သားဖြစ်သူ ကို ရန်ကုန်မှာ ရှင်ပြုပေးခဲ့တဲ့ အကယ်ဒမီ မေဝင်းမောင်

0
415

May-Win-Mg-(2)တစ်ခေတ် တစ်ခါက အောင်မြင် ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသမီးကြီး အကယ်ဒမီ မေဝင်းမောင်နဲ့ မိသားစုက ယခုမြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေပါတယ်။ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ မှာ အခြေချ နေထိုင်နေတဲ့ မေဝင်းမောင်တို့ မိသားစုက ဇွန်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံ ကိုရောက်ရှိခဲ့ပြီး ရန်ကုန်မြို့မှာ ၂ပတ်ကြာ နေမယ်လို့ သိရပါတယ်။ မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံ ကိုတော့ ဘယ်တော့မှ မမေ့ပါဘူးဆိုတဲ့ မေဝင်းမောင်က မြန်မာနိုင်ငံ ပြန်လာဖြစ်တဲ့ အကြောင်းကို …

“ဒီတစ်ခေါက် ကျွန်မမြန်မာ နိုင်ငံကို ပြန်လာတာ မိသားစုနဲ့ အလုပ် သက်သက်ပါပဲ။ ကျွန်မရဲ့ အဖေ၊ အစ်မ နဲ့တူ၊ တူမ၊ ဆွေမျိုးတွေ ကို တွေ့ဖို့က အဓိကပါပဲ။ ဇူလိုင်လ ၂ရက်နေ့ ကလည်း မဟာစည်မှာ အလှူ လုပ်ဖြစ်ခဲ့တယ်။ ကျွန်မက မွေးရပ်မြေကိုတော့ ဘယ်တော့မှ မမေ့ပါဘူး။ ဟိုမှာအခြေချတာ ကြာပြီ ဆိုတော့ အိမ်လိုဖြစ်နေတယ်။ အခွင့် အရေးရတိုင်း ဒီကိုပြန်လာဖို့ စိတ်ကူး ရှိ တယ်။ ရောက် အောင်ပြန်တယ်။ ကျွန်မအဖေ ကလည်း အသက်ကြီးပြီ ဆိုတော့ လေ။ တစ်နှစ်မှာ တစ် ခါလောက်တော့ မြန်မာနိုင် ငံပြန်လာ နိုင်အောင် ကြိုးစားတယ်။ ဟိုမှာနေပေမယ့် ကိုယ့်မွေးရပ်မြေ ကို လွမ်းတယ်။ ကျွန်မတို့ ဒီတစ်ခေါက် ရန်ကုန်မှာ ၂ပတ်လောက် နေမယ်။ ၁ဝ ရက်နေ့လောက်တော့ ပြန်မှာပါ” လို့ မေဝင်းမောင် က ပြောပြပါတယ်။

မေဝင်းမောင်က အနုပညာကို မြတ်နိုးသူ တစ်ယောက်လည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်ချိန် အခါ အခွင့်သင့်ခိုက် မှာ ပြီးခဲ့တဲ့နှစ်တွေ က သရုပ်ဆောင် ဘုဏ်းသိုက် နဲ့အတူ ဇာတ်ကား တစ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါ သေးတယ်။ ဒီ တစ်ခေါက် မြန် မာနိုင်ငံ ကို ရောက်ရှိခိုက် မှာလည်း အနုပညာ အလုပ်တွေ လုပ် ဖြစ်ဦးမလားလို့ မေးမြန်းတော့…

“ကျွန်မရန်ကုန်ကို ရောက်တဲ့ အချိန်နဲ့ အကြောင်း တိုက်ဆိုင်ရင် တော့ အနုပညာ အလုပ်တွေ လုပ်ချင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်က  အလည် သက်သက်ပါပဲ။ တကယ်လို့ ကိုယ့်ဘက်က အချိန်ပေးနိုင်မယ် ဆို ရင်တော့ ကျွန်မ စိတ်ဝင်စားပါတယ်။ များသော အားဖြင့်ကတော့ အချိန် မပေးနိုင်တာနဲ့ပဲ မလုပ်ဖြစ်ပါဘူး”လို့ မေဝင်းမောင်က ဆက်လက်ပြော ပြပါတယ်။

ရန်ကုန်ကို ရောက်ရှိနေခိုက်မှာ သားသမီးနှစ်ဦးဖြစ်တဲ့ သမီးမေသန္ဒီဝင်း နဲ့ သားငယ် သိင်္ဂါမောင်တို့ကို မြန်မာ့ဂီတကို သင်ပေးခဲ့ပြီး သားငယ်ကို လည်း ပုလဲမြို့သစ်မှာရှိတဲ့ ရတနာမာန်အောင် ကျောင်းတိုက်မှာ ရှင်ပြု မင်္ဂလာပြုလုပ်ပေးခဲ့ပါတယ်။ မေဝင်းမောင်ကလည်း မိခင်တစ်ဦး အနေနဲ့ သားသမီးတွေကို ဗုဒ္ဓဘာသာ အမွေပေးနိုင်ဖို့ အမြဲကြိုးစားနေယ်လို့ ဆိုပါ တယ်။

 မြတ်မိုးပွင့်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here