ဦးဗဆွေ (ဝန်ကြီးချုပ်ဟောင်း) ကိုယ်တိုင်ရေး ကိုယ်ရေးမှတ်တမ်း စာအုပ်ထွက်ရှိ

0
321

baswe

 

ထားဝယ်ခရိုင် ကျောင်းသား ခေါင်းဆောင်၊ တကသ ဥက္ကဋ္ဌ၊ ဗကသ အတွင်းရေးမှူး၊ တို့ဗမာ အစည်းအရုံးဝင် သခင်၊ ဖဆပလ ခေါင်းဆောင်တစ်ဦး၊ ဖဆပလ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံ တော် ဝန်ကြီးချုပ်၊ တည်မြဲ ဖဆပလ ဥက္ကဋ္ဌစသည်ဖြင့်အသီးသီး တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၁၉၈၇ ဒီဇင်ဘာ လ(၆) ရက်နေ့တွင် ရန်ကုန် မြို့၌ ကွယ်လွန်ခဲ့သည့် ဦးဗဆွေ (ဝန်ကြီး ချုပ်ဟောင်း)၏ ကိုယ်တိုင်ရေး ကိုယ်ရေးမှတ်တမ်း စာအုပ်ကို ဇူလိုင် ၇ရက်နေ့က ထုတ်ဝေဖြန့်ချိ  လိုက်ပြီ ဖြစ်ပါသည်။
ကျေးဇူးရှင်  ဖခင်ကြီး အမြဲ ဆိုဆုံးမခဲ့ပါသော ‘ငါ’ တစ်ဦး ဖြစ်တည်ရခြင်းသည် ‘သူ’ အများသို့ အကျိုးပြုနိုင်စေခြင်းအတွက် ကြိုးစား နေထိုင်နိုင်ရမည် ဟူသော လမ်း ကြောင်းပေါ်သို့ ကြိုးစား လျှောက် လှမ်းရင်း” ဟူ၍ သားဖြစ်သူ နေစည် ဗဆွေက ဆိုထားပြီး” ကျေးဇူးရှင် ဖခင်ကြီးရှိစဉ် ကပင် ဤစာအုပ်ရေး သားဖြစ် မြောက်ရေးအတွက် အနီးကပ်ပါရမီဖြည့် ကူညီဆောင် ရွက်ပေးခဲ့ပါသော အစ်ကိုဖြစ်သူ ဦးနေညွန့်ဗဆွေ (အငြိမ်း စားတွဲဖက် ပါမောက္ခ- သမိုင်း) အားလည်း အထူးကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်”ဟုလည်း စာအုပ်ထုတ်ဝေခြင်း မှတ်တမ်းတင်  စကားဆိုထားပါသည်။
ဦးဗဆွေ (ဝန်ကြီးချုပ်ဟောင်း) ၏ ကိုယ်တိုင်ရေးကိုယ်ရေးမှတ်တမ်း စာအုပ်မှ မြန်မာနိုင်ငံရေး သမိုင်း ဖြစ်စဉ်များ အကြောင်း၊ တို့ဗမာ အစည်းရုံး၊ ဖဆပလအဖွဲ့ချုပ် နှင့် ဖဆပလ အစိုးရလက်ထက် နိုင်ငံရေး အခင်းအကျင်းများ အပါအဝင် မြန်မာ့လွတ်လပ်ရေး နောက်ခံသမိုင်း အပြင် ဖဆပလအစိုးရ ခေတ်ကာလ အစပြု၍ စာရေးသူကိုယ်တိုင် အသက်ရှင်နေထိုင်စဉ်ကာလ အတွင်းကိုယ်ရေး
မှတ်တမ်းမှမြန်မာနိုင်ငံရေးဖြစ်စဉ်မှတ်တမ်းအကြောင်း များကိုမျိုးဆက်သစ်များ၊ လူငယ်များ အနေဖြင့် မြန်မာ့နိုင်ငံ ရေး သမိုင်း မှတ်တမ်းအသိ၊ ဗဟုသု တများ၊ နိုင်ငံရေး အသိ နိုင်ငံရေး အမြင်များ ကျယ် ပြန့်စွာ သိရှိလာစေမည် ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here