၁ဝ နှစ်ပြည့်သော်လည်း ပရိသတ် ရင်ထဲမေ့မရနိုင်ဆဲ အကယ်ဒမီ ဒွေး

0
317

Dweဇူလိုင်လ ၁၁ရက်နေ့မှာ ရုပ် ရှင်သရုပ်ဆောင် အကယ်ဒမီဒွေး ကွယ်လွန်ခဲ့တာ ၁ဝနှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ၁ဝ   နှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်ပေမယ့် လည်း ပရိသတ် ရင်ထဲ မှာတော့ ဒွေး ဆိုတာ ရှိနေမြဲ ရှိနေဆဲပါပဲ။ အခု အချိန်ထိလည်း ရုပ်သံလိုင်းတွေမှာ   ဒွေး ဇာတ်ကားတွေကို ပြန်လည်ပြသ လျက်ရှိနေပြီး ပရိသတ်တွေ အတွက် ကတော့ ဒွေးအလွမ်းပြေရယ်ပါ။

ပရိသတ်တွေ ရဲ့အချစ်တော် အကယ်ဒမီ ဒွေးကိုတော့ အဖဦးတင် ထွန်းမောင်နဲ့ မိခင်ဒေါ်အေးအေး သင်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွား ခဲ့ပြီး   မွေးချင်းများထဲမှာ ဒွေးဟာ သားဦးဖြစ်ပါတယ်။ ဒွေးရဲ့အမည် ရင်းကတော့ ထင်လင်း(ခ)သားကြီး ပဲဖြစ်ပါတယ်။ ဒွေးက Y.I.T မှ အင်ဂျင်နီယာ ဘွဲ့ ရထားသူဖြစ်ကာ ဘွဲ့မရခင် ကတည်းက အနုပညာ လောကထဲကို စတင် အခြေချခဲ့သူ   လည်းဖြစ်ပါတယ်။  ရုပ်ရှင်လောက ထဲ ကိုတော့ နာမည်အရင်း ဖြစ်တဲ့ ထင်လင်း အမည်နဲ့ပဲ စတင်ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာတော့ ဒွေး အမည် ပြောင်း သို့   ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ကျော်ဟိန်းရဲ့  “ဒုက္ခကိုအရောင်ဆိုး တယ်” ဗီဒီယို ဇာတ်ကားနဲ့ “ဝေလည်းမွှေးကြွေ လည်းမွှေး”   ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ် အသိများခဲ့ပြီး အနုပညာ လောကမှာ စတင်အောင်မြင်လာ ခဲ့ပါတယ်။ အဲဒီ့နောက် မှာတော့ ရုပ်ရှင် နဲ့ ဗီဒီယို   ဇာတ်ကားပေါင်းများ စွာ ကို ရိုက်ကူး ခဲ့ပြီး ၁၉၉၇ခုနှစ်မှာ တော့ “အမေ့ခြေရာ” ရုပ်ရှင်ဇာတ် ကားနဲ့ အမျိုးသား ဇာတ်ဆောင် ဆုရရှိခဲ့ပါတယ်။   ဒွေးဟာ ရုပ်ရှင် ဘက်တင် မကဘဲ အဆိုပိုင်း မှာလည်း အောင်မြင်လူသိများခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

အခုလို အနုပညာ လောကမှာ   လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အချိန်မှာပဲ ၂ဝဝ၇ ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့ မှာ တော့ ဒွေးဟာ ချစ်ဇနီး မမိုးမိုးနဲ့  ပရိသတ်တွေ   အားလုံးကို ထားရစ်ခဲ့ ပါတယ်။ နေအိမ်မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန် သွားခဲ့တဲ့ ဒွေးဟာ ကွယ်လွန်ချိန် မှာတော့ အသက် ၄၂နှစ်ပဲ   ရှိပါသေးတယ်။ ဇူလိုင်လ၁၃ ရက်နေ့ မနက် ၄နာရီ မှာ တော့ နေအိမ်တွင် ပင့်သံဃာတော် အရှင်သူမြတ်များထံ မှ သီလခံယူကာ   ရေစက်ချအမျှဝေခဲ့ ပြီး မနက်၅ နာရီ မှာတော့ ရေဝေးအအေးတိုက်မှ တစ်ဆင့်ရေဝေး သုသာန်မှာ မီး သင်္ဂြိုဟ်ခဲ့ပါတယ်။ လင်းလက်   တောက်ပနေတဲ့ ပြည်သူချစ်တဲ့ အနုပညာကြယ် တစ်ပွင့်ဟာ အနု ပညာလောကကနေ အချိန်မတိုင် ခင်မှာ နှုတ်ဆက် ထွက်ခွာခဲ့ရတာ   ပဲဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here