မန္တလေးနည်းပညာတက္ကသိုလ်တွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် သိပံ္ပ၊သုတေသနနှင့် အင်ဂျင်နီယာနည်းပညာပြပွဲ ကျင်းပ

0
302

မန္တလေး နည်းပညာတက္ကသိုလ် (၁ဝ) ကြိမ်မြောက် အမျိုးသားအဆင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာစာတမ်း ဖတ်ပွဲနှင့် ပထမအကြိမ် သိပံ္ပ၊ သုတေသနနှင့် အင်ဂျင်နီယာနည်း ပညာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် လ ၂၉ ရက် နံနက် ၉နာရီ က မန္တလေး၊ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေး နည်းပညာတက္ကသိုလ် ပင်မဆောင်ရှေ့ ၌ ကျင်းပခဲ့သည်။”ဒီပွဲ ကျင်းပရတာက သိပ္ပံနဲ့ အင်ဂျင်နီယာနည်းပညာ ဆိုင်ရာ သုတေသန လုပ်ငန်းများတွင် ကုန်ထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့၊ ဒေသနှင့် ကိုက်ညီ သောသိပ္ပံနှင့်အင်ဂျင်နီယာ နည်း ပညာဆိုင်ရာ အသိပညာများ နည်းပညာများကို သုတေသနမှ တစ်ဆင့်ဖော်ထုတ်နိုင်ဖို့နဲ့ အနာဂတ် သိပ္ပံနှင့် အင်ဂျင်နီယာ နည်းပညာ ဆိုင်ရာ စိန်ခေါ်မှုအား အခွင့်အလမ်း အဖြစ် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက ပြောကြားပါတယ်။

 
အဆိုပါပွဲ စာတမ်းဖတ်ပွဲ တွင် စာတမ်းပေါင်း ၁၈၉ စောင်ဖတ်ကြား ပြီး သိပံ္ပ၊ သုတေသနနှင့် အင်ဂျင်နီ ယာနည်းပညာပြပွဲတွင် တက္ကသိုလ် အင်ဂျင်နီယာနှင့် ဗိသုကာဌာန အသီးသီးမှ ဆောင်ရွက်ထားသော ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု သုတေသနလုပ်ငန်းများ၊ ဆောင်ရွက် ချက်များ၊ တက္ကသိုလ်မိတ်ဖက် ကုမ္ပဏီများက ပြသထားသောခေတ်မီ သိပ္ပံနှင့် အင်ဂျင်နီယာဆိုင်ရာ စက်ပစ္စည်းကိရိယာများ ပြသသည့် အခန်းများ၊ သိပ္ပံနှင့် အင်ဂျင်နီယာ ဆိုင်ရာ မှီငြမ်းစာအုပ်စာတမ်းများ ခင်းကျင်းပြခြင်းနှင့် ပြည်ပတက္ကသိုလ် မိတ်ဆက်အစီအစဉ်များ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အတွေ့ အကြုံ ဖလှယ်သည့် အစီအစဉ်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဈေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ပါဝင်ကြောင်း သိရှိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here