Rose Rider ရုပ်ရှင်ဇာတ်ကားကို နှင်းဆီ အဖွဲ့သားများမှ ထုတ်လုပ်ရိုက်ကူးမှာ ဖြစ်ကြောင်း ပြောတဲ့ နေတိုး

0
223

NAY-TOနှင်းဆီအဖွဲ့သား များဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်သရုပ် ဆောင်မယ့် Rose Rider ရုပ်ရှင် ဇာတ်ကားကို သြဂုတ်လထဲမှာ ရိုက် ကူးသွားမှာဖြစ်ကြောင်း သရုပ် ဆောင်နေတိုးက ပြောပါတယ်။ ဒီဇာတ်ကား အတွက် သရုပ်ဆောင် မင်းသမီးအသစ် တစ်ဦးကို ရွေးချယ် သွားမှာဖြစ်ပါတယ်။  လာရောက် လျှောက်ထားသူထဲက ၅ယောက် ရွေးချယ် ထားပြီးဖြစ်ပြီး သူတို့ကို ဇာတ်ကား အတွက် လိုအပ်တဲ့ သင်တန်းတွေ တက်ခိုင်းထားသလို၊ အားကစား လေ့ကျင့်ခန်းတွေ လည်း လုပ်ခိုင်းထားပြီး ၅ ယောက်ထဲက တစ်ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။  ဇူလိုင်လထဲမှာပဲ စာနယ် ဇင်း မီဒီယာတွေ၊ ပရိသတ်တွေနဲ့ မိတ်ဆက် ပေး သွား မှာဖြစ်ကြောင်း သိရပါတယ်။

ဒီဇာတ်ကားကို နှင်းဆီ အဖွဲ့သားတွေက ငွေကြေးစိုက်ထုတ် ကာ ထုတ်လုပ်ရိုက်ကူး သွားမှာဖြစ်ကြောင်းကို နေတိုးက…

“ဒီဇာတ်ကား က ပြင်ဆင်မှုတွေ အများကြီးပဲ။ production ဒီဇိုင်းတွေ ကအစ ခက်ခဲတဲ့ ဇာတ်လမ်းပုံစံ မျိုး။ တင်ပြမှုတွေက မီဒီယာတွေ ကို ပြောလို့ရတဲ့ အချိန်အခါတစ်ခု သတ်မှတ် ထားတာရှိတယ်။ အဲဒီ အချိန်အခါ မဟုတ် သရွေ့ ကျွန်တော်တို့ ပြောခွင့် မရှိဘူး။ ဒီဇာတ်ကား ကို မီဒီယာကို ချပြတဲ့ အချိန်လိုအပ်တဲ့ ဓာတ်ပုံ ရှုတင်ပုံတွေ ကအစ မိမိဖေ့စ်ဘုတ် စာမျက်နှာတွေမှာ တင်သွားခွင့် မရှိဘူး။ ဒီဇာတ်ကား ထုတ်လုပ်မှုပုံစံက နိုင်ငံ တကာ ထုတ်လုပ်မှု ပုံစံမျိုးဖြစ်အောင် အစစအရာအရာ နိုင်ငံတကာ မှာလုပ်တဲ့ ပုံစံနည်း စနစ်အတိုင်း သွားထားတယ်။ အဝတ်အစားပိုင်းက အစပါဝင်တဲ့ ပစ္စည်းတွေ အကုန်လုံးက ထုတ်လုပ်ရေးက ဝယ်ပြီးသုံးတယ်။ ဝယ်လို့ရတဲ့အရာတွေပေါ့။ ဆိုက်ကယ်တွေဝ ယ်တာကိုလည်း ထုတ်လုပ်ရေး cost  ကနေ အသုံးပြု တယ်။ ရင်းနှီးမြှုပ်နှံမှု တစ်ခုပေါ့။ ဖျက်ဆီး လိုက်ရမှာတွေလည်း ပါတယ်။ နောက်တစ်ခုက ဒီဇာတ်ကားက နှင်းဆီအဖွဲ့သားတွေ စုပေါင်းပြီး တည် ဆောက်ရမယ့် ဇာတ်ကားဖြစ် နေတဲ့အခါကျတော့ ဒီဇာတ်ကား အကျိုးအမြတ်ကို ထည့်တွက်ထားတာ မျိုးမရှိပါဘူး။ ဇာတ်ကားတစ်ကားကို ရိုက်ကူးတဲ့ အချိန်မှာတော့ ကွာလတီ ပိုင်းအရရော၊ သရုပ်ဆောင်မှု အပိုင်းရရော၊ မြန်မာကြိုက် format  ထဲကို လည်း ဝင်အောင်၊ ကွာလတီပိုင်း မှာကျတော့ နိုင်ငံတကာမှာရှိတဲ့ ကွာလတီထဲ ကိုဝင်အောင် လုပ်ဖို့ရည်ရွယ် ထားခဲ့တယ်။ မရိုက်ကူးခင် pre production လုပ်ကတည်းက ကြိုးစားဖို့ လိုတယ်။ ဇာတ်ကားရိုက် ကူးပြီးမှ ကျွန် တော်တို့ ဒီလို လုပ်ထားပါတယ်လို့ ပြောတာထက် စာရင် မလုပ်ခင် ဒီရုပ်ရှင်တစ်ကားကို သူများနိုင်ငံမှာ ဘယ်လို တည်ဆောက် ကြသလဲဆိုတဲ့ ပုံစံမျိုးလေ့လာပြီးမှ ဒီဇာတ် ကားကို တည်ထားတာ ဖြစ်ပါတယ်” လို့ပြောပါတယ်။ နေတိုးက ဒီဇာတ်ကားရိုက်ကူးဖို့ အတွက် ရင်ခုန်မှုလည်းရှိနေပြီး ပရိသတ် တွေ စိတ်ဝင်စားခြင်းခံရ တဲ့ဇာတ်ကားတစ် ကားဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here