ချစ်သူမင်းသားနဲ့ ၂နှစ်ကြာ Relationship အကြောင်း ပြော ပြတဲ့ နေခြည်ဦး

0
247

naychi

အွန်လိုင်းစာမျက်နှာထက်မှာ အချိန်တိုလေး အတွင်းနဲ့ ပရိသတ်တွေကြား အောင်မြင်မှုတစ်ခုရရှိ လာတဲ့ သူကတော့ Beauty Blogger နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ Blogger ကို ငယ်ငယ်ကလေး ကတည်းက စိတ်ဝင်စားခဲ့သူ တစ်ဦး လည်းဖြစ်ပြီး မြန်မာ နိုင်ငံမှာ Blogger တစ်ယောက် အဖြစ် ရပ်တည်ဖို့ အတွက် ၂လ ၃လ လောက် အချိန်ယူပြီး ဆုံးဖြတ်ခဲ့ တာ ဖြစ်ကြောင်း လည်း သိရပါတယ်။ Beauty Blogger နေခြည်ဦးက နာမည်ကြီး မင်းသား တစ်ယောက် နဲ့ ချစ်သူဖြစ်နေတယ် လို့ သိရပါတယ်။ အချစ်နဲ့ ပတ်သက်ရင် အရမ်း Sensitive ဖြစ်တယ် ဆိုတဲ့နေခြည်ဦး က ချစ်သူ မင်းသားကိုတော့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး Supporting ပြုလုပ်ပေး ကြောင်း ဆိုပါတယ်။

” နေခြည် Blogger မလုပ်ခင် ကတည်းက နေခြည် တို့က ချစ်ကြိုက်လာခဲ့တာ။ အဲဒီအတွက် နေခြည် အနေနဲ့က ကိုယ်စိတ်ဝင်စားတဲ့ ဖက်ရှင်ပိုင်းကိုတော့ နေခြည် သူ့ကို Supporting လုပ်ပေးတာတော့ရှိတယ်။ သူဝတ်ပုံစား ပုံတွေ နေခြည်တို့ တိုင်တိုင်ပင်ပင် ရှိတယ်။ ဒီလောက် ပါပဲ။ သရုပ်ဆောင်ပိုင်းကျတော့ ကိုယ်ကျွမ်းကျင်တာ မဟုတ်တဲ့ အတွက် သူ့ကို Supporting မလုပ်ပေးဖြစ် ဘူး” လို့ ပြော ပါတယ်။

ချစ်သူသက်တမ်း ၂ နှစ် ရှိလာပြီ ဖြစ်တဲ့ နေခြည်ဦး ကတော့ အိမ်ထောင်ပြုဖို့တော့ အဝေးကြီး လို သေးကြောင်း၊ အနုပညာရှင် တစ်ယောက် ကို ချစ်ကြိုက် ထားတဲ့ အတွက် Risk အရမ်း များကြောင်း ပြောပါတယ်။

” နေခြည်တို့ အိမ်ထောင်ပြုဖို့က အရမ်းငယ်ပါ သေးတယ်။ အသက် အရွယ် အပိုင်းအခြားထက် နေခြည် အတွေ့အကြုံပေါ့။ အခုမှ ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်ပြီး စလာတဲ့အတွက် အိမ်ထောင်ပြုဖို့က နေခြည် အတွက် အရမ်းစောလွန်းတယ်။ အနုပညာရှင် တစ်ယောက် ကို ချစ်ကြိုက်ထားတဲ့ အတွက် နေခြည့်မှာ Risk အရမ်း များတယ်။ မိန်းကလေး ပရိသတ်တွေ တကယ်ဆို မနာလို ခြင်း တွေ ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အရမ်းနာမည်ကြီးတဲ့ သူတစ်ယောက်၊။ ဒီအချိန်မှာ နေခြည်ကို သူ့ပရိသတ်တွေ ထဲမှာရော၊ နေခြည့် ပရိသတ် တွေ ထဲမှာရော တကယ့် လိုလိုလားလား နဲ့ နေခြည် တို့နှစ်ယောက် ကြိုက်တာကို လည်း ထောက်ခံတယ်။ တကယ် အတိုင်းမသိ ဝမ်းသာပါတယ်။ တကယ့် မထင်မှတ်တဲ့ အောင်မြင်မှု တစ်ခုပါပဲ” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here