Halloween Day မှာ လက်ထပ်တော့မယ့် Song Joong Ki Song Hye Kyo

0
177

ss

မင်းသား Song Joong Ki နဲ့ မင်းသမီး Song Hye Kyo တို့ နှစ်ယောက်က လက်ထပ်မယ့် ရက်ကို ကြေညာ လိုက်ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့လို့ သတ် မှတ်ထားပြီး သူတို့နှစ်ဦးလုံးရဲ့ ကုမ္ပဏီတွေက တာဝန်ရှိ သူများက အတည်ပြုပေးခဲ့ကြပါတယ်။
“လက်ထပ်တယ်ဆိုတာ ထင်သလောက် မလွယ် ကူပါဘူး။ နှစ်ဘက်က မိသားစုဝင်တွေနဲ့ပါ ပတ်သက် ရမှာမို့ အကုန်လုံးကို ဂရုစိုက်ဖို့လိုပါတယ်။ ပရိသတ် အားလုံးက နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ဘဝလမ်းခရီး ဖြောင့်ဖြူး သာယာဖို့အတွက် ဆုတောင်းပေးဖို့လည်း မျှော် လင့်ပါတယ်” လို့ တာဝန်ရှိသူတွေ ထပ်မံပြော ကြားခဲ့တယ်။

des

“သူတို့ဟာ Descendants of the Suns ဇာတ်လမ်းတွဲ မထုတ်လွှင့်ခင် ကတည်းကချစ်ကြိုက်နေကြတာပါ။ ဇာတ် လမ်းတွဲကို ၂ဝ၁၅ က ရိုက်ကူးခဲ့ပြီး ၂ဝ၁၆ မှာ ပြသခဲ့တာပါ။ သူတို့ နှစ်ဦး သူတို့ရဲ့ ဆက်ဆံရေးကို တခြားမီဒီယာတွေကနေ ပရိ သတ်တွေကို အသိမပေး ချင်ကြပါဘူး။ သူတို့ကိုယ် တိုင် ပရိသတ်တွေကို တရား ဝင် ကြေညာချင်ကြ တာပါ။ နှစ်ဖက် မိဘတွေကတော့ တွေ့ပြီးကြပါပြီ။ နှစ်ဦးစလုံး ကလည်း တစ်ယောက်ကို တစ်ယောက် အရမ်းကို ဂရု စိုက်ကြပါတယ်”လို့ တာဝန် ရှိသူတွေက ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here