖြစ်ကြောင်း နန်းဆုဦး က ပြောပါတယ်။

“နန်းဆုက ကိုယ့်ကိုယ်ကိုယ် ကြည့်လို့ ရှိရင် အမြဲတမ်း လိုအပ်ချက် တွေ အများကြီးရှိတယ်။ အများကြီး ကြိုးစားရဦးမယ်။ အခု နန်းဆု   ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းနဲ့ နန်းဆု အများကြီး ထပ်ပြီး လေ့လာရဦးမယ်။ အများကြီး ထပ်ပြီးလုပ်ပြရ ဦးမယ်။ နန်းဆု အနေ နဲ့ က   နန်းဆုကိုယ် နန်းဆု ဘယ်တော့မှ အားရတယ်လို့ မရှိပါဘူး။ ကြိုးစားရဦးမယ်။ အမြဲတမ်း ထပ်ပြီး အနုပညာ ဝမ်းစာလည်း ဖြည့် ရဦးမယ်” လို့   ပြောပါတယ်။   နောက်ပိုင်းမှာတော့ အချစ်ဇာတ်ကား သီးသန့် ရိုက်ကူး လာတာ နည်းပြီး မိသားစု ဒရမ်မာ ပိုရိုက်ကူး ဖြစ်လာကြောင်း လည်း သိရပါတယ်။

ဇာတ်လမ်း မျိုးစုံကို သရုပ်ဆောင်ချင်တဲ့ နန်းဆုဦးက ပရိသတ်တွေ အားပေးမှု ရရှိနေတဲ့ အတွက် အခု လို နေရာ တစ်ခုမှာ   ရပ်တည်နေနိုင်တာ ဖြစ်ကြောင်း ပြော ပါတယ်။ “အဓိကက ပရိသတ်ကြီးကြောင့်ပါ။ နန်းဆု တို့ ဘယ်လိုပဲ ကြိုးစား ကြိုးစား အနု ပညာ Talent ပဲရှိရှိ၊ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ပရိသတ်တွေ ရဲ့ လက်ခံမှု မရှိခဲ့ရင် နန်းဆုတို့ အနုပညာ သမားတွေ အနေနဲ့ ဘယ် တော့ မှ ရှေ့ကို တစ်လှမ်းတိုးလို့ မရဘူး။ ကိုယ့်ရဲ့ ဒီနေရာ မှာပဲ   ရပ်နေရမယ်။ ရှေ့ကိုတစ်လှမ်း တိုးဖို့ဆိုတာ ပရိသတ်တွေ ရဲ့ လက်ခံမှု အပေါ်မှာ မူတည်ပါတယ်။ နန်းဆု ကတော့ အစွမ်း ကုန်ကြိုးစားတယ်။   အဓိက ကတော့ ပရိသတ်တွေ က နန်းဆုရဲ့ အင်အားပါ” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here