ဗီဒီယို မင်းသမီးအသစ် တစ်ယောက်ကို ရုပ်ရှင်ဇာတ်ကားကြီးမှာ တင်ဖို့ဆိုတာ တော်တော်ကို မလွယ်တဲ့ကိစ္စပါ ဘေဘီမောင်

0
246

Baby-Maung-1-(1)
မော်ဒယ်၊ သရုပ်ဆောင် ဘေဘီမောင်က ဗီဒီယို ဇာတ်ကားများ ကိုသာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ရိုက်ကူးရပေမယ့် ရုပ်ရှင်ဇာတ် ကား ကိုတော့ ခေါင်း ဆောင်မင်းသမီး အဖြစ် ရိုက်ကူးရခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ရုပ်ရှင် ဇာတ်ကားကို ခေါင်းဆောင်မင်း သမီး အနေနဲ့ ရိုက်ကူးဖြစ်မယ့် အချိန်ကိုတော့ ဘေဘီ မောင်က….

“ညီမကို တချို့ကတော့ ခေါင်းဆောင် မင်းသမီး အနေ နဲ့ရိုက်စေချင်တယ်။ ငှားချင်တယ်။ ဒါပေမဲ့လည်း ညီမတို့က ကိုယ့်ဟာကိုယ်ပဲ ရုန်းကန် ကြိုးစားလာ ရသူဆို တော့ ဗီဒီယိုဇာတ်ကားမှာပဲ ခေါင်းဆာင် အဖြစ် တင်ကောင်း တင်ပါလိမ့်မယ်။ ပြီးတော့ ညီမတို့က ပညာ သားလည်း မဝသေးပါဘူး။ မဝသေးဘူးဆိုတော့ ထုတ် လုပ်သူတွေဘက်ကလည်း ဒါတွေကို စောင့် ကြည့် မှာပဲ လေ။ ပြီးတော့ ဗီဒီယိုမင်းသမီး အသစ် တစ်ယောက်ကို ရုပ်ရှင် ဇာတ်ကားကြီးမှာ တင်ဖို့ဆိုတာ တော်တော်ကို မလွယ်တဲ့ကိစ္စပါ။ ဗီဒီယိုဇာတ်ကား တစ်ကား ရိုက်ရငွေနဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ရငွေ Amount ချင်းက မတူဘူးလေ။ အဲဒီတော့ ကိုယ့်ဘာ သာကိုယ်ပဲ ထုတ်လုပ် ရေးလုပ်ပြီးတော့ ရုပ်ရှင် ဇာတ်ကားကြီးကို ကိုယ်နဲ့လိုက် ဖက်တဲ့ အိုက်တင် တစ်ခုကို ပိုင် ပိုင်နိုင်နိုင် နဲ့ ပရိသတ်ကို ချပြနိုင်တဲ့ အခါမျိုးကျမှပဲ ရုပ်ရှင် ဇာတ်ကားကြီးမှာ မင်းသမီးအဖြစ်နဲ့  တွေ့ရလိမ့်မယ်ထင်ပါတယ်” လို့ဘေဘီမောင်က ပြောပါတယ်။ ရုပ်ရှင် ဇာတ်ကားကို ခေါင်းဆောင် မင်းသမီးအဖြစ် ရိုက်ကူးခွင့် မရသေး ပေမယ့်လည်း ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ ပါဝင် ရိုက်ကူးခွင့်ရနေတဲ့ အတွက် ဝမ်းသာ ပျော်ရွှင်ရကြောင်းကို ဘေဘီမောင်က…

“ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဖို့ဆိုတာက တော်တော် ကို ကြိုးစားရပါတယ်။ ခက်ခဲပါတယ်။ ညီမကံကောင်းလို့ ဒီအချိန် ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးခွင့် ရတာ ဝမ်းသာပါတယ်။ ကံကောင်းတယ်ပေါ့နော်။ ညီမ ပါဝင်ရတဲ့ ဇာတ်ကား တိုင်းမှာလည်း ကာရိုက်တာ တစ်ခုစီတစ်ခုစီမှာလည်း လုပ်ကွက် တစ်ခုစီရပါတယ်။ ပရိသတ် ဗဟုသုတ ရစေမယ့် ဇာတ်လမ်းလေးတွေ ဖြစ်ပါတယ်။
အဲဒီအခါကျတော့ ညီမခေါင်းဆောင် အနေနဲ့ ဆိုတာရယ် လို့တော့မဟုတ်ပါဘူး။ သရုပ်ဆောင် ကောင်း တစ်ယောက် ဖြစ်ချင် တာပေါ့နော်။ အဲဒီတော့ ညီမ လုပ်ခွင့်ရတဲ့ အခါ၊ အခွင့်အရေး ရလာတဲ့အခါမှာ ညီမကြိုးစား သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။ အခုဆိုရင် ဘေဘီမောင်က ခေါင်းဆောင်မင်း သမီး အနေနဲ့ ဗီဒီယိုဇာတ်ကား ၁၇ ကားနဲ့ ရုပ်ရှင် ဇာတ်ကား ၁၃ကားတို့ကို ရိုက်ကူး ထားရှိခဲ့ပြီးပြီဖြစ်ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here