ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဝိတ်ချနေတဲ့ ဂန္ထဝင်

0
254

GanHtaWinမိန်းကလေးတိုင်း အတွက် အလှအပဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် လှပမှု ရှိအောင်လည်း မိန်းကလေးတိုင်းက ဂရုတစိုက်နဲ့ ပြုပြင် ထိန်းသိမ်းလေ့ ရှိကြပါတယ်။ အနုပညာရှင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဂန္ထဝင်ကလည်း အလှအပကို ဂရုတစိုက် ထိန်းသိမ်းတတ်သူ တစ်ဦး ဖြစ်ပါ တယ်။ သူ့ရဲ့ အလှအပနဲ့ ပတ်သက်ပြီး ထိန်းသိမ်း စောင့်ရှောက်ဖြစ်ပုံ ကိုတော့ ဂန္ထဝင် က…

“အခုအချိန်မှာတော့ အသက် ၂ဝကျော်နဲ့ ၃ဝကျော် ကွာခြားမှုတော့ ရှိတာပေါ့နော်။ အဓိကကတော့ အစားအသောက် နဲ့ ပတ်သက်ပြီးတော့ အဆီအဆိမ့်တွေ သိပ်မစားဘူး။ အသီးအရွက် စားတယ်။ အိပ်ရေးပျက်မခံဘူး။ အိပ်ရေးဝအောင် အိပ်တယ်။ အခုနောက်ပိုင်း မှာတော့  ပိုင်းကို အရင်ထက်ပိုလုပ်ဖြစ်တယ်။  Skin Care ပိုင်းတွေ ပိုလုပ်ဖြစ် တယ်။ အဓိကကတော့ မိန်းကလေး တစ်ယောက် အတွက် အလှအပက ၆ဝ ရာခိုင်နှုန်းလောက် အရေးကြီးတယ်လို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် လှနေတဲ့ အခါကျတော့ သွားရ လာရမှာကိုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်လေ။ ကိုယ့်ကိုယ်ကိုယ် မလှဘူးလို့ သူများတွေ ဝေဖန်မှုထက် ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာမလှဘူးလို့ ထင်တဲ့အခါ ကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိတော့ဘူး။ လူကြား သူကြား သွားရမှာကလည်း ရှိုးတိုးရှန့်တန့် ဖြစ်ရတယ်”လို့ အလှ အပရဲ့ အရေးကြီးပုံကို ပြောပြပါတယ်။ အလှအပကို ထိန်း သိမ်းတတ်တဲ့ ဂန္ထဝင်တစ်ယောက် ဒီနှစ်အတွင်းမှာ ခန္ဓာကိုယ်ပေါင်ချိန် မြင့်တက် လာတာကြောင့် ဝိတ်ချနေတယ် ဆိုတဲ့ ဂန္ထဝင်က…

“ဝိတ်ချတာက အဓိကက ညစာ မစားဘူး။ အဆီ၊ အဆိမ့်မစားဘူး။ ကျန်းမာရေးဆရာ ဝန်တွေကို မေးပြီး ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း လုပ်တယ်။ နောက်ပြီး လေ့ကျင့်ခန်းလုပ် တယ်။ တစ်နေ့ကို တစ်နာရီ၊ တစ်နာရီခွဲ လောက် လမ်းလျှောက်တယ်။ နောက် တစ်နာရီ ကိုတော့ ကျန်တဲ့ လေ့ကျင့်ခန်း ကစားနည်းတွေ လုပ်ပါတယ်။ ဝတယ် ဆိုပေမယ့်လည်း တအား ကြီး ဝတယ်လို့လည်း မဟုတ်ပါဘူး။ အိက အနုပညာ စလုပ်ကတည်းက ပိန်ပိန်လေးလေ။ အခုက ၁၃ဝ လောက် ဝတက်လာတယ်။ အဲဒါအခု ပြန်ကျ သွားတယ်ပေါ့နော်။ ဒါပေမဲ့လည်း အခု နည်းနည်း ပြန်ပြည့်လာတယ်။ ၁၁၃၊ ၁၁၄ ပေါင် မှာ ပြေးနေတယ်။ ၁၁၅ ပေါင် တော့ ကျော် လို့မဖြစ်ဘူးဆိုပြီး အစားအသောက်၊ လေ့ကျင့် ခန်းတို့နဲ့ လျှော့နေပါတယ်”လို့ ပြောပါတယ်။ ဂန္ထဝင်က အနုပညာအလုပ်တွေ ၂နှစ်၊ ၃နှစ် လောက် မလုပ်ဘဲ နားထားခဲ့တာဖြစ်ပြီး အခုအချိန် မှာတော့ သူ့အတွက် နေရာ ရှိမယ့်၊ သူနဲ့ လက်တွဲဖြစ်တဲ့ အနုပညာ ရှင်တွေနဲ့ ဆိုရင်တော့ ရိုက်ကူးမှုများ ပြန်လည် လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here