ပဲရစ်မှာ ကျင်းပခဲ့တဲ့ Alexandre Vauthier ရှိုးပွဲမှာ အတွင်းခံမပါဘဲ လျှောက်လမ်းခဲ့တဲ့ BELLA HADID

0
254

bella-hadid

အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Paris Haute Couture Fashion Week ရဲ့ Alexandre vauthier ရှိုးပွဲမှာ Bella Hadid ဝတ်ဆင်ခဲ့တဲ့ ဒီဇိုင်းက လူကြိုက်များခဲ့ပါတယ်။ အသက် ၂ဝ အရွယ်သာ ရှိသေးတဲ့ နာမည်ကြီး စူပါမော်ဒယ်ဟာ လျှောက်လမ်းမှာ အတွင်းခံမပါဘဲ အပေါ်ပိုင်းကို ဇာအမည်းပဲ ဝတ်ဆင်ခဲ့ပါတယ်။ အောက်ပိုင်းကို တော့ စကပ်ဆိုဒ်အကြီးဝတ်ဆင်ခဲ့ပြီး သားရေခါးပတ် ၊ ပန်း ရောင် ဒေါက်မြင့် ဖိနပ်နဲ့ ဦးထုပ်တို့ကို ဝတ်ဆင်ခဲ့တယ်။ သူမရဲ့ ဓာတ်ပုံနဲ့အတူ သူမ ဘယ်လောက် စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းကို ဆိုရှယ်မီဒီယာမှာ အခုလို…”ဒီညမှာ ရှိနေရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အရမ်းကို လှပပြီး ကြီးမားတဲ့ ရှိုးပွဲတစ်ခုပါ။ ဒီဇိုင်နာနဲ့ သူငယ်ချင်းတွေကြောင့် ပျော်ရွင်ခဲ့ရ ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ အပတ်ကလည်း သူမဟာ ဘောင်းဘီပဲ ဝတ်ထားပြီး ရင်ပတ်ကို လက်နဲ့ အုပ်ထားတဲ့ ပုံကို ပရိသတ်တွေကို ဝေမျှခဲ့တယ်။ သူမဟာ ဥရောပမှာ ရှိုးပွဲတွေအတွက် ရက် အတော်ကြာ ရောက်နေခဲ့ပြီး ကင်ဆာရောဂါ ခံစားနေရတဲ့ သူမရဲ့ အဘွားကို အချိန်ပေးပြီး သွားကြည့်ခဲ့ပါတယ်။ InStyle Magazine ကို သူမရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး …

“ကျွန်မအလုပ်ကို ကျွန်မ မချစ်ဘူးလို့ မပြောပါဘူး။ မော်ဒယ်အလုပ်က နာမည်ကြီးဖို့ လုပ် တယ်လို့ပဲ လူတွေက ထင်နေကြတာပါ။ ကျွန်မ ၁၈ နှစ်ကတည်း လွတ်လွတ်လပ်လပ်နေခဲ့တယ်။ ကိုယ် တိုက်ခန်း ကိုယ်ငှားနေတယ်။ မိဘတွေကြောင့် မဟုတ်ပါဘူး။ ဒီ ၂ နှစ်အတွင်း အလုပ်ကို ကြိုး စားပြီး လုပ်ခဲ့တာပါ။ လူတွေက တစ်ခါမှ မတွေ့ ဖူး မမြင်ဖူးတဲ့ လူနဲ့ ကြိုက်နေပြီလို့ထင်တာတွေ၊ ပြောင်းလဲလို့မရတဲ့ ကျွန်မအကြိုက်ကို ပြင်ဖို့ အကြံပေးနေကြတဲ့ လူတွေအတွက် အခုလို စဉ်းစားကြည့်ပါ။ သင့်ကို အမြဲ စောင့်ကြည့်ပြီး တစ်ချိန်လုံး ဆိုရှယ်မီဒီယာကနေ ပြောနေရင် သင်ဘယ်လို ခံစားရမလဲဆိုတာ။ ဒါဆို ကျွန်မကို နားလည်လာပါလိမ့်မယ်”လို့ အခု လို ပြောပြခဲ့ပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here