မိန်းမလျာပုံစံနဲ့ ရုပ်ရှင်ရိုက်ကူးဦးမယ့် ညီထွဋ်ခေါင်

0
243

nyihtut

သရုပ်ဆောင် ညီထွဋ်ခေါင် ကတော့ အနုပညာလောကမှာ ပရိသတ် လက်ခံအား ပေးမှု ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ဇာတ် ပို့ သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ အနု ပညာလောကကို ဝင်ရောက်ခဲ့ပြီး အခု လက် ရှိမှာတော့ ခေါင်းဆောင် မင်းသား အနေနဲ့ လည်းဇာတ်ကားများရိုက်ကူးနေပြီဖြစ်ပါ တယ်။ မြန်မာနိုင်ငံအမျိုးသမီးများနေ့အ ထိမ်းအမှတ် ကျင်းပတဲ့ပွဲမှာ မိန်းမလျာ တစ် ယောက်အဖြစ် ဟာသပြဇာတ်မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ မိန်းမလျာ ဇာတ်ရုပ် သရုပ်ဆောင်ရတာနဲ့ ပတ်သက် ပြီး…

 

” အရင်ကလည်း မိန်းမလျာလို ဝတ် စား ဆင်ယင်ပြီး ဇာတ်ကားတွေ ရိုက်ကူးခဲ့ ဖူးတော့ အခက်အခဲတော့ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ကိုယ့်ရဲ့ မိန်းမလျာ ဇာတ်ရုပ်ကို ပြန်ကြည့် ရတဲ့အခါမှာလည်း ကျေနပ်ပါ တယ်။ မိန်းမလျာ ကာရိုက်တာနဲ့ နောက် ထပ် ဗီဒီယိုတော့ ရိုက်ဖို့ မရှိတော့ပါဘူး။ ခဏ ရပ်ထားပါတယ်။ ပရိသတ်က ဒီကာ ရိုက်တာနဲ့ မြင်ပြီး ကြည့်ကောင်း တယ်လို့ ပြောတဲ့အပေါ် အခွင့်အရေး ယူပြီး ခဏ ခဏ လုပ်တယ်လို့ မြင်မှာလည်း စိုးတယ်။ ရုပ်ရှင် ဇာတ်ကားကတော့ မိန်းမလျာ ကာရိုက်တာနဲ့ ရိုက်ကူးဖို့စီစဉ်ထားတာ ရှိပါ တယ်” လို့ ပြောခဲ့ပါတယ်။

အခုလတ်တလောမှာ ဒါရိုက်တာ ဒဿကျော်စွာ ရိုက်ကူးတဲ့ ‘သုသာန်စောင့် မဖဲဝါ’ ရုပ်ရှင် ဇာတ်ကားမှာ အေးမြတ်သူနဲ့ အတူ ဆည်မြောင်းအရာရှိ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရ ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here