ဇူလိုင်လကုန်မှာ Idiots အဖွဲ့နဲ့အတူ အတွဲစီးရီးထွက်ရှိမယ့် အောင်လ

0
271

aunglaReason တီးဝိုင်းက အောင်လက ယခု ၇ လကုန်ပိုင်းမှာတော့ Idiots  တီးဝိုင်းနဲ့ နှစ်ဖွဲ့ ပေါင်းပြီး EP Album ထွက်ရှိလာဖို့ ရှိတယ်လို့  သိရပါတယ်။ ဒီ EP  မှာတော့ Reason က ၃ ပုဒ်၊ Idiots က ၃ ပုဒ်နဲ့၊ သီချင်း ၆ပုဒ် ပါဝင်မှာ ဖြစ် ပါတယ်။ အောင်လက စက်တင်ဘာလထဲမှာတော့ သူတို့ Reason ရဲ့ တတိယစီးရီး အသုံးတော်ခံကိုလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ အောင်လက ဇူလိုင်လ ၁၆ ရက်နေ့မှာ ထွက်ရှိလာမယ့် ဝိုင်းစုခိုင်သိန်းရဲ့  “မယ်သီတာ”  စီးရီးမှာ လည်း သီချင်း ၂ ပုဒ် ပါဝင်ရေးပေး ထားတဲ့အပြင် စီးရီး တစ်ခွေလုံး အတွက် လိုအပ်တဲ့ Arrange  တွေကိုပါ ပံ့ပိုးပေးထားတယ်လို့ လည်းသိရပါတယ်။ ဒီ “မယ်သီတာ”  စီးရီး စီစဉ်နေချိန်မှာ လည်း အောင်လ နဲ့  ဝိုင်းစုခိုင်သိန်းတို့ရဲ့ လူမှုရေးကိစ္စ တချို့ အပေါ် ဝေဖန်မှုတွေလည်း ရှိနေခဲ့တဲ့ အချိန်ဖြစ်တာ ကြောင့် ဒီအခွေကို ပိုအားစိုက်ပြီး လုပ်ဖြစ်ခဲ့တယ် လို့လည်း အောင်လ က ပြောပါတယ်။

“အကုန်ဝိုင်းပြောနေကြတဲ့ အချိန်မှာ ကျွန်တော်ဆိုရင် facebook ကို အကောင့်တွေ ဘာတွေ တောင်ပြောင်းလိုက်တယ်။ အာရုံနောက် မခံနိုင်တော့ဘူး။ အလုပ်မှာ ထိခိုက်မှာစိုးလို့။ ပြီးတော့ ဝိုင်းစုလည်း အလုပ်တွေ များနေတဲ့ အချိန်မှာ လုပ်ရတာဆိုတော့ ပိုအားစိုက် လုပ်ရတယ်။ ဝိုင်းစုက စိတ်ဓာတ်က မာတယ်။ ကျွန်တော်က Rock တွေသာဆိုတာ စိတ်က သူ့လောက်မမာဘူး။ သူအားပေးတာတွေလည်း အများကြီး ပါပါတယ်။ ခုလိုကိစ္စတွေ ကလည်း နေရာတကာမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေပါပဲ။ ဒါတွေကို ခေါင်းထဲက ထုတ်ပြီး ကိုယ့် အလုပ် အတွက်ပဲ အာရုံစိုက်ရတာပေါ့” လို့  အောင်လက ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here