Coca-Cola ရဲ့ ကမ္ဘာကျော် ကမ်ပိန်း ‘Share a Coke’ နဲ့ ဖြတ်သန်းခဲ့ကြတဲ့ နေ့တစ်နေ့

0
226

Cola-1Coca-Cola မှ ‘Coke ကိုမျှဝေလိုက်ပါ’ ကမ်ပိန်းကို ၂၀၁၂ ခုနှစ်က သြစတြေးလျနိုင်ငံမှာ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နယူးဇီလန်၊ အာဂျင်တီးနား ၊ ဘရာဇီး ၊ တောင်အမေရိက ၊ ဗြိတိန် ၊ တူရကီ ၊ ဂျာမနီ ၊ စပိန် ၊ ချီလီ ၊ အမေရိကန် နဲ့ထိုင်းနိုင်ငံစတဲ့ နိုင်ငံပေါင်း ၇၀ကျော် ရှိ စားသုံးသူများအတွက် ပျော်ရွှင်ဖွယ်ရာ ဆုံစည်းချိန်များကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Coca-Cola ရဲ့ ‘Share a Coke’ အစီအစဉ်နဲ့ အတူ မြန်မာနာမည် များကို Coca-Cola အချိုရည်ဘူး များမှာ ရိုက်နှိပ်ဖော်ပြ ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြတဲ့နေ့လေး တစ်နေ့ကတော့ ဇူလိုင် ၉ ရက်နေ့ကပါ။ Junction City ဒုတိယထပ်မှာ မနက် ၁၁နာရီကနေ ည ၈နာရီ အချိန်အထိ ကျင်းပခဲ့တဲ့ Coca-Cola ရဲ့ ‘Share a Coke’ အစီအစဉ်မှာ Coca-Cola ပရိသတ်တွေ နဲ့အတူ နာမည်ကျော် Beauty Blogger နေခြည်ဦး၊ Project K Dancer အဖွဲ့၊ အဆိုတော် အမွန်း၊ အဆိုတော် Ar.T၊ The Four Music Band စတဲ့ အနုပညာရှင်တွေရဲ့ပူပေါင်းပါဝင်ဖျော်ဖြေ တင်ဆက်မှုတွေလည်းပါဝင်ခဲ့ပါတယ်။

Cola2Coca-Cola Myanmar ရဲ့ General Manager ဖြစ်သူ Mr.Rehan Khan က ” မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း ဟာ ကွဲပြား ခြားနားတဲ့ စရိုက် သဘာဝ ရှိသူတွေ နဲ့ ဖွဲ့စည်းထားတဲ့၊ တက်ကြွပြီး အားမာန် ပြည့်ဝတဲ့ လူ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့ရဲ့ ‘Coke ကို မျှဝေလိုက်ပါ’ ကမ်ပိန်း နဲ့ အတူ သူငယ်ချင်း အသစ်တွေ နဲ့မိတ်ဖွဲ့တဲ့အခါမှာ မိမိတို့ ရဲ့ ခံစားချက်တွေ ကို ထုတ်ဖော် ပြသဖို့၊ စတင် ဦးဆောင်ပြီး မိတ်ဆက် စကားပြော ဆိုဖို့၊ သူငယ်ချင်း အဟောင်းတွေ ဆိုရင် လည်း ချစ်ခြင်းမေတ္တာတွေ ပြန်လည်နွေးထွေးဖို့၊ မိသားစုနဲ့ အရင်က ထက် ပိုမို နီးနီး ကပ်ကပ် ရှိစေဖို့ Coca-Cola အနေနဲ့ တိုက်တွန်း သွားလိုပါတယ်” လို့ပြောပြ ခဲ့ပါတယ်။ ပူးပေါင်း ပါဝင် ခဲ့တဲ့ အဆိုတော် အမွန်းက လည်း ” Coca-Cola ကတော့ အမြဲတမ်း ဆန်းသစ်ပြီးတော့ ပရိသတ်တွေကို သူတို့ရဲ့ Coke လေးတွေကို Share လေ့ ရှိတယ်။ အခုလည်း သူတို့ရဲ့နည်း အသစ်ဖြစ်တဲ့ အချိုရည်ဘူး မှာ ကိုယ်ချစ်တဲ့ သူတွေရဲ့ နာမည်လေးတွေ ထွင်းပြီးတော့ လက်ဆောင်ပေးတာ ဆိုတော့ ပျော်ဖို့ကောင်း ပါတယ်။ ဈေးကွက် မှာ လည်း မြန်မာ နာမည်တွေ ဖြစ်တဲ့ မောင်တို့၊ ကိုတို့ နာမည် အတိုလေးတွေ ကို ထွင်းပြီးတော့မှ ရောင်းမှာဆိုတော့ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ခုန်စွာဖြတ်သန်းနိုင်မှာပါ” လို့ သူမရဲ့အမြင် ကိုပြောပါတယ်။

Coca-Cola အနေ နဲ့ စားသုံးသူများရဲ့ နာမည်နဲ့ မိမိတို့ ချစ်ခင်ရ သူများရဲ့ နာမည်များကို Coca-Cola အချိုရည်ဘူး များပေါ် မှာ တွေ့မြင်ရမယ့် အခွင့်အရေးကို ‘Coke ကိုမျှဝေလိုက်ပါ’ အမည်ရှိ Coca-Cola ရဲ့စိတ်လှုပ်ရှားဖွယ် ကမ္ဘာကျော် ကမ်ပိန်းအစီ အစဉ်နဲ့ အတူ မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။
#ShareACokeMM

ဓါတ်ပုံ – မင်းမင်းထွန်း

Cola3

Cola4


LEAVE A REPLY

Please enter your comment!
Please enter your name here