လက်ရွေးစင် တေးများရယ်၊ အိမ့်ချစ်နဲ့ ၂ယောက်တွဲ ခွေရယ် ထွက်ဖို့ ကြိုးစားနေတယ် ဟဲလေး

0
290

He-Layအဆိုတော် ဟဲလေးရဲ့ အသက် ၃၆နှစ်ပြည့် မွေးနေ့ကတော့ ဇူလိုင်လ ၄ရက်နေ့မှာ ကျရောက်ခဲ့ပါတယ်။ မွေးနေ့မှာတော့ မန္တလေးမှာ သူငယ်ချင်းတွေနဲ့ အတူ ဖြတ်သန်းဖြစ်ပြီး သစ်တံခါး ဆရာတော်ဆီမှာ လျှပ်စစ်မီးအတွက် လိုအပ်တာတွေ လှူဒါန်းဖြစ်ခဲ့တယ်လို့ ဟဲလေးကဆိုပါတယ်။

“မွေးနေ့က တော့ ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်း နားနား လုပ်လေ့မရှိဘူး။ သူငယ်ချင်းတွေ နဲ့ပဲဖြတ်သန်း တယ်။ ဘာပဲ ပြောပြော ဒီနှစ်ကတော့ မန္တလေးက သူငယ်ချင်းတွေက အစ်ကို့ကို အမှတ်တရ စီစဉ်ပေးတယ်။ အဲဒီအတွက် ကြောင့်ပျော်ပါတယ်” လို့ ဟဲလေးက ပြောပါတယ်။ လက်ရှိမိုးတွင်း ကာလမှာတော့ ဟဲလေးက ပရိသတ်တွေဆီ ချပြမယ့် သီချင်းခွေတွေ အတွက် သီချင်းဖန်တီးမှုတွေ ပြုလုပ်နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဟဲလေးက “မိုးတွင်းမှာ အစ်ကို စီးရီးခွေ ၂ခွေ ပြီးအောင် လုပ်မှာပေါ့နော်။ နောက်ထပ် အတွဲခွေ တွေလည်း ဆိုမှာပါ။ အခွေ၂ ခွေက အစ်ကို့ရဲ့လက်ရွေးစင် တေးများရယ်၊ အိမ့်ချစ်နဲ့ အတွဲခွေရယ်ပေါ့။ လက်ရှိအချိန်မှာ လက်ရွေးစင် တေးများကတော့ ၁ဝပုဒ် ဆိုပြီးသွားပြီ။ အခွေထဲမှာက ၁၆ပုဒ်လောက် ပါမှာပါ။ လက်ရွေးစင်တေးများ အရင်ထွက်ပါမယ်။ ပြီးရင် အိမ့်ချစ်နဲ့ အတွဲခွေထွက်ပါမယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here