ရည်းစားမရှိတာ အားငယ်စရာ မလိုပါဘူး ဆုမြတ်နိုးဦး

0
273

Su-Myat-Noe-Oo-11သရုပ်ဆောင် ဆုမြတ်နိုးဦးက အခု လတ်တလောမှာတော့ “နေမဝင် နှလုံးသားများ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ မင်းမော်ကွန်း၊ ညီထွဋ်ခေါင် ၊ အေးမြတ်သူ တို့နဲ့အတူ ပါဝင် ရိုက်ကူးနေပါတယ်။ ရည်းစားမရှိတာ အားငယ်စရာ မလိုပါဘူး ဆိုတဲ့ ဆုမြတ်နိုးဦးက သူကိုယ်တိုင် လည်း Single ဘဝက ပိုကောင်းတယ်လို့ ခံယူထားကြောင်းကိုတော့

“မြတ်နိုး Single ဖြစ်နေရတာက ဒီအနုပညာ အလုပ်ကို ဆက်လုပ်ချင်တယ်။ ပြီးတော့ ကိုယ့်ချစ်သူက ဒီအလုပ်ကို နားလည်နိုင် တယ် ဆိုပေမယ့် မြတ်နိုးအတွက် Single ဘဝက ပိုကောင်းပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း ကိုယ် Single ဖြစ်တဲ့အတွက် အထီး မကျန်ပါနဲ့။ အားငယ်စရာလည်း မလိုပါဘူး။ တစ်စုံ တစ်ယောက်ကို မှီခိုအားထားရမှ ကိုယ်ရပ်တည်ရမှာ မဟုတ်ဘူးလေ။ Single ဖြစ်ခြင်း ၊ မဖြစ်ခြင်းက အဓိက မကျပါဘူး။ တစ်ခါ တလေကျရင် တိုင်ပင်စရာ မှီခိုလို့ရမယ့် အရာ ရှိရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ရည်းစား မရှိလို့ မျက်နှာငယ်ရတယ် ဆိုတာ မဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရည်းစား မရှိလည်း ကိုယ်ဘာသာ ကိုယ်ရပ် တည်နိုင်တဲ့ မိန်းမ တစ်ယောက်ဖြစ်တဲ့ အတွက် ပိုပြီးတော့တောင် ဂုဏ်ယူရဦးမယ်” လို့ ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here