Miss Myanmar International 2015 အလှမယ် အမရာငြိမ်း သရုပ်ဆောင်လောကထဲ ဝင်ရောက်လာတော့မလား

0
153

Amarအလှမယ် အမရာငြိမ်းက MRTV 4 ရုပ်သံလိုင်းက ရိုက်ကူးမယ့် ဇာတ်လမ်း အတွက် MRTV 4 မှာ သရုပ်ဆောင် သင်တန်း တက်ရောက်နေပါတယ်။ ဒီသင်တန်းကို သုံးလ တက်ရောက်ရမှာ ဖြစ်ပြီး ဇာတ်လမ်းတွေ ကိုတော့ ဒီနှစ် မကုန်ခင်မှာ စတင်ရိုက် ကူးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီသရုပ်ဆောင် သင်တန်းနဲ့ ပတ် သက်ပြီး အမရာငြိမ်းက …”တက်နေတာကတော့ ၁ လခွဲ၊ ၂ လလောက် ရှိပါပြီ။ အမရာက သရုပ်ဆောင် သင်တန်းကို တစ်ခါမှ မတက်ဖူးပါဘူး။ အတွေ့အကြုံ လည်း မရှိဘူးပေါ့နော်။ MTV  တွေ TV ကြော်ငြာတွေ ရိုက် နေပေမယ့် ကင်မရာကို စိမ်းနေသေးတယ် လို့ ပြောလို့ရပါ တယ်။ အဲဒီအခါကျတော့ ကိုယ့်အတွက် ကတော့ အကုန် လုံးက အသစ်ပဲ။ အတွေ့အကြုံတော့အများကြီး ရပါတယ်” လို့ ပြောပြပါတယ်။

အနုပညာ လောကထဲကို စတင် ဝင်ရောက်လာခဲ့ပြီ ဖြစ်တဲ့ အတွက် အခက်အခဲများ ရှိလာပါကလည်း အဆုံးထိ လျှောက်လှမ်း သွား မှာ ဖြစ်ကြောင်းကို အမရာငြိမ်းက

“ညီမက ဘယ်အလုပ်မဆို အကောင်းဆုံး လုပ်ချင်ပါတယ်။ ကိုယ့်ဘက်က လုပ်နိုင်၊ မလုပ်နိုင် ဆုံးဖြတ်ချက် မခိုင်လုံဘဲနဲ့ လမ်း တစ်ခုကို ရွေးလေ့မရှိဘူး။ သေချာ ဒီ အလုပ်ကိုပဲ လုပ်တော့မယ်။ ဒီအလုပ် ကိုပဲ Career အနေနဲ့ သွားမယ်။ အစကတော့ MBA  ကိုပဲပြီး အောင် တက်ရောက်ပြီး စီးပွားရေးပဲ လုပ်မလား ပေါ့နော်။ ဒီ Crown  ရသွားတဲ့ ၁ နှစ် ပြီးသွားတဲ့ အချိန်မှာ ဖြစ်နေတာပေါ့ နော်။ ညီမဒီအလုပ်ကို တကယ် ဝါသနာ ပါတယ်။ လုပ်ချင်တယ်။ ရွေးချယ်ပြီးပြီ ဖြစ်တဲ့အတွက် ဒီအလုပ်ကို အကောင်း ဆုံး လုပ်ဆောင်ချင်တယ်။ အခက်အခဲ တွေလည်း ရှိလာမှာပါ။ ဒါပေမဲ့ ညီမက ဘယ်အ လုပ်ကိုမဆို အဆုံးထိ လုပ်ကြည့် တယ်။ လမ်းတစ်ဝက် မှာတော့ ပြန်လှည့် ပြီး ပြေးသွားချင်စိတ် မရှိဘူး။ ဒါကြောင့် အဆုံးထိလျှောက်ပါ့မယ်”လို့ ပြောပြခဲ့ပါ တယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here