အရည်အချင်းရှိတဲ့ လူအတွက် နေရာတစ်နေရာ အမြဲရှိတယ် ယုန်လေး

0
269

Yone-Lay“Original Gangster 2” ရုပ် ရှင်ဇာတ်ကားကို ၇လပိုင်း ၇ရက်နေ့ ရုံတင်ပြသနိုင်ဖို့ အတွက် သက်ဆိုင်ရာထံ ခွင့်တောင်းတဲ့ ယုန်လေးနဲ့ မြင့်မြတ် တို့ရဲ့ ဗီဒီယို ဖိုင်ကြောင့်သက်ရောက်မှု တွေ အများကြီး ရှိခဲ့ပြီး  ၇လပိုင်း ၇ရက်နေ့ မှာ ရုံ တင်ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆို ဆင်ဆာက လည်း ကိုယ်ရိုက်တဲ့ ဇာတ်ကား ကိုယ်တာဝန်ယူ ဆိုတဲ့ ပုံစံမျိုးကို ပြန်ကြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ရုပ်ရှင်လောကဖွံ့ဖြိုး တိုးတက်ရေး အစည်း အဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ် ဆိုတော့ အဲဒီ အစည်းအဝေးကို တက်ရောက် ဖြစ်ခဲ့တဲ့ ယုန် လေးကို ဆင်ဆာနဲ့ပတ်သက်ပြီး မေးဖြစ် တော့ “ကျွန်တော် တို့ကတော့ ကျွန်တော် တို့ကိုယ် ကျွန်တော်တို့ တာဝန်ယူတယ်။ ဆင်ဆာမရှိဘူး ဆိုတာကလည်း ထားပါ တော့။ မပေါ့်တပေါ်ဖြစ်မှာတို့၊ အောက်စ လွတ်တာတို့၊ ရင်သားတွေဖော်ပြီး ရိုက် တာတို့အဲဒီလိုမျိုး အောက်လမ်းကနေ လူစိတ်ဝင်စားအောင် လုပ်မယ့်အထဲမှာ  ကျွန် တော်မပါဘူး။ ကျွန်တော် ဆိုရင်တော့ သန်ရာ သန်ရာ ပဲ။ အက်ရှင်တွေပါမယ်။ အဲဒီ Facilities တွေကို ပြည့်အောင်ဖြည့်ပြီး ရိုက်ကူးမယ်။ အဲဒီလို ဇာတ်ကား မျိုးတွေက ပါးစပ်က ပြောရင်လွယ်တယ်။ Facilities ဖြည့်ဖို့ခက်တယ်။ ပိုက်ဆံ အများကြီး ကုန်တယ်။ ဒါတွေ ကျွန်တော်တို့ လုပ်ချင်တယ်။ လုပ်လည်း လုပ်ရဲတယ်။ လုပ်ဖို့လည်း ဘတ်ဂျက်ရှိတယ်။ ဆင်ဆာမပေးဘူး ဆို တော့ ဘာမှလုပ်လို့ မရဘူး။ ဒါက ကျွန်တော့် အတွေးပေါ့။ တခြားလူတွေ ကတော့ ဘာလို့မရှိချင်လဲဆိုတာ သူတို့ အတွေးတွေကတော့ ဘယ်လိုရှိလဲ ကျွန်တော်လည်း မသိဘူး” လို့ ပြောပါတယ်။

ဒီဘက်နှစ် အပိုင်းအခြားမှာ ရုပ်ရှင်ဘက်ကိုပဲ လှည့်ဖြစ်နေတော့ သီချင်းဘက် လုပ်ဖြစ်၊ မလုပ်ဖြစ်ဆို တာနဲ့ ပတ်သက်ပြီးလည်း ယုန်လေးကိုမေးဖြစ်တဲ့ အခါ…

“ပရိသတ်က ယုန်လေးဆိုပြီး အသိအမှတ်ပြုတဲ့ အချိန်တုန်းက ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော် တို့ ပေါ့ခဲ့တယ်။ ကြိုးစားသင့်သလောက် မကြိုးစားခဲ့ ဘူး။ အဲဒီအတွက် နာမည်အကြီးကြီးလည်း မဟုတ်ဘူး။ အသေးလေးလည်း မဟုတ်ဘူး။ အလယ်နားမှာ အဲဒီလို ဖြစ်သွားတယ်။ ကျွန်တော်တို့ ညီတွေ တက်လာတော့ ကျွန်တော်တို့ ဖယ်ပေးရတယ်။ အရည်အချင်း ရှိတဲ့လူ အတွက်နေရာ တစ်နေရာ အမြဲတမ်း ရှိတယ်ဆိုတဲ့ စကားနဲ့ပဲ ကျွန်တော်ပြန် ကြိုးစားတယ်။ ရုပ်ရှင်ဘက်မှာ က အသင်းအဖွဲ့ နဲ့လုပ်ရတာဆိုတော့ အချိန်အများကြီး ပေးရတယ်။ မြူးဇစ်ဘက်ကို ကျွန်တော် ပြန်လာမှာပါ” လို့ ပြောပြခဲ့ပါတယ်။

 မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here