အကယ်ဒမီ ဒွေးပုံတူရုပ်တု ထုလုပ်နေတဲ့ ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်း

0
320

Aung-Kyaw-Tunပန်းပုပညာရှင် ကိုအောင်ကျော်ထွန်းက အခုလက် ရှိမှာတော့ အကယ်ဒမီ ဒွေးရဲ့ပုံတူ ရုပ်တုကို ထုလုပ်လျက် ရှိပါတယ်။ ဒီရုပ်တုထု လုပ်ဖို့အတွက် ကိုတော့ သရုပ် ဆောင် ဇွဲနိုင်ဝင်းက အပ်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒွေးရုပ်တု ကတော့ အခုမှစတည် တုန်းဖြစ်တဲ့ အတွက် ဒွေး ၁ဝနှစ်ပြည့်တဲ့ ဇူလိုင်လ ၁၁ရက်နေ့ကို မမီတော့ကြောင်းလည်း ကိုအောင်ကျော်ထွန်း ကပြောပြ ပါတယ်။ လက်ရှိမှာ သူ့အနေနဲ့လည်း အာဇာနည်နေ့ အတွက် အာဇာနည် ၉ဦး ရဲ့ရုပ်တုတွေကို မနား မနေထု လုပ်လျက် ရှိနေတာကြောင့်ပါ။ “အဓိကတော့ အာဇာနည် နေ့အတွက် နည်းနည်းလေး လည်းလောနေရလို့ပါ။ အာဇာနည်နေ့ ပြီးရင်တော့ ပိုပြီးတော့ သေချာပါတယ်။ ဇူလိုင်လ၁၁ရက်နေ့ကတော့ မမီနိုင်ဘူး။ ပြီးတော့ အမြန်လုပ်လို့လည်း အဆင်မပြေဘူးလေ။ ကိုသားကြီး ရုပ်တုက ကျတော့ ကိုယ်တစ်ပိုင်းပုံထုမှာပါ။ ခေါင်းကနေ ရင်ဘတ် အထိ၂ပေရှိပါတယ်။ ကြေးရုပ် ဖြစ်မလား၊ အင်္ဂတေ ရုပ်ဖြစ်မလား၊ ဖိုင်ဘာရုပ် ဖြစ်မလားတော့ မသိ သေးဘူး။ ကိုဇွဲနိုင်ဝင်းက ဘာနဲ့ လုပ်ချင်လဲတော့ မသိ ဘူး။ ဖိုင်ဘာရုပ် ဖြစ်ဖို့တော့ များတယ်” လို့ ဒွေးရုပ် တုနဲ့ပတ်သက်ပြီး ပန်းပုပညာရှင် ကိုအောင်ကျော် ထွန်း က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here