၇ နှစ်ကြာ စီစဉ်လာခဲ့တဲ့ စီးရီးသစ်ကို ဒီနှစ်ထဲမှာ ထွက်နိုင်အောင် လုပ်မယ့် ကော်နီ

0
108

Kaw-Niiiအဆိုတော်ကော်နီ က ယခုနှစ်ထဲမှာ One Lady Show  ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ခုချိန်မှာတော့ အစီအစဉ်ပြောင်း သွားပြီလို့  သိရပါတယ်။

One Lady Show  ကို ဒီနှစ်ထဲမှာ မပြုလုပ်တော့ဘဲ စီးရီးသစ်ကိုပဲ ထွက်နိုင်ဖို့ လုပ်တော့မယ် လို့ ကော်နီက ပြောပါတယ်။ “ဒီနှစ်ထဲ မှာပဲ ရှေ့ ပိုင်း မှာ မကော်ရယ်၊ ကို ချစ်ကောင်း၊ ကိုတူး၊ ဟေမာတို့နဲ့ ၄ ယောက်ပွဲလေး လုပ်ထားတာရှိတယ်။ အဲဒါက ရန်ကုန်ရော၊   မန္တလေးရော နှစ်ပွဲ လုပ်ဖြစ်တယ်။ အဲဒီတော့ မကော်ရဲ့ One Lady Show  ကို ဒီနှစ်ထဲ မှာ မလုပ်တော့ဘူးလို့ စဉ်းစားထားတယ်။ အခွေ သစ်   လေးကို ထွက်နိုင်ဖို့  ကြိုးစားနေတယ်။ မကော်က အိမ်မှာ အမေနဲ့ နှစ်ယောက်တည်း နေတာ ဆို တော့ တခြား ကိစ္စတွေ ဘက်ကို   လှည့်ဖို့အချိန် မနည်း လုနေရတယ်။ ပြီးတော့ ကြောင်တွေ၊ ခွေးတွေလည်း မွေးထားတာ ဆိုတော့ သူတို့ဝေ ယျာဝိစ္စက ရှိသေး တယ်။ အဲဒီလို   အချိန်ပေးရ တော့ အနုပညာဘက်ကို တအား အားလျော့ တယ်။ ကိုယ့်ကျန်းမာရေး ကိစ္စတို့ ဘာတို့ဆို ရင်လည်း ကိုယ့် ဘာသာပဲ   လုပ်ရတယ် ဆိုတော့ ပွဲလုပ်ဖို့ ဆိုတာထက် အခွေသစ် ထွက်နိုင်ဖို့ပဲ အားစိုက် လိုက်တော့မယ် လို့ ဆုံးဖြတ် လိုက် တယ်”လို့  ကော်နီ က   ပြောပါတယ်။  ကော်နီက သူမရဲ့ စီးရီးသစ်ကို စီစဉ် နေတာ ၇ နှစ် ရှိနေပြီဖြစ်ပြီး ဒီနှစ်ထဲမှာ တော့ အပြီးသတ် ထွက်နိုင်ဖို့ စီစဉ်တော့မှာ ဖြစ်ပါတယ်။ ဒီစီးရီးကတော့ ကိုယ်ပိုင်သံစဉ် တွေလည်း ဖြစ်တာကြောင့် အေးအေးဆေးဆေး အချိန်ယူ ဖန် တီးနေ တာ လို့လည်း ကော်နီ ကပြော ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here