ဗီယက်နမ်ကို ခရီးထွက်မယ့် ခင်ဝင့်ဝါ

0
352

Khin-Wint-Warခင်ဝင့်ဝါက ဇူလိုင်လ ၁၉ ရက်နေ့မှာ Travel & Tour  ကုမ္ပဏီ တစ်ခုနဲ့ ဗီယက်နမ် နိုင်ငံကို ၄ ညအိပ်၊ ၅ရက် ခရီးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဗီယက်နမ် ခရီးစဉ်က သူ့အတွက် ပထမဦးဆုံး အကြိမ် သွားရမှာဖြစ်တဲ့အတွက် ရင်ခုန်နေကြောင်းကို ခင်ဝင့်ဝါက..

“ခရီး သွားရတာက စိတ်အပန်းပြေစေတယ်။ ခရီးသွားရင် ညီမထွေထွေ ထူးထူးမပြင်ဆင်ဘူး။ မနက်ဖြန်လိုသွားမှ ဒီနေ့လို ပစ္စည်းတွေ ထည့်တာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မရောက်ဖူးတဲ့ နေရာသစ် တစ်ခုဆိုတော့ ရင်ခုန်တာပေါ့။ ဗီယက်နမ်က ညီမတစ်ခါမှ မသွားဖူးဘူး။ ဒါပထမဦးဆုံး အကြိမ်ပါ” လို့ ပြောပါတယ်။  ဒါရိုက်တာ သြရသ ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင် ထားတဲ့ “ကြောက် ကြောက် ကြောက်” ရုပ်ရှင် ဇာတ်ကားကြီးလည်း မကြာခင် ရုံတင်ပြသတော့ မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါက..

“စိတ်လှုပ်ရှားမှုက ကိုယ်ပါတဲ့ ဇာတ်ကား ရုံတင်ရတော့မယ် ဆိုတော့ အနည်းနဲ့ အများတော့ စိတ်လှုပ်ရှားပါတယ်။ ဒီဇာတ်ကားက ပရိသတ် ကြိုက်လိမ့်မယ်လို့ ညီမ ယုံကြည်ပါတယ်။ ကျေးလက် တစ်ခုတည်းကို ရိုက်တာ မဟုတ်ဘူး။ မြို့က ဇာတ်ဝင်ခန်းတွေလည်း အများကြီးပါတဲ့ အတွက် ရသစုံပေးမယ့် ဇာတ်ကားလေး လို့ထင် ပါတယ်။ ပရိသတ် ကြိုက်မယ် လို့လည်း ညီမ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

အပြင်မှာလည်း သရဲကြောက်တတ်သူ တစ်ဦး ဖြစ်တယ်လို့ ဆိုလာတဲ့ ခင်ဝင့်ဝါက “ကြောက် ကြောက်ကြောက်” ရုပ်ရှင်ဇာတ်ကားကြီး မှာပါတဲ့ တ ချို့ဇာတ်ဝင်ခန်းတွေကိုသင်္ချိုင်းမှာ သွား ရိုက်ကူး ရတဲ့ အတွက်  အမှတ်တရရှိ ကြောင်း ပြောပါတယ်။

“ဒီဇာတ်ကားမှာ ညီမ Scene တွေ အရမ်းမများပါ ဘူး။ Actor တွေကလည်း အရမ်းများတယ်။ သူ့နေရာနှင့် သူ Scene  တွေက မျှတတယ်။ တစ်ယောက်ကို ညီမ အထင် ၁၅ Scene  လောက်ပဲရှိမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Team Work ရိုက်ထားတဲ့ ဇာတ်ကား ဆိုတော့ ပျော်ပါတယ်။ အမှတ် တရက ညီမက သရဲအရမ်း ကြောက်တယ်။ အခုထိလည်း ကြောက်တုန်းပဲ။ ဒီ ဇာတ်ကား ရိုက်တုန်းကဆိုရင် ည၁၂ နာရီမှာ သင်္ချိုင်းမှာ သွားရိုက် ရတာ။ ကျောလည်း  ချမ်းတယ်။ ဒါက အမှတ်တရပါပဲ”လို့ ပြော ပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here