ပန်းအလှဆင်ရတာတို့ စက်ချုပ်ရတာတို့တော့ ဝါသနာပါတယ် ခင်လေးနွယ်

0
242

khin

ခင်လေးနွယ်က သူငယ်ချင်းဖြစ်သူ သက်မွန်မြင့် နဲ့အတူ ဒီဇိုင်နာမပုံ့(My Fovourite) ဆီမှာ ဒီဇိုင်နာသင်တန်း တက် နေပါတယ်။ နှစ်ဦးစလုံး ဒီဇိုင်နာပညာကို ကြိုးစားသင် ယူနေတာတွေ့ရပြီး ဝါသနာပါတဲ့အတွက် သင်တန်းတက် ဖြစ်တာဖြစ်ကြောင်း ခင်လေးနွယ်က
ပြောပါတယ်။

“ပုံ့ သင်တယ်ဆိုတော့ သင်တန်းတက်ချင်လို့ပါ။ သူက သင်တန်းအခုမှ စဖွင့်တာလေ။ အဓိကတော့ ကိုယ်ဝတ်တဲ့ အင်္ကျီလေးချုပ်ချင်တာကြောင့်ပါ။ သင် တန်းက ၂လခွဲတက်ရမှာပါ။ ဒီဇိုင်နာ ပညာကတော့ တအားခက်တယ်။ မလွယ်ဘူး။ ဒီဇိုင်နာဖြစ်ရင်တော့လည်း ကောင်းတာပေါ့။ ကြိုးစားနေပါတယ်” လို့ သင်တန်းတက်ဖြစ်ပုံ အကြောင်းကို ပြောပါတယ်။

ခင်လေးနွယ်က အခြေခံပန်းထိုးနည်းနဲ့ ပန်းစည်းနည်း သင်တန်းပညာကို လည်း တတ်ထားသူဖြစ်ပြီး ဒီပညာတွေက တတ်ထားသင့်တဲ့ ပညာပါလို့ ဆိုပါတယ်။ “ဒါတွေက လက်မှုပညာပေါ့။ ဘယ်နေရာပဲရောက် ရောက် ဒါတွေက ကိုယ်နဲ့အတူ ပါသွားမယ့် ပညာပေါ့။ ပန်းဆိုရင်လည်း ဆိုင်မဖွင့်နိုင်ရင်တောင် အိမ်ကနေလုပ်နေ လို့ရတယ်လေ။ ပန်းအလှဆင်ရတာတို့ စက်ချုပ်ရတာ တို့တော့ ဝါသနာပါတယ်”လို့ပြောပါတယ်။
ခင်လေးနွယ်က လတ်တလောမှာ ခန္ဓာကိုယ်အဆီကျလှပ ဖို့အတွက် gymမှာ လက်ဝှေ့ထိုး လေ့ကျင့် ခန်းလည်း ပြုလုပ်လျက် ရှိပါတယ်။ gym ကိုပုံမှန်သွားပြီး အားကစားလုပ်ဖြစ်တယ်လို့ ဆိုတဲ့ ခင်လေးနွယ်က”Balance မှာ လေ့ကျင့်ခန်းလုပ်တာပါ။ အဲဒါ က တကယ်တမ်းယောက်ျားလေးတွေ ထိုးသလိုမျိုး ထိုးတာမဟုတ်ပါဘူး။ မိန်းကလေးတွေ တော်တော် များများ ထိုးကြတယ်။ အဆီတွေ တစ်ကိုယ်လုံး ကျ တယ်။ သင်တန်းမှာလည်း မိန်းကလေးတွေများတော့ ယောက်ျားလေးတွေလို မဟုတ်ဘဲ တကယ်ကို အဆီကျ အောင် သင်ပေးတာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here