မင်းသိင်္ခရဲ့ ‘မိုးနဲ့မြေ’ ဝတ္ထုကို ဇာတ်ညွှန်း အဆင်သင့်ပြီးရင် ဒီနှစ်ထဲ ရိုက်ကူးဖြစ်မယ်လို့ လူမင်းပြော

0
326

lumin

မင်းသိင်္ခရဲ့ဝတ္ထုကို  ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ဝယ်ယူထားတဲ့ အကယ်ဒမီ လူမင်းနဲ့တွေ့ဆုံခိုက် ဘယ်တော့ရိုက်ကူးဖြစ်မလဲ၊ ဘာတွေပြင်ဆင်နေလဲဆိုတဲ့ မေးခွန်းတွေ မေးဖြစ်တဲ့အခါ…

မင်းသိင်္ခရဲ့ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ဝယ်ယူထားတဲ့ အကယ်ဒမီ လူမင်းနဲ့တွေ့ဆုံခိုက် ဘယ်တော့ရိုက်ကူးဖြစ်မလဲ၊ ဘာတွေပြင်ဆင်နေလဲဆိုတဲ့ မေးခွန်းတွေ မေးဖြစ်တဲ့အခါ…
“အဲဒါကတော့ ‘မိုးနဲ့မြေ’ ဆိုတဲ့ ဝတ္ထုလေးပါ။ ဒါပေမဲ့ အဲဒီဝတ္ထုက အရေးကြီးတဲ့ ဂရုစိုက်ရမယ့်အပိုင်း တွေပါတယ်။ ဆရာတော်တွေ၊ သံဃာတော်တွေ ပါတာဖြစ်တဲ့ အတွက် ဆရာတော်တွေဆီမှာ သေသေချာချာ လေ့လာစူးစမ်းမေး မြန်းပြီးတော့မှ ရိုက်ရမှာပေါ့။ ဇာတ်ညွှန်းက အချိန်တော်တော်ကြာ ယူပြီးတော့ ရေးဖို့လိုအပ်လို့ အချိန်ယူရပါဦးမယ်။ ဇာတ်ညွှန်းအဆင်သင့်ပြီးရင်တော့ ဒီနှစ်ထဲ မှာ ဖြစ်နိုင်ပါတယ်” လို့ လူမင်းကပြောပါတယ်။ လူမင်းက လတ်တလောမှာ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးတဲ့ ‘တစ်ခါက မြို့ပြများ’၊ ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးတဲ့ ‘ကြီးလေးကြီး’စတဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာ သရုပ်ဆောင်လို့ နေပါတယ်။
တတိယအကြိမ်မြောက်ကျင်းပမယ့် Myanmar Youth Micro Films 2017  ပြိုင်ပွဲအပေါ် ကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့ လူမင်းက…

“အနုပညာခံစားနိုင်တဲ့သူတိုင်း တီထွင်ဖန်တီးနိုင်တဲ့၊ Creation လုပ်နိုင်တဲ့ အချက် အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အနာဂတ် ရုပ်ရှင်လောကနဲ့ ကျွန်တော်တို့တိုင်းပြည် အတွက် ဖန်တီးနိုင်စွမ်းရှိတဲ့ လူငယ်တွေထွက်ပေါ်လာဖို့ ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ Myanmar Youth Micro Films ကျင်းပလာခဲ့တာ အခုဆိုရင် တတိယအကြိမ်ဖြစ်သွားပါပြီ။ တစ်ကြိမ်ထက်တစ်ကြိမ်လည်း ပြိုင်ပွဲဝင်တွေရဲ့ အနုပညာဖန်တီးနိုင်စွမ်းအားတွေ မြင့်တက် လာတာတွေ့ရသလို ကျွန်တော်တို့ဒီပွဲစီစဉ်သူတွေ၊ ဒိုင်လူကြီး တွေအနေနဲ့လည်း တစ်နှစ်ပြီး တစ်နှစ်အကြံကောင်း၊ Óဏ်ကောင်းတွေရခဲ့ပြီးတော့ တစ်နှစ်ထက်တစ်နှစ်ပိုပြီးကောင်း အောင် လုပ်နိုင်တာတွေ့ရတဲ့အတွက် ကျွန်တော်တို့ လောကသားတွေ အားလုံးအတွက် ဝမ်းသာစရာတွေဖြစ်ခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here